ေခါက္စမတ္ဖုန္းကို ၂၀၁၉ မွာ မိတ္ဆက္ဖို႔စီစဥ္ေနတဲ့ OPPO နဲ႔ Xiaomi

[ Zawgyi ]

ေခါက္စမတ္ဖုန္း ၿပိဳင္ပြဲက စတင္ေနပါၿပီ။ Samsung ဟာ ေကြးဆန္႔ႏိုင္တဲ့ display ပါဝင္တဲ့ ေခါက္စမတ္ဖုန္းကို မိတ္ဆက္ဖို႔ စီစဥ္ေနေၾကာင္း ေျပာၾကားခဲ့တဲ့ေနာက္ Huawei ကလည္း ေခါက္စမတ္ဖုန္းကို Samsung ထက္ အရင္မိတ္ဆက္ဖို႔ ႀကိဳးပမ္းေနပါတယ္။ အခုအခါမွာလည္း တ႐ုတ္စမတ္ဖုန္းကုမၸဏီႏွစ္ခုက ဒီၿပိဳင္ပြဲထဲကို ဝင္ေရာက္လာတယ္ဆိုတဲ့ သတင္းတစ္ရပ္ ထြက္ေပၚလာပါတယ္။

Xiaomi နဲ႔ OPPO ဟာ သူတို႔ရဲ႕ ေခါက္စမတ္ဖုန္းေတြအတြက္ display ထုတ္လုပ္သူေတြကို ရွာေဖြေနတယ္လို႔ ဆိုပါတယ္။ လက္ရိွမွာ ေရြးခ်ယ္စရာေတြက BOE, Visionox နဲ႔ LG Display တို႔ပဲရိွပါတယ္။

ဒါေပမဲ့ Xiaomi ဟာ ေခါက္စမတ္ဖုန္းၿပိဳင္ပြဲမွာ ဦးေဆာင္သူျဖစ္ဖို႔ ရည္မွန္းထားၿပီး ေကြးဆန္႔ႏိုင္တဲ့ထုတ္ကုန္ကို ပြဲထုတ္ မိတ္ဆက္ၿပီးတာနဲ႔ အလံုးအရင္းထုတ္လုပ္သြားဖို႔ စီစဥ္ေနပါတယ္။ ဒါ့အျပင္ တ႐ုတ္ေစ်းကြက္မွာ ေစ်းသက္သက္သာသာနဲ႔ ေရာင္းခ်သြားဖို႔ ပစ္မွတ္ထားေနပါတယ္။

Galaxy ေခါက္စမတ္ဖုန္းရဲ႕ ေစ်းႏႈန္းက ၁,၇၈၈ ေဒၚလာကေန ၂,၆၅၂ ေဒၚလာၾကား ရိွႏိုင္ၿပီး ၿပိဳင္ဘက္တ႐ုတ္ကုမၸဏီေတြကေတာ့ ၈၉၆ ေဒၚလာကေန ၁,၃၄၄ ေဒၚလာၾကားသာ ရိွမယ္လို႔ သိရပါတယ္။

Ref: GSMArena

[ Unicode ]

ခေါက်စမတ်ဖုန်း ပြိုင်ပွဲက စတင်နေပါပြီ။ Samsung ဟာ ကွေးဆန့်နိုင်တဲ့ display ပါဝင်တဲ့ ခေါက်စမတ်ဖုန်းကို မိတ်ဆက်ဖို့ စီစဉ်နေကြောင်း ပြောကြားခဲ့တဲ့နောက် Huawei ကလည်း ခေါက်စမတ်ဖုန်းကို Samsung ထက် အရင်မိတ်ဆက်ဖို့ ကြိုးပမ်းနေပါတယ်။ အခုအခါမှာလည်း တရုတ်စမတ်ဖုန်းကုမ္ပဏီနှစ်ခုက ဒီပြိုင်ပွဲထဲကို ဝင်ရောက်လာတယ်ဆိုတဲ့ သတင်းတစ်ရပ် ထွက်ပေါ်လာပါတယ်။

Xiaomi နဲ့ OPPO ဟာ သူတို့ရဲ့ ခေါက်စမတ်ဖုန်းတွေအတွက် display ထုတ်လုပ်သူတွေကို ရှာဖွေနေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ရွေးချယ်စရာတွေက BOE, Visionox နဲ့ LG Display တို့ပဲရှိပါတယ်။

ဒါပေမဲ့ Xiaomi ဟာ ခေါက်စမတ်ဖုန်းပြိုင်ပွဲမှာ ဦးဆောင်သူဖြစ်ဖို့ ရည်မှန်းထားပြီး ကွေးဆန့်နိုင်တဲ့ထုတ်ကုန်ကို ပွဲထုတ် မိတ်ဆက်ပြီးတာနဲ့ အလုံးအရင်းထုတ်လုပ်သွားဖို့ စီစဉ်နေပါတယ်။ ဒါ့အပြင် တရုတ်စျေးကွက်မှာ စျေးသက်သက်သာသာနဲ့ ရောင်းချသွားဖို့ ပစ်မှတ်ထားနေပါတယ်။

Galaxy ခေါက်စမတ်ဖုန်းရဲ့ စျေးနှုန်းက ၁,၇၈၈ ဒေါ်လာကနေ ၂,၆၅၂ ဒေါ်လာကြား ရှိနိုင်ပြီး ပြိုင်ဘက်တရုတ်ကုမ္ပဏီတွေကတော့ ၈၉၆ ဒေါ်လာကနေ ၁,၃၄၄ ဒေါ်လာကြားသာ ရှိမယ်လို့ သိရပါတယ်။

Ref: GSMArena