August 20, 2018

ေက်ာဘက္မွာ ဆိုလာအားသြင္းစနစ္ပါဝင္တဲ့ ေဒၚလာ ၄,၅၀၀ တန္ iPhone X

[Zawgyi]

႐ုရွားက accessory ကုမၸဏီတစ္ခုျဖစ္တဲ့ Caviar ဟာ ဖုန္းရဲ႕ေက်ာဘက္မွာ ဆိုလာအားသြင္းစနစ္ပါဝင္တဲ့ iPhone X ကို ေဒၚလာ ၄,၅၀၀ နဲ႔ ေရာင္းခ်ေနပါတယ္။ Caviar ဟာ အဲဒီ iPhone X ဗားရွင္းကို Tesla လုိ႔ အမည္ေပးထားပါတယ္။

Caviar ဟာ iPhone X Tesla ရဲ႕လုပ္ေဆာင္ခ်က္ေတြကို ထုတ္ကုန္ထဲမွာ တိုက္႐ိုက္မတည္ေဆာက္ထားဘဲ ထူထဲတဲ့ phone case တစ္ခုမွာပဲ ထည့္သြင္းေပးထားတာ ျဖစ္ပါတယ္။ ေက်ာဘက္မွာပါတဲ့ ဆိုလာ panel က iPhone X Tesla ရဲ႕ ဒုတိယေျမာက္ ဘက္ထရီတစ္ခုျဖစ္ပါတယ္။ အဲဒီ case ဟာ ေရနဲ႔ ဖုန္ဒဏ္ခံႏိုင္ရည္ ရွိၿပီး IP67 စံသတ္မွတ္ခ်က္နဲ႔ ကိုက္ညီေအာင္ ျပဳလုပ္ထားတယ္လို႔ Caviar ကေျပာပါတယ္။

Caviar က ပထမဆုံးထုတ္လုပ္တဲ့ iPhone X Tesla မွာ “Made on Earth by Humans” ဆိုတဲ့စာသား ေရးထြင္းထားပါတယ္။ အဲဒီစာသားဟာ ေဖေဖာ္ဝါရီလအတြင္း SpaceX Falcon Heavy ဒုံးပ်ံေပၚကေန အာကာသအတြင္းကုိ လႊတ္တင္ခဲ့တဲ့ Tesla Roadster ကား ထည့္သြင္းခဲ့တဲ့ အီလြန္မက္စ္ကုိ ဂုဏ္ျပဳထားတာ ျဖစ္ပါတယ္။ ဖုန္းအလုံးေရတိုင္းမွာ ကုိယ္ပုိင္ ထုတ္လုပ္မႈအမွတ္စဥ္ကုိ ထည့္သြင္းထားပါတယ္။ iPhone X Tesla အလုံးေရ ၉၉၉ လုံးပဲ ထုတ္လုပ္မယ္လို႔ Caviar ကေျပာပါတယ္။

iPhone X Tesla ရဲ႕တန္ဖိုးက case အျပင္ storage 64GB ပါဝင္တဲ့ ဗားရွင္းအတြက္ ေဒၚလာ ၄,၅၅၅ က်သင့္မွာျဖစ္ပါတယ္။ 256GB ေမာ္ဒယ္ကုိေတာ့ ေဒၚလာ ၄,၈၀၅ နဲ႔ ဝယ္ယူႏိုင္ပါတယ္။ Caviar အေနနဲ႔ ႐ုရွားသမၼတ ပူတင္နဲ႔ ေဒၚနယ္ထရမ့္ ေတြ႕ဆုံတဲ့ အမွတ္တရအျဖစ္ ေဒၚလာ ၂,၅၀၀ တန္ Nokia အျပင္ ပူတင္ edition ေဒၚလာ ၃,၀၀၀ တန္ Apple Watch ကိုလည္း ထုတ္လုပ္ထားတယ္လို႔ သိရပါတယ္။

စိုးထက္
Ref: TheVerge

===========

[Unicode]

ရုရှားက accessory ကုမ္ပဏီတစ်ခုဖြစ်တဲ့ Caviar ဟာ ဖုန်းရဲ့ကျောဘက်မှာ ဆိုလာအားသွင်းစနစ်ပါဝင်တဲ့ iPhone X ကို ဒေါ်လာ ၄,၅၀၀ နဲ့ ရောင်းချနေပါတယ်။ Caviar ဟာ အဲဒီ iPhone X ဗားရှင်းကို Tesla လို့ အမည်ပေးထားပါတယ်။

Caviar ဟာ iPhone X Tesla ရဲ့လုပ်ဆောင်ချက်တွေကို ထုတ်ကုန်ထဲမှာ တိုက်ရိုက်မတည်ဆောက်ထားဘဲ ထူထဲတဲ့ phone case တစ်ခုမှာပဲ ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ ကျောဘက်မှာပါတဲ့ ဆိုလာ panel က iPhone X Tesla ရဲ့ ဒုတိယမြောက် ဘက်ထရီတစ်ခုဖြစ်ပါတယ်။ အဲဒီ case ဟာ ရေနဲ့ ဖုန်ဒဏ်ခံနိုင်ရည် ရှိပြီး IP67 စံသတ်မှတ်ချက်နဲ့ ကိုက်ညီအောင် ပြုလုပ်ထားတယ်လို့ Caviar ကပြောပါတယ်။

Caviar က ပထမဆုံးထုတ်လုပ်တဲ့ iPhone X Tesla မှာ “Made on Earth by Humans” ဆိုတဲ့စာသား ရေးထွင်းထားပါတယ်။ အဲဒီစာသားဟာ ဖေဖော်ဝါရီလအတွင်း SpaceX Falcon Heavy ဒုံးပျံပေါ်ကနေ အာကာသအတွင်းကို လွှတ်တင်ခဲ့တဲ့ Tesla Roadster ကား ထည့်သွင်းခဲ့တဲ့ အီလွန်မက်စ်ကို ဂုဏ်ပြုထားတာ ဖြစ်ပါတယ်။ ဖုန်းအလုံးရေတိုင်းမှာ ကိုယ်ပိုင် ထုတ်လုပ်မှုအမှတ်စဉ်ကို ထည့်သွင်းထားပါတယ်။ iPhone X Tesla အလုံးရေ ၉၉၉ လုံးပဲ ထုတ်လုပ်မယ်လို့ Caviar ကပြောပါတယ်။

iPhone X Tesla ရဲ့တန်ဖိုးက case အပြင် storage 64GB ပါဝင်တဲ့ ဗားရှင်းအတွက် ဒေါ်လာ ၄,၅၅၅ ကျသင့်မှာဖြစ်ပါတယ်။ 256GB မော်ဒယ်ကိုတော့ ဒေါ်လာ ၄,၈၀၅ နဲ့ ဝယ်ယူနိုင်ပါတယ်။ Caviar အနေနဲ့ ရုရှားသမ္မတ ပူတင်နဲ့ ဒေါ်နယ်ထရမ့် တွေ့ဆုံတဲ့ အမှတ်တရအဖြစ် ဒေါ်လာ ၂,၅၀၀ တန် Nokia အပြင် ပူတင် edition ဒေါ်လာ ၃,၀၀၀ တန် Apple Watch ကိုလည်း ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။

စိုးထက်
Ref: TheVerge