ေက်ာဘက္ကင္မရာ ႏွစ္ခု၊ HDR 10 display နဲ႔ Snapdragon 845 ပါဝင္တဲ့ HTC U12+

[ Zawgyi ]

HTC ဟာ ေက်ာဘက္ကင္မရာ ႏွစ္ခု၊ HDR 10 screen နဲ႔ Snapdragon 845 ပါဝင္တဲ့ HTC U12+ ကို မိတ္ဆက္ေၾကညာခဲ့ပါတယ္။

ဒီေမာ္ဒယ္သစ္မွာ ၆ လက္မ Super LCD6 display ပါဝင္ၿပီး HDR 10 နဲ႔ DCI-P3 ကို ေထာက္ပံ့ေပးထားပါတယ္။ 18:9 screen ျဖစ္ၿပီး resoluiton က 1440 x 2280 pixel (537ppi) ျဖစ္ပါတယ္။ ဖုန္းရဲ႕ pressure-sensitive frame ေၾကာင့္ ဖုန္းရဲ႕ေဘးေဘာင္ကိုညွစ္ၿပီး Edge Sense gesture ေတြကို အသံုးျပဳႏုိင္မွာျဖစ္ပါတယ္။

ေက်ာဘက္ကင္မရာ ႏွစ္ခုက 12MP UltraPixel sensor နဲ႔ 2x optical zoom ေထာက္ပံ့ေပးတဲ့ 16MP sensor ျဖစ္ပါတယ္။ ပင္မ sensor မွာ f/1.8 lens နဲ႔ OIS အျပင္ Phase detection နဲ႔ Laser autofocus တို႔ ပါဝင္ပါတယ္။

ဗီဒီယိုအေနနဲ႔ 4K resolution ကို 60fps နဲ႔ ႐ိုက္ကူးႏိုင္ပါတယ္။ 1080p ဗီဒီယိုကိုေတာ့ 240fps အထိ ႐ိုက္ကူးႏုိင္ပါတယ္။ Selfie ကင္မရာကလည္း ႏွစ္ခုျဖစ္ၿပီး 8MP sensor ႏွစ္ခုနဲ႔ ႐ိုက္ကူးႏုိင္ပါတယ္။

HTC U12+ မွာ Snapdragon 845 chipset သစ္နဲ႔ 6GB RAM ပါဝင္ပါတယ္။ သိုေလွာင္မႈပမာဏကိုေတာ့ 64GB ဒါမွမဟုတ္ 128GB နဲ႔ရႏိုင္ပါတယ္။ MicroSD slot ပါဝင္တဲ့အတြက္ သိုေလွာင္မႈပမာဏကို တိုးျမွင့္ႏိုင္ပါတယ္။ ဒီစမတ္ဖုန္းမွာ Android 8.0 Oreo ကို အသံုးျပဳထားေပမယ့္ Android P ကို update လုပ္ႏိုင္မယ္လို႔ HTC က ေျပာၾကားထားပါတယ္။

ေက်ာဘက္မွန္ဒီဇိုင္းျဖစ္ေပမယ့္ U12+ မွာ ႀကိဳးမဲ့အားသြင္းစနစ္ မပါဝင္ပါဘူး။ ဘက္ထရီက U11+ ထက္ ေသးငယ္ၿပီး 3,500mAh ဘက္ထရီကို အသံုးျပဳထားပါတယ္။

HTC U12+ ကို ဒီကေန႔ကစၿပီး အေမရိကန္နဲ႔ ဥေရာပမွာ ႀကိဳတင္မွာယူႏိုင္ၿပီ ျဖစ္ပါတယ္။ တန္ဖိုးက 64GB အတြက္ ၇၉၉ ေဒၚလာျဖစ္ၿပီး 128GB အတြက္က ၈၄၉ ေဒၚလာ ျဖစ္ပါတယ္။

-ေနာင္ေနာင္
Ref: GSMArena

=========

[ Unicode ]

ကျောဘက်ကင်မရာ နှစ်ခု၊ HDR 10 display နဲ့ Snapdragon 845 ပါဝင်တဲ့ HTC U12+

=========

HTC ဟာ ကျောဘက်ကင်မရာ နှစ်ခု၊ HDR 10 screen နဲ့ Snapdragon 845 ပါဝင်တဲ့ HTC U12+ ကို မိတ်ဆက်ကြေညာခဲ့ပါတယ်။

ဒီမော်ဒယ်သစ်မှာ ၆ လက်မ Super LCD6 display ပါဝင်ပြီး HDR 10 နဲ့ DCI-P3 ကို ထောက်ပံ့ပေးထားပါတယ်။ 18:9 screen ဖြစ်ပြီး resoluiton က 1440 x 2280 pixel (537ppi) ဖြစ်ပါတယ်။ ဖုန်းရဲ့ pressure-sensitive frame ကြောင့် ဖုန်းရဲ့ဘေးဘောင်ကိုညှစ်ပြီး Edge Sense gesture တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ကျောဘက်ကင်မရာ နှစ်ခုက 12MP UltraPixel sensor နဲ့ 2x optical zoom ထောက်ပံ့ပေးတဲ့ 16MP sensor ဖြစ်ပါတယ်။ ပင်မ sensor မှာ f/1.8 lens နဲ့ OIS အပြင် Phase detection နဲ့ Laser autofocus တို့ ပါဝင်ပါတယ်။

ဗီဒီယိုအနေနဲ့ 4K resolution ကို 60fps နဲ့ ရိုက်ကူးနိုင်ပါတယ်။ 1080p ဗီဒီယိုကိုတော့ 240fps အထိ ရိုက်ကူးနိုင်ပါတယ်။ Selfie ကင်မရာကလည်း နှစ်ခုဖြစ်ပြီး 8MP sensor နှစ်ခုနဲ့ ရိုက်ကူးနိုင်ပါတယ်။

HTC U12+ မှာ Snapdragon 845 chipset သစ်နဲ့ 6GB RAM ပါဝင်ပါတယ်။ သိုလှောင်မှုပမာဏကိုတော့ 64GB ဒါမှမဟုတ် 128GB နဲ့ရနိုင်ပါတယ်။ MicroSD slot ပါဝင်တဲ့အတွက် သိုလှောင်မှုပမာဏကို တိုးမြှင့်နိုင်ပါတယ်။ ဒီစမတ်ဖုန်းမှာ Android 8.0 Oreo ကို အသုံးပြုထားပေမယ့် Android P ကို update လုပ်နိုင်မယ်လို့ HTC က ပြောကြားထားပါတယ်။

ကျောဘက်မှန်ဒီဇိုင်းဖြစ်ပေမယ့် U12+ မှာ ကြိုးမဲ့အားသွင်းစနစ် မပါဝင်ပါဘူး။ ဘက်ထရီက U11+ ထက် သေးငယ်ပြီး 3,500mAh ဘက်ထရီကို အသုံးပြုထားပါတယ်။

HTC U12+ ကို ဒီကနေ့ကစပြီး အမေရိကန်နဲ့ ဥရောပမှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပါတယ်။ တန်ဖိုးက 64GB အတွက် ရ၉၉ ဒေါ်လာဖြစ်ပြီး 128GB အတွက်က ၈၄၉ ဒေါ်လာ ဖြစ်ပါတယ်။

-နောင်နောင်
Ref: GSMArena