ေက်ာဘက္ကင္မရာ ၃ လုံးပါ၀င္သည့္ Galaxy A7 စမတ္ဖုန္းကို Samsung မိတ္ဆက္

[ Zawgyi ]

Samsung ကေန A စီးရီး စမတ္ဖုန္းေမာ္ဒယ္သစ္ျဖစ္တဲ့ ေက်ာဘက္ကင္မရာ ၃ လုံးပါဝင္တဲ့ Galaxy A7 စမတ္ဖုန္းကို ျပည္တြင္းမွာ အနက္၊ အျပာ၊ ေရႊ အေရာင္ ၃ ေရာင္နဲ႔ မိတ္ဆက္လိုက္ပါတယ္။

Galaxy A7 ရဲ႕ ေက်ာဘက္မွာ Apeature f/1.7 ရွိတဲ့ 24MP ကင္မရာ၊ Apeature f/2.2 ရွိတဲ့ 5MP ကင္မရာနဲ႔ ၁၂ဝ ဒီဂရီ ျမင္ကြင္းက်ယ္အထိ ႐ိုက္ကူးႏုိင္တဲ့ Apeature f/2.4 ရွိတဲ့ 8MP Ultra Wide Angle ကင္မရာေတြ တပ္ဆင္ထားၿပီး ေရွ႕ဘက္မွာေတာ့ Apeature f/2.0 ရွိတဲ့ 24MP ကင္မရာေတြ အသုံးျပဳထားပါတယ္။ ကင္မရာပိုင္းအတြက္ Live Focus ၊ Pro Lighting Mode ၊ AR emoji ၊ Bokeh effect စတဲ့ နည္းပညာေတြကိုလည္း ေထာက္ပံ့ေပးထားပါတယ္။

ျမင္ကြင္းအရြယ္အစား ၆ လက္မရွိတဲ့ Super AMOLED Infinity Display ကို အသုံးျပဳထားၿပီး အျမန္ႏႈန္း 2.2GHz ရွိတဲ့ Lassen processor ကို အသုံးျပဳထားပါတယ္။ RAM 4GB နဲ႔ သိုေလွာင္မႈပမာဏ 64GB အမ်ဳိးအစားအေနနဲ႔ ၀ယ္ယူႏုိင္မွာျဖစ္ၿပီး သိုေလွာင္မႈ ပမာဏကို 512GB အထိ microSD နဲ႔ ထပ္မံတိုးျမႇင့္အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။ အသံပိုင္းအေနနဲ႔ Dolby Atmos 2 စနစ္ေထာက္ပံ့ ပါဝင္သလို လုံၿခဳံေရးဆုိင္ရာ လက္ေဗြစနစ္၊ Bixby AI စနစ္ေတြလည္း ေထာက္ပံ့ပါဝင္ပါတယ္။ Galaxy A7 ကို ႏိုဝင္ဘာလ ၁၁ ရက္မွစတင္ကာ ျမန္မာႏုိင္ငံတစ္၀ွမ္းရွိ Samsung အေရာင္းဆုိင္နဲ႔ လက္လီဆုိင္ေတြမွာ တန္ဖိုး့ ၅၁၉,ဝဝဝ က်ပ္နဲ႔ ဝယ္ယူႏုိင္မွာ ျဖစ္ပါတယ္။

Samsung Myanmar နဲ႔ Mytel တို႔က Galaxy A7 စမတ္ဖုန္း စတင္မိတ္ဆက္ျခင္းအတြက္ Galaxy A7 စမတ္ ဖုန္းဝယ္ယူတဲ့ သူေတြကို အထူးလက္ေဆာင္ေဒတာ 48GB ၊ စာတိုမက္ေဆ့ခ်္ေပးပို႔မို ေစာင္ေရ ၄၈,ဝဝဝ နဲ႔ Mytel ဖုန္းအခ်င္းခ်င္းေခၚဆိုမႈမိနစ္ေပါင္း ၁,၂ဝဝ ကို လစဥ္အနည္းဆုံးဖုန္းေငြ ၅,ဝဝဝ က်ပ္ျဖည့္သြင္းကာ ရယူႏုိင္မွာျဖစ္ၿပီး အဆိုပါ အထူးလက္ေဆာင္ကို တစ္ႏွစ္ၾကာ ရရွိႏုိင္မယ္လုိ႔ သိရပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

Samsung ကနေ A စီးရီး စမတ်ဖုန်းမော်ဒယ်သစ်ဖြစ်တဲ့ ကျောဘက်ကင်မရာ ၃ လုံးပါ၀င်တဲ့ Galaxy A7 စမတ်ဖုန်းကို ပြည်တွင်းမှာ အနက်၊ အပြာ၊ ရွှေ အရောင် ၃ ရောင်နဲ့ မိတ်ဆက်လိုက်ပါတယ်။

Galaxy A7 ရဲ့ ကျောဘက်မှာ Apeature f/1.7 ရှိတဲ့ 24MP ကင်မရာ၊ Apeature f/2.2 ရှိတဲ့ 5MP ကင်မရာနဲ့ ၁၂ဝ ဒီဂရီ မြင်ကွင်းကျယ်အထိ ရိုက်ကူးနိုင်တဲ့ Apeature f/2.4 ရှိတဲ့ 8MP Ultra Wide Angle ကင်မရာတွေ တပ်ဆင်ထားပြီး ရှေ့ဘက်မှာတော့ Apeature f/2.0 ရှိတဲ့ 24MP ကင်မရာတွေ အသုံးပြုထားပါတယ်။ ကင်မရာပိုင်းအတွက် Live Focus ၊ Pro Lighting Mode ၊ AR emoji ၊ Bokeh effect စတဲ့ နည်းပညာတွေကိုလည်း ထောက်ပံ့ပေးထားပါတယ်။

မြင်ကွင်းအရွယ်အစား ၆ လက်မရှိတဲ့ Super AMOLED Infinity Display ကို အသုံးပြုထားပြီး အမြန်နှုန်း 2.2GHz ရှိတဲ့ Lassen processor ကို အသုံးပြုထားပါတယ်။ RAM 4GB နဲ့ သိုလှောင်မှုပမာဏ 64GB အမျိုးအစားအနေနဲ့ ၀ယ်ယူနိုင်မှာဖြစ်ပြီး သိုလှောင်မှု ပမာဏကို 512GB အထိ microSD နဲ့ ထပ်မံတိုးမြှင့်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အသံပိုင်းအနေနဲ့ Dolby Atmos 2 စနစ်ထောက်ပံ့ ပါဝင်သလို လုံခြုံရေးဆိုင်ရာ လက်ဗွေစနစ်၊ Bixby AI စနစ်တွေလည်း ထောက်ပံ့ပါဝင်ပါတယ်။ Galaxy A7 ကို နိုဝင်ဘာလ ၁၁ ရက်မှစတင်ကာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ Samsung အရောင်းဆိုင်နဲ့ လက်လီဆိုင်တွေမှာ တန်ဖိုး့ ၅၁၉,ဝဝဝ ကျပ်နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Samsung Myanmar နဲ့ Mytel တို့က Galaxy A7 စမတ်ဖုန်း စတင်မိတ်ဆက်ခြင်းအတွက် Galaxy A7 စမတ် ဖုန်းဝယ်ယူတဲ့ သူတွေကို အထူးလက်ဆောင်ဒေတာ 48GB ၊ စာတိုမက်ဆေ့ချ်ပေးပို့မို စောင်ရေ ၄၈,ဝဝဝ နဲ့ Mytel ဖုန်းအချင်းချင်းခေါ်ဆိုမှုမိနစ်ပေါင်း ၁,၂ဝဝ ကို လစဉ်အနည်းဆုံးဖုန်းငွေ ၅,ဝဝဝ ကျပ်ဖြည့်သွင်းကာ ရယူနိုင်မှာဖြစ်ပြီး အဆိုပါ အထူးလက်ဆောင်ကို တစ်နှစ်ကြာ ရရှိနိုင်မယ်လို့ သိရပါတယ်။