September 20, 2018

ေက်ာင္းသား၊ ေက်ာင္းသူ မ်ားမသိဘဲ ျပဳလုပ္မိတတ္တဲ့ Plagiarism အေၾကာင္း

[ Zawgyi ]

ျပ႒ာန္းစာအုပ္ပါ စာပိုဒ္ေတြ၊ ဆရာ/ဆရာမေတြ ေရးသားျပင္ဆင္ေပးထားတဲ႔ ေမးခြန္း၊ အေျဖေတြနဲ႔ စာစီစာကံုးေတြကို နားလည္သည္ျဖစ္ေစ၊ နားမလည္သည္ျဖစ္ေစ တစ္လံုးမက်န္ အလြတ္က်က္မွတ္ေျဖဆိုတဲ႔ ပညာေရးစနစ္နဲ႔ အသားက်လာခဲ့သူ ျမန္မာလူငယ္ေတြ အေနနဲ႔ Plagiarism (သူမ်ားရဲ႕ အႀကံဉာဏ္ သုိ႔မဟုတ္ အေရးအသားမ်ားကို ကူးယူၿပီး မိမိရဲ႕ အႀကံဉာဏ္ အေရးအသားကဲ့သို႔ ျပဳလုပ္ျခင္း) အေၾကာင္းကို သိရွိထားဖို႔ လိုအပ္ပါတယ္။ ဘာလို႔လဲဆိုေတာ႔ အေမရိကန္ အပါအဝင္ ႏိုင္ငံတကာ ပညာေရးနယ္ပယ္မွာ Plagiarism ကိုေက်ာင္းရဲ႕ မူဝါဒ စည္းမ်ဥ္း စည္းကမ္း ေပၚလစီ (Policy) ထဲ ထည့္သြင္းေရးသားထားတဲ့အထိ အေလးအနက္ထားၾကလို႔ပါပဲ။

ေက်ာင္းသူ၊ ေက်ာင္းသားေတြအတြက္ Plagiarism ကို အဓိပၸာယ္ ဖြင့္ၾကည့္မယ္ဆိုရင္ ျပ႒ာန္းစာအုပ္ေတြ၊ အျခားစာအုပ္စာေစာင္ေတြနဲ႔ အင္တာနက္စာမ်က္ႏွာေတြထဲက စာသားေတြ၊ ႐ုပ္ပံုေတြ၊ အေတြးအေခၚေတြနဲ႔ စိတ္ကူး အႀကံဥာဏ္ေတြကို တိုက္႐ိုက္ကူးယူၿပီး ကိုယ္တိုင္ ေရးသားဖန္တီးထားပံုမ်ိဳးနဲ႔ ဟန္ေဆာင္လိမ္လည္တင္ျပျခင္း ျဖစ္ပါတယ္။ Merriam-Webster အဘိဓာန္မွာေတာ့ Plagiarism ကို “Using the words or ideas of another person as if they were your own words or ideas. Stealing and
passing off the ideas or words of another as one’s own without crediting the source.” လို႔ ဆိုထားပါတယ္။ အျခားသူရဲ႕ စကားလံုး ဒါမွမဟုတ္ စိတ္ကူး အႀကံဉာဏ္ေတြကို မိမိကိုယ္ပိုင္ စကားလံုး ဒါမွမဟုတ္ စိတ္ကူး အႀကံဉာဏ္ေတြအျဖစ္ အသံုးျပဳတာ၊ ပင္မရင္းျမစ္ေတြကို ရည္ၫႊန္းကိုးကားေဖာ္ျပျခင္း မရွိဘဲ အျခားသူရဲ႕ စိတ္ကူး အႀကံဉာဏ္ေတြ ဒါမွမဟုတ္ စကားလံုးေတြကို ခိုးယူၿပီး မိမိကိုယ္ပိုင္အျဖစ္ တင္ျပတာမ်ိဳး ျဖစ္ပါတယ္။

အေမရိကန္အပါအဝင္ ကမၻာ့ႏိုင္ငံ ေတာ္ေတာ္မ်ားမ်ားမွာ က႐ုပ္ဝတၳဳပစၥည္းေတြအတြက္ မူပိုင္ခြင့္ဆိုတာရွိသလို ဦးေႏွာက္ဉာဏ္ကို အသံုးျပဳၿပီး ေရးသားျပဳစု ဖန္တီးထားတဲ့ အရာေတြအတြက္လည္း ဉာဏပစၥည္းမူပိုင္ခြင့္ ဆိုတာေတြရွိပါတယ္။ ဒါေၾကာင့္တစ္ပါးသူရဲ႕ ႀကိဳးစားအားထုတ္မႈနဲ႔ ရရွိလာတဲ့ ဘယ္အရာကိုမဆို ကိုယ္ပိုင္ဖန္တီးမႈလို ဟန္ေဆာင္ လိမ္ညာၿပီး လက္လြတ္စပယ္သံုးစြဲလို႔ မရပါဘူး။ အဲဒီလိုလုပ္ခဲ့ရင္လည္း လိမ္လည္မႈ (fraud)၊ ခိုးယူမႈ (theft) ေျမာက္ပါတယ္။

ပညာေရး နယ္ပယ္မွာလည္း ဒီလိုပါပဲ။ ကိုယ္ပိုင္အေတြးအေခၚနဲ႔ ေရးသားဖန္တီး တင္ျပၾကဖို႔ ဆရာ၊ ဆရာမေတြက တာဝန္ေပးခ်ိန္မွာ ေက်ာင္းသူ၊ ေက်ာင္းသားေတြက ျပ႒ာန္းစာအုပ္အပါအဝင္ စာအုပ္စာတမ္းအမ်ိဳးမ်ိဳးနဲ႔ အင္တာနက္ စာမ်က္ႏွာေတြေပၚကေန ရွာေဖြကူးယူၿပီး ျဖတ္ညႇပ္ကပ္ပံုစံနဲ႔ ကိုယ္ပိုင္အသြင္ ဖန္တီးေရးသား တင္ျပမယ္ဆိုရင္ Plagiarism ေျမာက္ပါတယ္။ ဒါကို ပညာေရးအသိုင္းအဝိုင္းက ပညာရပ္ပိုင္းဆိုင္ရာ မသမာမႈ၊ ျပင္းထန္တဲ့ ကိုယ္က်င့္တရား ခ်ိဳးေဖာက္မႈအျဖစ္ သတ္မွတ္ၿပီး အေရးယူတာမ်ိဳးေတြ ရွိပါတယ္။ ျပန္လည္ ေရးသားတင္ျပခိုင္းတာကစလို႔ တကယ့္ကို ႀကီးေလးတဲ့ (Plagiarism) အတြက္ ေက်ာင္းကေန ထုတ္ပယ္လိုက္တဲ့အထိ အေရးယူတတ္ ၾကပါတယ္။ ဒါေၾကာင့္ ျပ႒ာန္းစာအုပ္နဲ႔ တူေအာင္ ေရးသားေျဖဆိုႏိုင္ေလ၊ အမွတ္မ်ားေလဆိုတဲ့ ပညာေရးစနစ္နဲ႔ ယဥ္ပါးခဲ့ရတဲ့ ေက်ာင္းသူ၊ ေက်ာင္းသားေတြအေနနဲ႔ ျပ႒ာန္းစာအုပ္နဲ႔ အနီးစပ္ဆံုးတူ
ေလ၊ စာေမးပြဲက်ႏိုင္ေျခမ်ားေလျဖစ္တဲ့ “Plagiarism policy” ကို နားလည္သိရွိထားဖို႔ လိုအပ္ပါတယ္။

ဒီလိုဆိုရင္ တစ္ပါးသူရဲ႕ အေရးအသားနဲ႔ အေတြးအေခၚေတြကို လံုးဝယူေရးလို႔ မရဘူးလားလို႔ ေမးစရာရွိပါတယ္။ သတ္မွတ္ထားတာေလးေတြကို လိုက္နာမယ္ဆိုရင္ လိုအပ္တဲ့ေနရာတခ်ိဳ႕မွာ တရားဝင္ယူ သံုးလို႔ ရပါတယ္။ ကိုယ္ယူသံုးခ်င္တဲ့ အခ်က္အလက္စာသား အခ်ိဳ႕ကို မ်က္ဆံအဖြင့္ အပိတ္လို႔ေခၚၾကတဲ့ quotation marks အမွတ္အသား (“—“)  ထဲမွာ ထည့္ေပးရပါတယ္။ ၿပီးရင္ေတာ့ အဲဒါေတြကို ရယူထားတဲ့ ရင္းျမစ္ (source) ကို ထည့္သြင္းေဖာ္ျပေပးရပါမယ္။ ရင္းျမစ္ဆိုရာမွာလည္း လူပုဂၢိဳလ္၊ စာအုပ္ စာတမ္း၊ ေဆာင္းပါးစတာေတြအပါအဝင္ ကိုယ္ထုတ္ယူ အသံုးျပဳတဲ့ မူလဇစ္ျမစ္ေနရာေတြ အကုန္လံုး အက်ဳံးဝင္ပါတယ္။

Plagiarism ကို ေရွာင္လႊဲႏိုင္ေစမယ့္ ေနာက္ထပ္ နည္းလမ္းတစ္ခုကေတာ့ မိမိဖတ္ရႈေလ့လာထားတဲ့ အေၾကာင္းအရာကို မိမိနားလည္တဲ့အတိုင္း ကိုယ္ပိုင္ဟန္၊ ကိုယ္ပိုင္စာလံုးေတြနဲ႔ ျပန္လည္ ရွင္းလင္းေရးသားကာ paraphrase လုပ္ျခင္းျဖစ္ပါတယ္။ အဲဒီလိုလုပ္ေဆာင္ႏိုင္ဖို႔ အတြက္ အေၾကာင္းအရာကို ေသခ်ာနားလည္ဖို႔ လိုအပ္ၿပီး တစ္ေခါက္ဖတ္႐ံုနဲ႔ မလံုေလာက္ရင္ ထပ္တလဲလဲ ျပန္ဖတ္ၿပီး ကိုယ္ပိုင္ဟန္၊ ကိုယ္ပိုင္စာလံုး၊ ကိုယ္ပိုင္စိတ္ကူးတို႔နဲ႔ ျပန္လည္ ေရးသားျပင္ဆင္ရမွာ ျဖစ္ပါတယ္။ မိမိၾကည့္ခဲ့တဲ့ ႐ုပ္ရွင္
အေၾကာင္းကို သူငယ္ခ်င္း ဒါမွမဟုတ္ မိသားစုဝင္ေတြကို ျပန္လည္ သံုးသပ္ေျပာဆိုျပျခင္းမ်ိဳးနဲ႔ “paraphrase”လုပ္တာကို ေလ့က်င့္ပ်ိဳးေထာင္ ယူႏိုင္ပါတယ္။

႐ိုးရွင္းေပမဲ့ Plagiarism ကို ေရွာင္လႊဲႏိုင္ေစမဲ့ ေနာက္ဆံုးတစ္ခ်က္ကေတာ့ အေၾကာင္းအရာနဲ႔ ကိုက္ညီတဲ့ ကိုယ္ပိုင္ ဥပမာေလး ေတြေပးၿပီး ျပင္ဆင္ေရးသားဖို႔ ပါပဲ။ အဲဒီလိုလုပ္ႏိုင္မယ္ဆိုရင္ ဆရာ၊ ဆရာမေတြအေနနဲ႔ အေၾကာင္းအရာအေပၚ ေက်ာင္း သူ၊ ေက်ာင္းသားေတြရဲ႕ နားလည္ႏိုင္စြမ္းကို ရွင္းရွင္းလင္းလင္း အကဲျဖတ္သံုးသပ္ႏိုင္မွာ ျဖစ္သလို တစ္ဖက္မွာလည္း ကာယကံရွင္ ေက်ာင္းသူ၊ ေက်ာင္းသားေတြရဲ႕ ဆက္စပ္ေတြးေခၚႏိုင္စြမ္းေတြ တိုးတက္လာမွာ ျဖစ္ပါတယ္။

အခ်ဳပ္အေနနဲ႔ အလြတ္က်က္မွတ္ ေျဖဆိုစနစ္နဲ႔ ႀကီးျပင္းခဲ့ရတဲ့ ျမန္မာေက်ာင္းသူ၊ ေက်ာင္းသားေတြအေနနဲ႔ ႏိုင္ငံတကာ ပညာေရး အသိုင္းအဝိုင္းထဲ ဝင္ေရာက္ၾကရာမွာ Plagiarism policy နဲ႔ ၿငိစြန္းမႈမရွိေစဖို႔အတြက္ အေပၚက အခ်က္ေလးေတြကို သတိျပဳလိုက္နာၿပီး ကိုယ္ပိုင္ စဥ္းစားေတြးေခၚ ဖန္တီးႏိုင္စြမ္း တိုးတက္ထက္ျမက္လာေစဖို႔ ႀကိဳး စားေလ့က်င့္ထားၾကဖို႔ တိုက္တြန္းလိုက္ရပါတယ္။

-အိုဒီယာ (Connect University)

===================

[ Unicode ]

ကျောင်းသား၊ ကျောင်းသူ များမသိဘဲ ပြုလုပ်မိတတ်တဲ့ Plagiarism အကြောင်း

===================

ပြဋ္ဌာန်းစာအုပ်ပါ စာပိုဒ်တွေ၊ ဆရာ/ဆရာမတွေ ရေးသားပြင်ဆင်ပေးထားတဲ့ မေးခွန်း၊ အဖြေတွေနဲ့ စာစီစာကုံးတွေကို နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ တစ်လုံးမကျန် အလွတ်ကျက်မှတ်ဖြေဆိုတဲ့ ပညာရေးစနစ်နဲ့ အသားကျလာခဲ့သူ မြန်မာလူငယ်တွေ အနေနဲ့ Plagiarism (သူများရဲ့ အကြံဉာဏ် သို့မဟုတ် အရေးအသားများကို ကူးယူပြီး မိမိရဲ့ အကြံဉာဏ် အရေးအသားကဲ့သို့ ပြုလုပ်ခြင်း) အကြောင်းကို သိရှိထားဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ အမေရိကန် အပါအဝင် နိုင်ငံတကာ ပညာရေးနယ်ပယ်မှာ Plagiarism ကိုကျောင်းရဲ့ မူဝါဒ စည်းမျဉ်း စည်းကမ်း ပေါ်လစီ (Policy) ထဲ ထည့်သွင်းရေးသားထားတဲ့အထိ အလေးအနက်ထားကြလို့ပါပဲ။

ကျောင်းသူ၊ ကျောင်းသားတွေအတွက် Plagiarism ကို အဓိပ္ပာယ် ဖွင့်ကြည့်မယ်ဆိုရင် ပြဋ္ဌာန်းစာအုပ်တွေ၊ အခြားစာအုပ်စာစောင်တွေနဲ့ အင်တာနက်စာမျက်နှာတွေထဲက စာသားတွေ၊ ရုပ်ပုံတွေ၊ အတွေးအခေါ်တွေနဲ့ စိတ်ကူး အကြံဉာဏ်တွေကို တိုက်ရိုက်ကူးယူပြီး ကိုယ်တိုင် ရေးသားဖန်တီးထားပုံမျိုးနဲ့ ဟန်ဆောင်လိမ်လည်တင်ပြခြင်း ဖြစ်ပါတယ်။ Merriam-Webster အဘိဓာန်မှာတော့ Plagiarism ကို “Using the words or ideas of another person as if they were your own words or ideas. Stealing and
passing off the ideas or words of another as one’s own without crediting the source.” လို့ ဆိုထားပါတယ်။ အခြားသူရဲ့ စကားလုံး ဒါမှမဟုတ် စိတ်ကူး အကြံဉာဏ်တွေကို မိမိကိုယ်ပိုင် စကားလုံး ဒါမှမဟုတ် စိတ်ကူး အကြံဉာဏ်တွေအဖြစ် အသုံးပြုတာ၊ ပင်မရင်းမြစ်တွေကို ရည်ညွှန်းကိုးကားဖော်ပြခြင်း မရှိဘဲ အခြားသူရဲ့ စိတ်ကူး အကြံဉာဏ်တွေ ဒါမှမဟုတ် စကားလုံးတွေကို ခိုးယူပြီး မိမိကိုယ်ပိုင်အဖြစ် တင်ပြတာမျိုး ဖြစ်ပါတယ်။

အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ကရုပ်ဝတ္ထုပစ္စည်းတွေအတွက် မူပိုင်ခွင့်ဆိုတာရှိသလို ဦးနှောက်ဉာဏ်ကို အသုံးပြုပြီး ရေးသားပြုစု ဖန်တီးထားတဲ့ အရာတွေအတွက်လည်း ဉာဏပစ္စည်းမူပိုင်ခွင့် ဆိုတာတွေရှိပါတယ်။ ဒါကြောင့်တစ်ပါးသူရဲ့ ကြိုးစားအားထုတ်မှုနဲ့ ရရှိလာတဲ့ ဘယ်အရာကိုမဆို ကိုယ်ပိုင်ဖန်တီးမှုလို ဟန်ဆောင် လိမ်ညာပြီး လက်လွတ်စပယ်သုံးစွဲလို့ မရပါဘူး။ အဲဒီလိုလုပ်ခဲ့ရင်လည်း လိမ်လည်မှု (fraud)၊ ခိုးယူမှု (theft) မြောက်ပါတယ်။

ပညာရေး နယ်ပယ်မှာလည်း ဒီလိုပါပဲ။ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရေးသားဖန်တီး တင်ပြကြဖို့ ဆရာ၊ ဆရာမတွေက တာဝန်ပေးချိန်မှာ ကျောင်းသူ၊ ကျောင်းသားတွေက ပြဋ္ဌာန်းစာအုပ်အပါအဝင် စာအုပ်စာတမ်းအမျိုးမျိုးနဲ့ အင်တာနက် စာမျက်နှာတွေပေါ်ကနေ ရှာဖွေကူးယူပြီး ဖြတ်ညှပ်ကပ်ပုံစံနဲ့ ကိုယ်ပိုင်အသွင် ဖန်တီးရေးသား တင်ပြမယ်ဆိုရင် Plagiarism မြောက်ပါတယ်။ ဒါကို ပညာရေးအသိုင်းအဝိုင်းက ပညာရပ်ပိုင်းဆိုင်ရာ မသမာမှု၊ ပြင်းထန်တဲ့ ကိုယ်ကျင့်တရား ချိုးဖောက်မှုအဖြစ် သတ်မှတ်ပြီး အရေးယူတာမျိုးတွေ ရှိပါတယ်။ ပြန်လည် ရေးသားတင်ပြခိုင်းတာကစလို့ တကယ့်ကို ကြီးလေးတဲ့ (Plagiarism) အတွက် ကျောင်းကနေ ထုတ်ပယ်လိုက်တဲ့အထိ အရေးယူတတ် ကြပါတယ်။ ဒါကြောင့် ပြဋ္ဌာန်းစာအုပ်နဲ့ တူအောင် ရေးသားဖြေဆိုနိုင်လေ၊ အမှတ်များလေဆိုတဲ့ ပညာရေးစနစ်နဲ့ ယဉ်ပါးခဲ့ရတဲ့ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ ပြဋ္ဌာန်းစာအုပ်နဲ့ အနီးစပ်ဆုံးတူ
လေ၊ စာမေးပွဲကျနိုင်ခြေများလေဖြစ်တဲ့ “Plagiarism policy” ကို နားလည်သိရှိထားဖို့ လိုအပ်ပါတယ်။

ဒီလိုဆိုရင် တစ်ပါးသူရဲ့ အရေးအသားနဲ့ အတွေးအခေါ်တွေကို လုံးဝယူရေးလို့ မရဘူးလားလို့ မေးစရာရှိပါတယ်။ သတ်မှတ်ထားတာလေးတွေကို လိုက်နာမယ်ဆိုရင် လိုအပ်တဲ့နေရာတချို့မှာ တရားဝင်ယူ သုံးလို့ ရပါတယ်။ ကိုယ်ယူသုံးချင်တဲ့ အချက်အလက်စာသား အချို့ကို မျက်ဆံအဖွင့် အပိတ်လို့ခေါ်ကြတဲ့ quotation marks အမှတ်အသား (“—“) ထဲမှာ ထည့်ပေးရပါတယ်။ ပြီးရင်တော့ အဲဒါတွေကို ရယူထားတဲ့ ရင်းမြစ် (source) ကို ထည့်သွင်းဖော်ပြပေးရပါမယ်။ ရင်းမြစ်ဆိုရာမှာလည်း လူပုဂ္ဂိုလ်၊ စာအုပ် စာတမ်း၊ ဆောင်းပါးစတာတွေအပါအဝင် ကိုယ်ထုတ်ယူ အသုံးပြုတဲ့ မူလဇစ်မြစ်နေရာတွေ အကုန်လုံး အကျုံးဝင်ပါတယ်။

Plagiarism ကို ရှောင်လွှဲနိုင်စေမယ့် နောက်ထပ် နည်းလမ်းတစ်ခုကတော့ မိမိဖတ်ရှုလေ့လာထားတဲ့ အကြောင်းအရာကို မိမိနားလည်တဲ့အတိုင်း ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်စာလုံးတွေနဲ့ ပြန်လည် ရှင်းလင်းရေးသားကာ paraphrase လုပ်ခြင်းဖြစ်ပါတယ်။ အဲဒီလိုလုပ်ဆောင်နိုင်ဖို့ အတွက် အကြောင်းအရာကို သေချာနားလည်ဖို့ လိုအပ်ပြီး တစ်ခေါက်ဖတ်ရုံနဲ့ မလုံလောက်ရင် ထပ်တလဲလဲ ပြန်ဖတ်ပြီး ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်စာလုံး၊ ကိုယ်ပိုင်စိတ်ကူးတို့နဲ့ ပြန်လည် ရေးသားပြင်ဆင်ရမှာ ဖြစ်ပါတယ်။ မိမိကြည့်ခဲ့တဲ့ ရုပ်ရှင်
အကြောင်းကို သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင်တွေကို ပြန်လည် သုံးသပ်ပြောဆိုပြခြင်းမျိုးနဲ့ “paraphrase”လုပ်တာကို လေ့ကျင့်ပျိုးထောင် ယူနိုင်ပါတယ်။

ရိုးရှင်းပေမဲ့ Plagiarism ကို ရှောင်လွှဲနိုင်စေမဲ့ နောက်ဆုံးတစ်ချက်ကတော့ အကြောင်းအရာနဲ့ ကိုက်ညီတဲ့ ကိုယ်ပိုင် ဥပမာလေး တွေပေးပြီး ပြင်ဆင်ရေးသားဖို့ ပါပဲ။ အဲဒီလိုလုပ်နိုင်မယ်ဆိုရင် ဆရာ၊ ဆရာမတွေအနေနဲ့ အကြောင်းအရာအပေါ် ကျောင်း သူ၊ ကျောင်းသားတွေရဲ့ နားလည်နိုင်စွမ်းကို ရှင်းရှင်းလင်းလင်း အကဲဖြတ်သုံးသပ်နိုင်မှာ ဖြစ်သလို တစ်ဖက်မှာလည်း ကာယကံရှင် ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ဆက်စပ်တွေးခေါ်နိုင်စွမ်းတွေ တိုးတက်လာမှာ ဖြစ်ပါတယ်။

အချုပ်အနေနဲ့ အလွတ်ကျက်မှတ် ဖြေဆိုစနစ်နဲ့ ကြီးပြင်းခဲ့ရတဲ့ မြန်မာကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ နိုင်ငံတကာ ပညာရေး အသိုင်းအဝိုင်းထဲ ဝင်ရောက်ကြရာမှာ Plagiarism policy နဲ့ ငြိစွန်းမှုမရှိစေဖို့အတွက် အပေါ်က အချက်လေးတွေကို သတိပြုလိုက်နာပြီး ကိုယ်ပိုင် စဉ်းစားတွေးခေါ် ဖန်တီးနိုင်စွမ်း တိုးတက်ထက်မြက်လာစေဖို့ ကြိုး စားလေ့ကျင့်ထားကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

-အိုဒီယာ (Connect University)