ေက်ာင္းသားနဲ႔ ဒီဇိုင္နာေတြအတြက္ Notebook 9 Pro နဲ႔ Notebook Flash ကို Samsung မိတ္ဆက္

[ Zawgyi ]

Samsung ဟာ CES 2019 ျပပြဲမွာ Notebook 9 Pro နဲ႔ Notebook Flash တို႔ကုိ မိတ္ဆက္ခဲ့ပါတယ္။

Samsung ဟာ Notebook 9 Pro မွာ အရင္ထုတ္လုပ္ခဲ့တဲ့ ေမာ္ဒယ္ေတြနဲ႔ ျခားနားေအာင္ ေဘးေဘာင္သြယ္ၿပီး အနားခၽြန္တဲ့ ဒီဇိုင္းကုိ အသုံးျပဳထားတယ္လို႔ သိရပါတယ္။ Notebook 9 Pro ရဲ႕အလူမီနီယမ္ကုိယ္ထည္က ေခတ္မီၿပီး သပ္ရပ္သလို၊ ေဘးေဘာင္ပါးလႊာၿပီး ၁၃.၃လက္မ full HD display ျဖစ္တယ္။

Notebook 9 Pro ရဲ႕ keyboard ခလုတ္ေတြက ႀကီးမားၿပီး spacing ေတြကို က်စ္လစ္ေအာင္ ျပဳလုပ္ေပးထားပါတယ္။ Samsung အေနနဲ႔ Notebook 9 Pro မွာ S-Pen အေသးေလးအစား အရြယ္အစားႀကီးမားတဲ့ active pen ကုိအသုံးျပဳထားၿပီး laptop ကုိယ္ထည္အတြင္းမွာ ထည့္သြင္းထားႏိုင္ပါတယ္။
Notebook 9 Pro ကို ၂၀၁၉ အေစာပုိင္းမွာ ျဖန္႔ခ်ိေရာင္းခ်ႏိုင္ၿပီး ေဈးႏႈန္းေတာ့ မေၾကညာေသးပါဘူး။ Notebook 9 Pro ကိုေဒၚလာ ၁,၀၀၀ ေက်ာ္နဲ႔ ေရာင္းခ်ဖြယ္ရွိပါတယ္။

Notebook Flash ကေတာ့ ေဈးႏႈန္းသက္သာတဲ့ laptop တစ္မ်ိဳးျဖစ္ပါတယ္။ Notebook Flash မွာေတာ့ Intel Celeron N4000, memory 4GB နဲ႔ eMMC flash storage 64GB ပါဝင္ၿပီး ေဒၚလာ ၃၅၀နဲ႔စတင္ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။ Windows 10 Home ကုိအသုံးျပဳထားတယ္လို႔ သိရပါတယ္။

Notebook Flash မွာေတာ့ ျမန္ဆန္တဲ့ Gigabit Wi-Fi, Fingerprint reder, microSD ေပါက္တစ္ခုနဲ႔ UFS card ေတြအျပင္ လက္ႏွိပ္စက္ပုံစံ keyboard ကုိထည့္သြင္းထားပါတယ္။ ကုိယ္ထည္ကုိေတာ့ ပလတ္စတစ္နဲ႔ ဖန္တီးထားပါတယ္။ Samsung Notebook Flash ကိုေတာ့ ဇန္နဝါရီလ ၁၅ရက္မွာ စတင္ေရာင္းခ်သြားပါမယ္။

စိုးထက္
Ref: CNET

[ Unicode ]

Samsung ဟာ CES 2019 ပြပွဲမှာ Notebook 9 Pro နဲ့ Notebook Flash တို့ကို မိတ်ဆက်ခဲ့ပါတယ်။

Samsung ဟာ Notebook 9 Pro မှာ အရင်ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်တွေနဲ့ ခြားနားအောင် ဘေးဘောင်သွယ်ပြီး အနားချွန်တဲ့ ဒီဇိုင်းကို အသုံးပြုထားတယ်လို့ သိရပါတယ်။ Notebook 9 Pro ရဲ့အလူမီနီယမ်ကိုယ်ထည်က ခေတ်မီပြီး သပ်ရပ်သလို၊ ဘေးဘောင်ပါးလွှာပြီး ၁၃.၃လက်မ full HD display ဖြစ်တယ်။

Notebook 9 Pro ရဲ့ keyboard ခလုတ်တွေက ကြီးမားပြီး spacing တွေကို ကျစ်လစ်အောင် ပြုလုပ်ပေးထားပါတယ်။ Samsung အနေနဲ့ Notebook 9 Pro မှာ S-Pen အသေးလေးအစား အရွယ်အစားကြီးမားတဲ့ active pen ကိုအသုံးပြုထားပြီး laptop ကိုယ်ထည်အတွင်းမှာ ထည့်သွင်းထားနိုင်ပါတယ်။
Notebook 9 Pro ကို ၂၀၁၉ အစောပိုင်းမှာ ဖြန့်ချိရောင်းချနိုင်ပြီး ဈေးနှုန်းတော့ မကြေညာသေးပါဘူး။ Notebook 9 Pro ကိုဒေါ်လာ ၁,၀၀၀ ကျော်နဲ့ ရောင်းချဖွယ်ရှိပါတယ်။

Notebook Flash ကတော့ ဈေးနှုန်းသက်သာတဲ့ laptop တစ်မျိုးဖြစ်ပါတယ်။ Notebook Flash မှာတော့ Intel Celeron N4000, memory 4GB နဲ့ eMMC flash storage 64GB ပါဝင်ပြီး ဒေါ်လာ ၃၅၀နဲ့စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ Windows 10 Home ကိုအသုံးပြုထားတယ်လို့ သိရပါတယ်။

Notebook Flash မှာတော့ မြန်ဆန်တဲ့ Gigabit Wi-Fi, Fingerprint reder, microSD ပေါက်တစ်ခုနဲ့ UFS card တွေအပြင် လက်နှိပ်စက်ပုံစံ keyboard ကိုထည့်သွင်းထားပါတယ်။ ကိုယ်ထည်ကိုတော့ ပလတ်စတစ်နဲ့ ဖန်တီးထားပါတယ်။ Samsung Notebook Flash ကိုတော့ ဇန်နဝါရီလ ၁၅ရက်မှာ စတင်ရောင်းချသွားပါမယ်။

Ref: CNET