ကျောင်းထွက်နှုန်း လျော့နည်းရေး ဆောင်ရွက်လျက်ရှိ
[ Zawgyi ]
ဆက်လက်ပြီး ဆရာ၊ ဆရာမတွေရဲ့အင်္ဂလိပ်စာအိုင်စီတီ ကျွမ်းကျင်မှုနဲ့ သင်ကြားသင်ယူမှု အရည်အသွေးမြင့်မားရေးကိုလည်း မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား/ကျောင်းသူတွေကို မတူကွဲပြားမှုတွေ အပြန်အလှန်နားလည်ရေး၊ ပူးပေါင်းဆောင်ရွက်တတ်ရေး၊ စာကြည့်တိုက်အသုံးပြု၍ စာများများဖတ်ကာ သင်ယူတတ်ရေး၊ အားကစား၊ ဂီတ၊ အနုပညာ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ တာဝန်ယူတာဝန်ခံ ဆောင်ရွက်တတ်ရေး၊ တီထွင်ဆန်းသစ်ဖန် တီးနိုင်စွမ်းရှိရေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံး ဆောင်ရွက်တတ်ရေးအတွက် သင်ကြားသင်ယူ လေ့ကျင့်ပေးဖို့လိုကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
-ဝေဝေ
[ Unicode ]
ကျောင်းထွက်နှုန်း လျော့နည်းရေးနဲ့ အခြေခံပညာ အထက်တန်းအဆင့် သင်ယူပြီးမြောက်ရေးတို့ကို ဆောင်ရွက်လျက်ရှိတယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာလ ၄ ရက်က ပြုလုပ်တဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲအခမ်း အနားမှာပြောကြားခဲ့တာဖြစ်ပါတယ်။ ကျောင်းနေအရွယ် ကလေးတိုင်း ပညာသင်ယူခွင့်ရရှိရေး၊ မည်သည့် ခွဲခြားမှုမျှမရှိဘဲ တစ်ဦးတစ်ယောက်မှ မကျန်ရစ်စေရေး အလေးထားဆောင်ရွက်နေကြောင်း၊ ပညာသင်ယူမှုအခွင့် အလန်းမြင့်မားရေးအတွက် သတ်မှတ်ချက််နဲ့ ပြည့်စုံတဲ့ ကျောင်းတွေကို ကျောင်းအဆင့်တိုးမြှင့်ပေးခဲ့ကြောင်း၊ မူလတန်းအရွယ် ကျောင်းသား၊ ကျောင်းသူအားလုံး မူလတန်းပညာသင်ယူ ပြီးမြောက်ရေး၊ ကျောင်း ထွက်နှုန်းလျော့နည်းရေးနဲ့ အခြေခံပညာ အထက်တန်းအဆင့် သင်ယူပြီးမြောက်ရေးတို့ကို ဆောင်ရွက််လျက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဆရာ၊ ဆရာမတွေရဲ့အင်္ဂလိပ််စာအိုင်စီတီ ကျွမ်းကျင်မှုနဲ့ သင်ကြားသင်ယူမှု အရည်အသွေးမြင့်မားရေးကိုလည်း မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား/ကျောင်းသူတွေကို မတူကွဲပြားမှုတွေ အပြန်အလှန်နားလည်ရေး၊ ပူးပေါင်းဆောင်ရွက်တတ်ရေး၊ စာကြည့်တိုက်အသုံးပြု၍ စာများများဖတ်ကာ သင်ယူတတ်ရေး၊ အားကစား၊ ဂီတ၊ အနုပညာ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ တာဝန်ယူတာဝန်ခံ ဆောင်ရွက်တတ်ရေး၊ တီထွင်ဆန်းသစ်ဖန် တီးနိုင်စွမ်းရှိရေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံး ဆောင်ရွက်တတ်ရေးအတွက် သင်ကြားသင်ယူ လေ့ကျင့်ပေးဖို့လိုကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။