September 20, 2018

ကျောက်မျက်ရတနာ ဒီဇိုင်းရေးဆွဲခြင်းသင်တန်းကို မလေးရှားနိုင်ငံ Raffles ကျောင်းတွင် တက်ရောက်နိုင်

[ Zawgyi ]






-သန္တာ

[ Unicode ]

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Raffles Higher Education (Kuala Lumpur) ကျောင်းခွဲမှာ jewellery Design Advance Diploma ကို လျှောက်ထားတက်ရောက်နိုင်တယ်လို့ သိရပါတယ်။

သင်တန်းကာလမှာ ၂ နှစ်နဲ့ ၃ လသာကြာမြင့်မှာဖြစ်ပြီး လက်တွေ့ကျတဲ့လုပ်ငန်းခွင်မှာ လုပ်ခလစာရ အလုပ်သင်ကာလ အဖြစ် ၃ လ၊ ၁ လကို မလေးရှားရင်းဂစ် (၁၀၀၀) ၀န်းကျင်ခန့် ရရှိမှာဖြစ်ပါတယ်။

Raffles College of Higher Education ရဲ့ (Jewellery Design) ဘာသာရပ်ကို သင်ယူပြီး Jewellery Product Manager, Jewellery Designer, Jewellery Maker , Accessories Designer, Design Consultant, Design Educationalist နယ်ပယ်မှာ ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။

မိတ်ဖက်ကုမ္ပဏီကြီးတွေဖြစ်တဲ့ (Samsung , Louis Vuitton , Zara, hp , Zalora, Rovinsons, Emirates, Volvo, BMW , Nippon Panit, La Putri , JAGUAR, IKEA, RENAULT, ERICSSON, FERRARI, LAND-ROVER, P&g, Ford, LEGO, PHILIPS, UK TRADE & INVESTMENT, Royal college of Art) တွေကို အလုပ်သင်ကာလ (သို့) ကျောင်းပြီးသွားတဲ့အခါ အလုပ်လုပ်နိုင်ရန်အတွက် လွယ်ကူအောင် စတဲ့ အခွင့်အလမ်းများကိုရရှိနိုင်ပါတယ်။

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလအတွင်း ကျောင်းတက်ချင်သူတွေ အနေနဲ့ Myanmar Search International (MSI) ရုံးခန်းမှာ ဖုန်း – ၀၉ ၅၁၀၃၉၁၅၊ ၀၉ ၄၂၀၀၃၇၆၁၆ ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

-သန္တာ