ဧပြီလ ၁၇ရက်မှာ မိတ်ဆက်မယ့် Honor 20i ဓာတ်ပုံတွေ တရားဝင်ထွက်ပေါ်လာ

Huawei ရဲ့ အမှတ်တံဆိပ်ခွဲ Honor ဟာတရုတ်နိုင်ငံမှာ ဧပြီလ ၁၇ရက်အတွင်း Honor 20i စမတ်ဖုန်းကို မိတ်ဆက်မှာ ဖြစ်ပါတယ်။
ကုမ္ပဏီအနေနဲ့ ဖုန်းနဲ့ပတ်သက်ပြီး အချက်အလက်များစွာ မထုတ်ပြန်ခဲ့ဘဲ ရေစက်ပုံစံ notch display နဲ့ 32MP selfie ကင်မရာပါဝင်မယ်လို့ ပြောထားပါတယ်။ အခုဆိုရင် Honor ဟာဖုန်းဒီဇိုင်းပိုင်းထုတ်ပြလိုက်ပြီ ဖြစ်ပါတယ်။
Honor 20i ဓာတ်ပုံတွေကို VMall မှာတင်ထားခဲ့ပြီး ရေစက်ပုံစံ notch display, ကျောဘက်ကင်မရာ ၃လုံးနဲ့ ဖုန်းနောက်ဘက်မှာ fingerprint scanner ပါယင်လာပါတယ်။ Honor 20i ကိုအရောင် ၃ရောင်နဲ့ထုတ်လုပ်မယ်လို့ ဓာတ်ပုံတွေက ဖော်ပြနေပါတယ်။

Honor 20i ဟာ Honor 20 Lite နဲ့အလွန်ဆင်ပြီး Kirin 710 SoC, RAM 4GB, မျက်နှာပြင် ၆.၂၁လက်မ FHD+ display နဲ့ 4,000 mAh ဘက်ထရီပါဝင်လာပါတယ်။ ကင်မရာကတော့ ရှေ့ဘက် 32MP နဲ့ ကျောဘက်မှာ 24MP, 8MP (ultra-wide) နဲ့ 2MP (depth sensor) တို့ပါဝင်လာပါတယ်။

စိုးထက်
Ref: GSMArena