ဧပရယ်ဖူးဒေး ဟာသအဖြစ် Maps app မှာ Snak ဂိမ်းကို Google ထည့်သွင်း

၁၉၉၇ ခုနှစ်မှာ Nokia 6110 ပေါ်မှာ နာမည်ကျော် Snake ဂိမ်းကို ပထမဆုံးအကြိမ်အဖြစ် မိတ်ဆက်ခဲ့ပါတယ်။ အခုဆိုရင် Google က ဧပရယ်ဖူးဒေးအတွက် Google Maps မှာ နာမည်ကျော် Nokia ဂိမ်းကို ထည့်သွင်းလိုက်ပါတယ်။ Google Maps app ရဲ့ iOS နဲ့ Android ဗားရှင်းတွေမှာ ကစားနိုင်ပြီ ဖြစ်ပါတယ်။

Google Maps ရဲ့ဘယ်ဘက်က sidebar option ကိုနှိပ်ပြီး “Play Snake” ဆိုတာကို နှိပ်ပြီး ကစားနိုင်ပါတယ်။
အဲဒီဂိမ်းမှာ ပါဝင်တာက မြွေမဟုတ်ဘဲ တိုယိုကျည်ဆန်ရထား၊ ဆန်ဖရန်စစ္စကို ကေဘယ်ကား ဒါမှမဟုတ် လန်ဒန်နှစ်ထပ်ကားဖြစ်ပြီး 8-bit ဂိမ်းအဖြစ် ခရီးသည်တွေကို လိုက်လံကြိုဆိုရမှာ ဖြစ်ပါတယ်။
ကစားသူက ဖော်ပြထားတဲ့ မြို့ ၆ ခုကို ရွေးချယ်နိုင်ပါတယ်။ အဲဒီမြို့တွေကတော့ ကိုင်ရို၊ ဆော်ပေါ်လို၊ လန်ဒန်၊ ဆစ်ဒနီ၊ ဆန်ဖရန်စစ္စကို၊ တိုကျိုတို့ဖြစ်ပါတယ်။ ဒါ့အပြင် “World” ဆိုတာလည်း ပါဝင်ပြီး မြေပုံတွေမှာ ခရီးသည်တွေကို ကြိုဆိုရမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: CNET