အႏုပညာအထက္တန္းေက်ာင္းမွ ေႏြရာသီပန္တ်ာသင္တန္းသားႏွင့္ ပန္းခ်ီသင္တန္းသားေခၚယူ

[ Zawgyi ]

ရန္ကုန္နဲ႔ မႏၱေလးရွိ အႏုပညာအထက္တန္းေက်ာင္းေတြကေန ေႏြရာသီပန္တ်ာသင္တန္းသားနဲ႔ ပန္းခ်ီသင္တန္းသားေတြ ေခၚယူေနပါတယ္။

တက္ေရာက္ရမယ့္ သူေတြကေတာ့ အသက္ ၅ ႏွစ္ျပည့္ၿပီးသူေတြ ျဖစ္ရမွာျဖစ္ပါတယ္။ သင္တန္းကို ေဖေဖာ္၀ါရီလ ၁၈ ရက္မွာ စတင္ဖြင့္လွစ္မွာျဖစ္ၿပီး ပန္တ်ာ (အဆို/အက)၊ ပန္းခ်ီ သင္တန္းေတြ ျဖစ္ပါတယ္။ ပန္းခ်ီသင္တန္းကို အေျခခံအဆင့္သင္တန္း တက္ေရာက္ၿပီးသူေတြ တန္းျမင့္သင္တန္းသို႔ တက္ေရာက္ႏုိင္မွာျဖစ္ၿပီး တန္းျမင့္သင္တန္းၿပီးဆံုးပါက ေႏြရာသီ သင္႐ိုးကုန္သင္တန္းသို႔ တက္ေရာက္ႏိုင္မွာ ျဖစ္ပါတယ္။ သင္တန္းခ်ိန္ေတြကေတာ့ နံနက္ ၉ နာရီခြဲ မွ နံနက္ ၁၁ နာရီခြဲအထိ တက္ေရာက္ရမွာျဖစ္ၿပီး သင္တန္းေၾကးကေတာ့ ၁၅,၀၀၀ က်ပ္ ျဖစ္ပါတယ္။

ေလွ်ာက္လႊာေတြကို အႏုပညာအထက္တန္းေက်ာင္း (ရန္ကုန္)၊ အမွတ္(၁၃၁)၊ ကမၻာေအးေစတီလမ္း၊ ဗဟန္းၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕။ ဖုန္း ၀၁-၅၅၅၆၄၂၊ အႏုပညာအထက္တန္းေက်ာင္း (မႏၲေလး)၊ ၆၆လမ္း၊ ၂၀-၂၂ လမ္းၾကား၊ မႏၲေလးၿမိဳ႕၊ ဖုန္း ၀၂-၄၀၆၁၁၆၉၊ ၀၂-၄၀၆၁၁၇၀ မွာ ရယူေလွ်ာက္ထားႏိုင္ပါတယ္။

-သႏၲာ

[ Unicode ]

ရန်ကုန်နဲ့ မန္တလေးရှိ အနုပညာအထက်တန်းကျောင်းတွေကနေ နွေရာသီပန်တျာသင်တန်းသားနဲ့ ပန်းချီသင်တန်းသားတွေ ခေါ်ယူနေပါတယ်။

တက်ရောက်ရမယ့် သူတွေကတော့ အသက် ၅ နှစ်ပြည့်ပြီးသူတွေ ဖြစ်ရမှာဖြစ်ပါတယ်။ သင်တန်းကို ဖေဖော်ဝါရီလ ၁၈ ရက်မှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး ပန်တျာ (အဆို/အက)၊ ပန်းချီ သင်တန်းတွေ ဖြစ်ပါတယ်။ ပန်းချီသင်တန်းကို အခြေခံအဆင့်သင်တန်း တက်ရောက်ပြီးသူတွေ တန်းမြင့်သင်တန်းသို့ တက်ရောက်နိုင်မှာဖြစ်ပြီး တန်းမြင့်သင်တန်းပြီးဆုံးပါက နွေရာသီ သင်ရိုးကုန်သင်တန်းသို့ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ သင်တန်းချိန်တွေကတော့ နံနက် ၉ နာရီခွဲ မှ နံနက် ၁၁ နာရီခွဲအထိ တက်ရောက်ရမှာဖြစ်ပြီး သင်တန်းကြေးကတော့ ၁၅,၀၀၀ ကျပ် ဖြစ်ပါတယ်။

လျှောက်လွှာတွေကို အနုပညာအထက်တန်းကျောင်း (ရန်ကုန်)၊ အမှတ်(၁၃၁)၊ ကမ္ဘာအေးစေတီလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၅၅၅၆၄၂၊ အနုပညာအထက်တန်းကျောင်း (မန္တလေး)၊ ၆၆လမ်း၊ ၂၀-၂၂ လမ်းကြား၊ မန္တလေးမြို့၊ ဖုန်း ၀၂-၄၀၆၁၁၆၉၊ ၀၂-၄၀၆၁၁၇၀ မှာ ရယူလျှောက်ထားနိုင်ပါတယ်။