အနုပညာအထက်တန်းကျောင်းများအတွက် သင်တန်းသားသစ်ခေါ်ယူ

[ Zawgyi ]




-သန္တာ

[ Unicode ]

ရန်ကုန်နဲ့ မန္တလေးမြို့များရှိ အနုပညာအထက်တန်းကျောင်းတွေမှာ (ပထမနှစ်) ပန်တျာသင်တန်းနဲ့ ပန်းချီ၊ ပန်းပုသင်တန်းသို့ တက်ရောက်ရန်အတွက် လျှောက်လွှာများခေါ်ယူလျက်ရှိပါတယ်။

အခြေခံပညာအလယ်တန်း(သတ္တမတန်း) အောင်မြင်ပြီးသူများ လျှောက်ထားနိုင်ပြီး ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု ပညာရပ်များအပြင် အခြေခံပညာ (အဋ္ဌမတန်း၊ နဝမတန်းနဲ့ တက္ကသိုလ်ဝင်တန်း) စာပေပညာများကို ပူးတွဲသင်ကြားခွင့်ရရှိမှာ ဖြစ်ပါတယ်။ လျှောက်ထားလိုသူတွေ အနေနဲ့ အနုပညာဦးစီးဌာနနဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ရုံးများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများမှာ ဧပြီလ ၂၉ ရက် နောက်ဆုံးထားလျှောက်ထားနိုင်မှာဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်တွေကို အနုပညာဦးစီးဌာန၊ စီမံရေးရာဌာနခွဲ၊ ရုံးအမှတ်(၃၅)၊ နေပြည်တော် ဖုန်း-၀၆၇-၃၄၀၈၀၃၇၊ အနုပညာဦးစီးဌာန၊ လေ့ကျင့်ရေးနှင့်သုတေသနဌာနခွဲ ၊ ရုံးအမှတ်(၃၅)၊ နေပြည်တော် ဖုန်း-၀၆၇-၃၄၀၈၄၄၃၊ အနုပညာအထက်တန်းကျောင်း(ရန်ကုန်)၊ အမှတ်(၁၃၁)၊ ကမ္ဘောဇရိပ်သာ(ချင်းချောင်းနန်းတော်) ကမ္ဘာအေးစေတီလမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၅၅၅၆၄၂၊ အနုပညာအထက်တန်းကျောင်း(မန္တလေး)၊ ၂၀_၂၂လမ်းကြား၊ ၆၆လမ်း၊ နန်းရှေ့၊ မန္တလေးမြို့ ဖုန်း-၀၂-၄၀၆၁၁၆၉၊ ၀၂-၄၀၆၁၁၇၀ တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။