အွန်လိုင်းပေါ်မှ ဆေးခန်းပြသနိုင်သော Mobile Application ကို မိတ်ဆက်
[ Zawgyi ]
အသေးစိတ်သိလိုပါက ဖုန်း – ၀၉ ၇၉၉၁၁ ၅၅၆၆၊ ၀၉ ၇၉၉၂၂ ၅၅၆၆ နဲ့ MyanCare, Yinthway call center facebook page တို့မှ ပိတ်ရက်မရှိ နံနက် ၉ နာရီမှ ညနေ ၅း၃၀ အတွင်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။
-အောင်သူ
[ Unicode ]
မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုမြင့်မားလာစေဖို့ ရည်ရွယ်ချက်နဲ့ အွန်လိုင်းပေါ်မှ ဆေးခန်းပြသနိုင်တဲ့ Mobile Application ကို MyanCare မှ မိတ်ဆက်လိုက်ပါတယ်။
အသုံးပြုသူအနေနဲ့ MyanCare Application ကို မိမိရဲ့ ဖုန်းထဲမှာ ထည့်သွင်းထားဖို့လိုအပ်ပြီး Application ထဲမှာ ငွေ ကြိုတင်ဖြည့်ထားရမှာ ဖြစ်ပါတယ်။ မိမိရဲ့ ကျန်းမာရေးကိစ္စတွေကို တိုင်ပင်လိုပါက ဆရာဝန်တွေကို Chat, Voice, Video မိမိကြိုက်နှစ်သက်ရာနဲ့ ကြိုတင်ချိန်းဆိုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ချိန်းဆိုတဲ့အချိန်မှာ အင်တာနက်ဖွင့်ပြီး အွန်လိုင်းပေါ်မှာ ဆေးခန်းပြနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ Mobile Application ကို အသုံးပြုခြင်းအားဖြင့် ဆေးရုံ၊ ဆေးခန်းကိုသွားရတဲ့ အခက်အခဲ၊ အချိန်နဲ့ ကုန်ကျစရိတ်အခက်အခဲ စတာတွေကို ကျော်လွှားနိုင်မှာဖြစ်ပြီး ကျေးလက်နေပြည်သူများ အတွက် ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို လွယ်ကူလျင်မြန်စွာ ရရှိနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။လက်ရှိကာလမှာ MyanCare Application ကို စုစုပေါင်း ဆရာဝန် ၂၀ ဦးကျော်နဲ့ ၂၄ နာရီ လည်ပတ်နေပြီး မကြာမီအချိန်မှာလည်း ပိုမိုတိုးချဲ့ ဝန်ဆောင်မှုပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
MyanCare Application ကို Android, iOS version နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ MyanCare Company ဟာ ကလေးအထူးပြု ၂၄ နာရီလည်ပတ်နေတဲ့ ရင်သွေးကျန်းမာရေး Call Center ကို လည်ပတ်နေပြီး တစ်နိုင်ငံလုံးမှ ကလေးပေါင်း ရ,၀၀၀ ကျော်ကို မိသားစုဆရာဝန်တစ်ဦးကဲ့သို့ ကျန်းမာရေးဝန်ဆောင်မှုပေးနေတယ်လို့ သိရပါတယ်။
အသေးစိတ်သိလိုပါက ဖုန်း – ၀၉ ရ၉၉၁၁ ၅၅၆၆၊ ၀၉ ရ၉၉၂၂ ၅၅၆၆ နဲ့ MyanCare, Yinthway call center facebook page တို့မှ ပိတ်ရက်မရှိ နံနက် ၉ နာရီမှ ညနေ ၅း၃၀ အတွင်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။