အျမတ္ေငြရရွိလာတဲ့ Spotify

[ Zawgyi ]

Spotify ဟာ ကုမၸဏီသစ္၂ ခုကုိ ဝယ္ယူၿပီး podcast လုပ္ငန္းႀကီးတစ္ခုျဖစ္ဖို႔ ႀကိဳးပမ္းေနပါတယ္။ အခုဆိုရင္ Spotify ရဲ႕လုပ္ငန္းဟာ ပထမဆုံးအႀကိမ္အျဖစ္ အျမတ္ေငြစတင္ ရရွိလာၿပီျဖစ္ပါတယ္။

Spotify ကုမၸဏီဟာ ၁၃ ႏွစ္ၾကာအၿပီး ေနာက္ပုိင္းမွာ ေငြေၾကးသုံးစြဲၿပီး subscribe လုပ္သူ ၉၆ သန္း ရွိလာပါတယ္။ Spotify ဟာ အျမတ္ေငြရရွိတဲ့ လုပ္ငန္းျဖစ္လာပါတယ္။

“ကုမၸဏီရဲ႕သမိုင္းမွာ ပထမဆုံးအႀကိမ္အျဖစ္ လုပ္ငန္းလည္ပတ္မႈ ဝင္ေငြ၊ စုေပါင္းရရွိေငြနဲ႔ လြတ္လပ္တဲ့ေငြေၾကး စီးဆင္းမႈေတြ အေပါင္းလကၡဏာေဆာင္လာပါတယ္” လို႔ Spotify ရဲ႕ဘ႑ာေရးထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ကုမၸဏီအေနနဲ႔ လုပ္ငန္းလည္ပတ္မႈအျမတ္ေငြ ယူ႐ို ၉၄ သန္း ဒါမွမဟုတ္ ေဒၚလာ ၁၀၇ သန္း ရွိလာပါတယ္။

ဒါဟာ Spotify အတြက္တင္မကဘဲ music streaming လုပ္ငန္းတစ္ခုလုံးအတြက္ ေကာင္းမြန္တဲ့လကၡဏာ ျဖစ္ပါတယ္။ Spotify ကို အခေၾကးေငြ ေပးသြင္းအသုံးျပဳသူ ၉၆ သန္းဟာ Apple Music ကုိ အခေၾကးေငြေပးသြင္းအသုံးျပဳသူ သန္း ၅၀ ထက္ ၂ ဆနီးပါး ရွိပါတယ္။ Spotify ကို စုစုေပါင္း အသုံးျပဳသူဟာ ၿပီးခဲ့တဲ့ ၃ လပတ္အတြင္း ၂၀၇ သန္း ရွိပါတယ္။

ဒါေပမဲ့ Spotify ဟာ လာမယ့္ ၃ လပတ္အတြင္း ယူ႐ိုသန္း ၅၀ ကေန သန္း ၁၀၀ အထိ ဆုံး႐ႈံးႏိုင္တယ္လို႔ ခန္႔မွန္းထားၿပီး တစ္ႏွစ္အတြင္း ယူ႐ိုသန္း ၂၀၀ ကေန သန္း ၃၆၀ အထိ ဆုံး႐ႈံးႏိုင္တယ္လို႔ ခန္႔မွန္းထားပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

Spotify ဟာ ကုမ္ပဏီသစ်၂ ခုကို ဝယ်ယူပြီး podcast လုပ်ငန်းကြီးတစ်ခုဖြစ်ဖို့ ကြိုးပမ်းနေပါတယ်။ အခုဆိုရင် Spotify ရဲ့လုပ်ငန်းဟာ ပထမဆုံးအကြိမ်အဖြစ် အမြတ်ငွေစတင် ရရှိလာပြီဖြစ်ပါတယ်။

Spotify ကုမ္ပဏီဟာ ၁၃ နှစ်ကြာအပြီး နောက်ပိုင်းမှာ ငွေကြေးသုံးစွဲပြီး subscribe လုပ်သူ ၉၆ သန်း ရှိလာပါတယ်။ Spotify ဟာ အမြတ်ငွေရရှိတဲ့ လုပ်ငန်းဖြစ်လာပါတယ်။

“ကုမ္ပဏီရဲ့သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် လုပ်ငန်းလည်ပတ်မှု ဝင်ငွေ၊ စုပေါင်းရရှိငွေနဲ့ လွတ်လပ်တဲ့ငွေကြေး စီးဆင်းမှုတွေ အပေါင်းလက္ခဏာဆောင်လာပါတယ်” လို့ Spotify ရဲ့ဘဏ္ဍာရေးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကုမ္ပဏီအနေနဲ့ လုပ်ငန်းလည်ပတ်မှုအမြတ်ငွေ ယူရို ၉၄ သန်း ဒါမှမဟုတ် ဒေါ်လာ ၁၀၇ သန်း ရှိလာပါတယ်။

ဒါဟာ Spotify အတွက်တင်မကဘဲ music streaming လုပ်ငန်းတစ်ခုလုံးအတွက် ကောင်းမွန်တဲ့လက္ခဏာ ဖြစ်ပါတယ်။ Spotify ကို အခကြေးငွေ ပေးသွင်းအသုံးပြုသူ ၉၆ သန်းဟာ Apple Music ကို အခကြေးငွေပေးသွင်းအသုံးပြုသူ သန်း ၅၀ ထက် ၂ ဆနီးပါး ရှိပါတယ်။ Spotify ကို စုစုပေါင်း အသုံးပြုသူဟာ ပြီးခဲ့တဲ့ ၃ လပတ်အတွင်း ၂၀၇ သန်း ရှိပါတယ်။

ဒါပေမဲ့ Spotify ဟာ လာမယ့် ၃ လပတ်အတွင်း ယူရိုသန်း ၅၀ ကနေ သန်း ၁၀၀ အထိ ဆုံးရှုံးနိုင်တယ်လို့ ခန့်မှန်းထားပြီး တစ်နှစ်အတွင်း ယူရိုသန်း ၂၀၀ ကနေ သန်း ၃၆၀ အထိ ဆုံးရှုံးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။