အျဖဴႏွင့္ေက်ာက္စိမ္း ႏွစ္ေရာင္စပ္ OPPO F9 ဖုန္းကို ပ႐ိုမိုးရွင္းျပဳလုပ္

[ Zawgyi ]

OPPO ရဲ႕ F စီးရီးစမတ္ဖုန္းျဖစ္တဲ့ F9 အျဖဴနဲ႔ ေက်ာက္စိမ္းႏွစ္ေရာင္စပ္ ဖုန္းပမိုရွင္းပြဲကို ဇန္န၀ါရီလ ၁၅ ရက္နဲ႔ ၁၆ ရက္မွာ က်င္းပတဲ့ ရန္ကုန္ကြန္ပ်ဴတာတကၠသိုလ္ ၂ဝ၁၉ ခုႏွစ္ ေမာင္မယ္သစ္လြင္ႀကိဳဆိုပြဲမွာ ျပဳလုပ္ခဲ့ပါတယ္။

အဆိုပါ ေမာင္မယ္သစ္လြင္ႀကိဳဆိုပြဲကို OPPO မွ Diamond Sopnsor အျဖစ္ ပါ၀င္ကူညီပံ့ပိုးေပးခဲ့ၿပီး ပြဲသို႔လာေရာက္တဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြကို အမွတ္တရလက္ေဆာင္ေတြ ေပးအပ္ခဲ့တဲ့အျပင္ အေရာင္သစ္ OPPO F9 ကို ပိုင္ဆုိင္ႏုိင္မယ့္ ေပ်ာ္ရႊင္ဖြယ္ရာ ဓာတ္ပုံၿပိဳင္ပြဲကို က်င္းပခဲ့ပါတယ္။ ဒါ့အျပင္ ပြဲကို ရဲေလး၊ Xbox၊ Project K၊ ပိုပိုေဟသာ၊ ဂ်ဳိကာ စတဲ့ ႏုိင္ငံေက်ာ္အႏုပညာရွင္ေတြ တက္ေရာက္ေဖ်ာ္ေျဖခဲ့ၾကၿပီး ေက်ာင္းသား၊ ေက်ာင္းသူသစ္ေတြထဲမွ King နဲ႔ Queen ေရြးခ်ယ္ျခင္း၊ ထူးခၽြန္ ေက်ာင္းသား ေက်ာင္းသူမ်ားကို ဆုမ်ားေပးအပ္ျခင္းေတြကိုပါ တစ္ပါတည္း ျပဳလုပ္ခဲ့တယ္လို႔သိရပါတယ္။

OPPO ရဲ႕ အေရာင္သစ္ F9 ေမာ္ဒယ္ကို ၄၁၉,၉ဝဝ က်ပ္နဲ႔ ျပည္တြင္းေစ်းကြက္မွာ စတင္ဝယ္ယူႏုိင္ၿပီ ျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

OPPO ရဲ့ F စီးရီးစမတ်ဖုန်းဖြစ်တဲ့ F9 အဖြူနဲ့ ကျောက်စိမ်းနှစ်ရောင်စပ် ဖုန်းပမိုရှင်းပွဲကို ဇန်နဝါရီလ ၁၅ ရက်နဲ့ ၁၆ ရက်မှာ ကျင်းပတဲ့ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ၂ဝ၁၉ ခုနှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို OPPO မှ Diamond Sopnsor အဖြစ် ပါ၀င်ကူညီပံ့ပိုးပေးခဲ့ပြီး ပွဲသို့လာရောက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို အမှတ်တရလက်ဆောင်တွေ ပေးအပ်ခဲ့တဲ့အပြင် အရောင်သစ် OPPO F9 ကို ပိုင်ဆိုင်နိုင်မယ့် ပျော်ရွှင်ဖွယ်ရာ ဓာတ်ပုံပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။ ဒါ့အပြင် ပွဲကို ရဲလေး၊ Xbox၊ Project K၊ ပိုပိုဟေသာ၊ ဂျိုကာ စတဲ့ နိုင်ငံကျော်အနုပညာရှင်တွေ တက်ရောက်ဖျော်ဖြေခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူသစ်တွေထဲမှ King နဲ့ Queen ရွေးချယ်ခြင်း၊ ထူးချွန် ကျောင်းသား ကျောင်းသူများကို ဆုများပေးအပ်ခြင်းတွေကိုပါ တစ်ပါတည်း ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

OPPO ရဲ့ အရောင်သစ် F9 မော်ဒယ်ကို ၄၁၉,၉ဝဝ ကျပ်နဲ့ ပြည်တွင်းစျေးကွက်မှာ စတင် ၀ယ်ယူနိုင်ပြီ ဖြစ်ပါတယ်။