အျပာေရာင္ဖုန္းနဲ႔ အဝါေရာင္ S Pen ျပသထားတဲ့ Samsung Galaxy Note 9 ဓာတ္ပံု ထြက္ေပၚလာ

[ Zawgyi ]

Galaxy Note 9 နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြဟာ တ႐ုတ္နဲ႔ ကိုလံဘီယာတို႔အျပင္ FCC (ႏွစ္ႀကိမ္) နဲ႔ Samsung ႏိုင္ငံတကာ ဝက္ဘ္ဆိုက္ ေလးခုကေန ေပါက္ၾကားထြက္ေပၚခဲ့ၿပီးတဲ့ေနာက္ အခုအခါမွာလည္း Galaxy Note 9 ရဲ႕ တရားဝင္ပိုစတာတစ္ခုဟာ Samsung ဆီကေန ‘မေတာ္တဆ’ ေပါက္ၾကားထြက္ေပၚလာခဲ့ပါတယ္။

အဲ့ဒီ ပိုစတာမွာ “စြမ္းေဆာင္ရည္ အလြန္ျမင့္မားတဲ့ Note အသစ္” ဆိုတဲ့ စာတန္းကို ထည့္သြင္းထားပါတယ္။ ဒီပိုစတာမွာ ေဖာ္ျပထားတဲ့ အတိုင္းသာ မွန္ကန္ခဲ့မယ္ဆိုရင္ Galaxy Note 9 ရဲ႕ဒီဇိုင္းက Galaxy Note 8 နဲ႔ အလြန္ဆင္တူမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ fingerprint sensor ကို ေက်ာဘက္က dual cameras, flash နဲ႔ heart rate monitor ရဲ႕ေအာက္မွာ တပ္ဆင္ထားတဲ့အတြက္ in-display reader ကို ေတြ႕ျမင္ရဖို႔ မရိွပါဘူး။

ဒါ့အျပင္ ပိုစတာမွာ ေဖာ္ျပထားခ်က္အရ Note 9 မွာ နားၾကပ္ေပါက္ ဆက္လက္ပါဝင္လာမွာျဖစ္ပါတယ္။ သတင္းေတြမွာ ေဖာ္ျပထားခ်က္အရ Note 9 မွာ ၆.၄ လက္မ Super AMOLED Infinity Display, Exynos 9810 ဒါမွမဟုတ္ Snapdragon 845 တို႔ပါဝင္ၿပီး အနည္းဆံုး 6GB RAM, 4000mAh ဘက္ထရီတို႔နဲ႔ အသံုးျပဳႏိုင္မယ္လို႔ သိရပါတယ္။

-ေနာင္ေနာင္
Ref: Forbes/GSMArena

[ Unicode ]

Galaxy Note 9 နဲ့ ပတ်သက်တဲ့ အချက်အလက်တွေဟာ တရုတ်နဲ့ ကိုလံဘီယာတို့အပြင် FCC (နှစ်ကြိမ်) နဲ့ Samsung နိုင်ငံတကာ ဝက်ဘ်ဆိုက် လေးခုကနေ ပေါက်ကြားထွက်ပေါ်ခဲ့ပြီးတဲ့နောက် အခုအခါမှာလည်း Galaxy Note 9 ရဲ့ တရားဝင်ပိုစတာတစ်ခုဟာ Samsung ဆီကနေ ‘မတော်တဆ’ ပေါက်ကြားထွက်ပေါ်လာခဲ့ပါတယ်။

အဲ့ဒီ ပိုစတာမှာ “စွမ်းဆောင်ရည် အလွန်မြင့်မားတဲ့ Note အသစ်” ဆိုတဲ့ စာတန်းကို ထည့်သွင်းထားပါတယ်။ ဒီပိုစတာမှာ ဖော်ပြထားတဲ့ အတိုင်းသာ မှန်ကန်ခဲ့မယ်ဆိုရင် Galaxy Note 9 ရဲ့ဒီဇိုင်းက Galaxy Note 8 နဲ့ အလွန်ဆင်တူမှာ ဖြစ်ပါတယ်။ ဒါ့အပြင် fingerprint sensor ကို ကျောဘက်က dual cameras, flash နဲ့ heart rate monitor ရဲ့အောက်မှာ တပ်ဆင်ထားတဲ့အတွက် in-display reader ကို တွေ့မြင်ရဖို့ မရှိပါဘူး။

ဒါ့အပြင် ပိုစတာမှာ ဖော်ပြထားချက်အရ Note 9 မှာ နားကြပ်ပေါက် ဆက်လက်ပါဝင်လာမှာဖြစ်ပါတယ်။ သတင်းတွေမှာ ဖော်ပြထားချက်အရ Note 9 မှာ ၆.၄ လက်မ Super AMOLED Infinity Display, Exynos 9810 ဒါမှမဟုတ် Snapdragon 845 တို့ပါဝင်ပြီး အနည်းဆုံး 6GB RAM, 4000mAh ဘက်ထရီတို့နဲ့ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: Forbes/GSMArena