အေသးစား၊ အလတ္စားစက္မႈလုပ္ငန္းမ်ား Used Machine တင္သြင္းႏိုင္

[ Zawgyi ]

အေသးစား၊ အလတ္စားစက္မႈလုပ္ငန္းေတြ အပါအဝင္ စက္မႈထုတ္ကုန္လုပ္ငန္းေတြ တည္ေထာင္ရာမွာ အေထာက္အကူျပဳေစဖို႔နဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈ ကုန္က်စရိတ္ သက္သာေစဖို႔အတြက္ Used Machine (အသံုးျပဳၿပီး စက္ပစၥည္း) ေတြကို ယခုႏွစ္မွာလည္း တင္သြင္းႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။

စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနက တင္သြင္းခြင့္ျပဳေၾကာင္း ထုတ္ျပန္ထားၿပီး လုပ္ငန္းရွင္ေတြအေနနဲ႔ ထုတ္လုပ္မႈစြမ္းရည္ တိုးတက္ေစဖို႔ရည္ရြယ္ကာ ၁၀ ႏွစ္ထက္ မပိုတဲ့ တိုက္႐ိုက္ အသံုးျပဳႏိုင္မယ့္ စက္ပစၥည္းေတြကို တင္သြင္းႏိုင္မွာျဖစ္ပါတယ္။ တင္သြင္းခြင့္ေလွ်ာက္ထားရာမွာ စံခ်ိန္စံၫႊန္း ျပည့္မီစြာတင္သြင္းရမွာ ျဖစ္ပါတယ္။ အသံုးျပဳႏိုင္တဲ့ စက္ပစၥည္းရဲ႕ အရည္အေသြးပိုင္းဟာ ၈၀ ရာခိုင္ႏႈန္းထက္ မနည္းတဲ့ အရည္အေသြးရွိေနဖို႔လိုေၾကာင္း၊ အသံုးျပဳၿပီး စက္ပစၥည္းတင္သြင္းဖို႔အတြက္ စက္မႈႀကီးၾကပ္ေရးနဲ႔ စစ္ေဆးေရးဦးစီးဌာနရဲ႕ ေထာက္ခံခ်က္ပါရွိဖို႔လိုေၾကာင္း၊ သတ္မွတ္ခ်က္နဲ႔ ကိုက္ညီျခင္းမရွိေၾကာင္း စိစစ္ေတြ႕ရွိပါက သက္ဆိုင္ရာဌာနေတြရဲ႕ အေရးယူေဆာင္ရြက္မႈေတြရွိေၾကာင္း ထုတ္ျပန္ခ်က္မွာ ပါဝင္ပါတယ္။

-ေအာင္သက္ကို

[ Unicode ]

အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းတွေ အပါအဝင် စက်မှုထုတ်ကုန်လုပ်ငန်းတွေ တည်ထောင်ရာမှာ အထောက်အကူပြုစေဖို့နဲ့ ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ် သက်သာစေဖို့အတွက် Used Machine (အသုံးပြုပြီး စက်ပစ္စည်း) တွေကို ယခုနှစ်မှာလည်း တင်သွင်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တင်သွင်းခွင့်ပြုကြောင်း ထုတ်ပြန်ထားပြီး လုပ်ငန်းရှင်တွေအနေနဲ့ ထုတ်လုပ်မှုစွမ်းရည် တိုးတက်စေဖို့ရည်ရွယ်ကာ ၁၀ နှစ်ထက် မပိုတဲ့ တိုက်ရိုက် အသုံးပြုနိုင်မယ့် စက်ပစ္စည်းတွေကို တင်သွင်းနိုင်မှာဖြစ်ပါတယ်။ တင်သွင်းခွင့်လျှောက်ထားရာမှာ စံချိန်စံညွှန်း ပြည့်မီစွာတင်သွင်းရမှာ ဖြစ်ပါတယ်။ အသုံးပြုနိုင်တဲ့ စက်ပစ္စည်းရဲ့ အရည်အသွေးပိုင်းဟာ ၈၀ ရာခိုင်နှုန်းထက် မနည်းတဲ့ အရည်အသွေးရှိနေဖို့လိုကြောင်း၊ အသုံးပြုပြီး စက်ပစ္စည်းတင်သွင်းဖို့အတွက် စက်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေးဦးစီးဌာနရဲ့ ထောက်ခံချက်ပါရှိဖို့လိုကြောင်း၊ သတ်မှတ်ချက်နဲ့ ကိုက်ညီခြင်းမရှိကြောင်း စိစစ်တွေ့ရှိပါက သက်ဆိုင်ရာဌာနတွေရဲ့ အရေးယူဆောင်ရွက်မှုတွေရှိကြောင်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။