အရောင်းပိုင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်မည်
[ Zawgyi ]
-သန္တာ
[ Unicode ]
အရောင်းပိုင်းဆိုင်ရာနဲ့ Customer Service ကိုစိတ်ပါဝင်စားတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် Certificate in Basic Selling Skills နဲ့ Certificate in Customer Care and Customer Service အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်မယ်လို့ သိရပါတယ်။
Certificate in Basic Selling Skills သင်တန်းကို လုပ်ငန်းခွင်ထဲမှာ Sales ( ရောင်းချခြင်း ) နဲ့ ပတ်သက်ပြီး အခြေခံမှ စတင် လေ့လာလိုသူတွေနဲ့ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ကျောင်းတက်ရောက်ရန် ၊ အဝေးသင်ဖြေဆိုပြီး လုပ်ငန်းခွင်ထဲဝင်ရန်အတွက် ပြင်ဆင်နေသူတွေကို အရောင်းနဲ့ ပတ်သက်ပြီး လုပ်ငန်းခွင်ထဲမှာ ကျွမ်းကျင်စွာ လုပ်ကိုင်လိုသူတွေ တက်ရောက်နိုင်မှာဖြစ်ပါတယ်။ သင်တန်းချိန်က အဂါင်္မှသောကြာ၊ နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီအထိ ဖြစ်ပါတယ်။
Certificate in Customer Care and Customer Service သင်တန်းမှာ Customer အသစ်တွေကို ဆွဲဆောင်ခြင်းမှာ ရှိပြီးသားဖောက်သည်များကို ထိန်းသိမ်းခြင်းထက် (၅) ဆ ပိုကုန်ကျနိုင်သောကြောင့် မိမိတို့ Customer များကို မည်သို့ထိန်းသိမ်းမလဲ၊ စနစ်တကျ Plan တွေနဲ့ Customer Service Standard ကို ဘယ်လို တည်ဆောက်မည်လဲ၊ မိမိရဲ့ အချို့သောမသိလိုက်တဲ့အပြုအမှုတွေဟာ မိမိ ဖောက်သည်ထံ မည်ကဲ့သို့ အကျိုးသက်ရောက်မှုတွေ ရှိစေသလဲ အစရှိသည်တို့ကို သိရှိစေဖို့အတွက် F.A.M.E ( Education Center ) မှ Customer Care and Customer ServiceShort Term Training ကို 7Days Workshop မှာ စာတွေ့၊ Case Study ၊ လက်တွေ့မှာမိမိတို့ ကြုံတွေ့နေရတာတွေကို Do and Don’t Discussion တွေနဲ့ သင်ကြားပို့ချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
သင်တန်းချိန်က အဂါင်္ မှ သောကြာနေ့၊ နေ့လယ် ၁ နာရီမှ ၃ နာရီအထိ ဖြစ်ပါတယ်။ သင်တန်းကြေး သုံးသောင်းကျပ် ဖြစ်ပြီး တက်ရောက်လိုသူတွေ အနေနဲ့ အမှတ် ( ၁၂၄ )- ၁ဘီ ၊ ၂၁လမ်း၊ လသာမြို့နယ် ဖုန်း – ၀၉ ၂၅၃ ၈၆၈၁၇၂ နဲ့ ၀၉ ရ၇၇ ၉၃၁၄၆၈ ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။