အေမျဖစ္သူရဲ႕ iPhone ကို ၄၇ ႏွစ္ၾကာ ပိတ္သြားေအာင္ ကေလးငယ္ ျပဳလုပ္မိခဲ့

[ Zawgyi ]

တ႐ုတ္ႏိုင္ငံ၊ ရွန္ဟိုင္းၿမိဳ႕က အသက္၂ ႏွစ္အရြယ္ရွိ ကေလးငယ္ဟာ အေမျဖစ္သူရဲ႕ Apple ဟန္းဆက္ကို မရည္ရြယ္ဘဲနဲ႔ မိနစ္ ၂၅ သန္း ဒါမွမဟုတ္ ၄၇ ႏွစ္တိုင္ lock ျဖစ္သြားေအာင္ ျပဳလုပ္မိခဲ့ပါတယ္။ အဲဒီသတင္းကို South China Morning Post ကေဖာ္ျပ သြားခဲ့ပါတယ္။ ကေလးငယ္အေနနဲ႔ သင္ေထာက္ကူ ဗီဒီယိုေတြကို ၾကည့္ဖို႔ ဖုန္းကို ယူလိုက္ေပမယ့္ iPhone ရဲ႕ lock screen ပဲေတြ႕ရတာေၾကာင့္ စိတ္ဆိုးၿပီး password အမွားကို ထပ္တလဲလဲ ႐ိုက္ထည့္ခဲ့ပါတယ္။

iPhone ဟာ password ကိုမွားယြင္းစြာ ႐ိုက္ထည့္မိတဲ့ အႀကိမ္တိုင္း ဖုန္း lock ျဖစ္မယ့္ အခ်ိန္ကာလ တိုးလာတယ္လုိ႔ South China Morning Post ကေဖာ္ျပခဲ့ပါတယ္။ အေမျဖစ္သူ အိမ္ကုိ ျပန္ေရာက္လာၿပီး ဖုနး္ကို ယူၾကည့္တဲ့အခါ ဖုန္းဟာ မိနစ္ ၂၅ သန္းၾကာမွ ျပန္ပြင့္ေတာ့မွာကို ေတြ႕ရပါတယ္။

ဒါနဲ႔ အေမျဖစ္သူဟာ ဖုန္းကုိ Apple စတိုးဆီ ယူသြားခဲ့ပါတယ္။ သူမအေနနဲ႔ ဖုန္းကုိ factory reset ျပဳလုပ္ရင္ data နဲ႔ settings ေတြအားလုံး ပ်က္သြားမွာျဖစ္ၿပီး ဒါမွမဟုတ္ရင္ ဖုန္းကုိ unlock ျဖစ္ဖို႔ ၄၇ ႏွစ္ ေစာင့္ဆုိင္းရမယ္လို႔ ဆိုင္က နည္းပညာရွင္တစ္ဦးက ေျပာခဲ့ပါတယ္။ သူမအေနနဲ႔ ဖုန္းကုိ factory reset ပဲ ျပဳလုပ္ခဲ့ပါတယ္။

“ကၽြန္မအေနနဲ႔ ဖုန္းျပန္ပြင့္ဖုိ႔ ၄၇ ႏွစ္ေတာ့ မေစာင့္ႏိုင္ဘူးေလ။ ၿပီးေတာ့ ကၽြန္မ ေျမးေတြကို ဒီကိစၥက နင္တို႔အေဖ အျပစ္လို႔ ေျပာရဦးမွာ” လို႔ အေမျဖစ္သူက ေျပာခဲ့ပါတယ္။

အခုလုိကိစၥမ်ိဳး ျဖစ္ေပၚေနတာ တစ္ႀကိမ္မကေတာ့ပါဘူး။ ၂၀၁၄ ခုႏွစ္တုန္းက တစ္စုံတစ္ေယာက္က jaibreak လုပ္ထားတ့ဲ iPhone မွာ passcode အမွားေတြ ၅ ႀကိမ္ ထည့္ၿပီးတဲ့အခါမွာေတာ့ မိနစ္ ၂၃ သန္း ဒါမွမဟုတ္ ၄၅ ႏွစ္ ပိတ္သြားေအာင္ ျပဳလုပ္ခဲ့ဖူးပါတယ္။

ဒါေပမဲ့ jailbreak မလုပ္ထားတဲ့ iPhone မွာေတာ့ passcode အမွားကို ၆ ႀကိမ္ထည့္သြင္းမိရင္ ဖုန္းက ၁ မိနစ္ အၾကာမွ ျပန္ပြင့္လာပါမယ္။

စိုးထက္
Ref: PCMag

[ Unicode ]

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့က အသက်၂ နှစ်အရွယ်ရှိ ကလေးငယ်ဟာ အမေဖြစ်သူရဲ့ Apple ဟန်းဆက်ကို မရည်ရွယ်ဘဲနဲ့ မိနစ် ၂၅ သန်း ဒါမှမဟုတ် ၄၇ နှစ်တိုင် lock ဖြစ်သွားအောင် ပြုလုပ်မိခဲ့ပါတယ်။ အဲဒီသတင်းကို South China Morning Post ကဖော်ပြ သွားခဲ့ပါတယ်။ ကလေးငယ်အနေနဲ့ သင်ထောက်ကူ ဗီဒီယိုတွေကို ကြည့်ဖို့ ဖုန်းကို ယူလိုက်ပေမယ့် iPhone ရဲ့ lock screen ပဲတွေ့ရတာကြောင့် စိတ်ဆိုးပြီး password အမှားကို ထပ်တလဲလဲ ရိုက်ထည့်ခဲ့ပါတယ်။

iPhone ဟာ password ကိုမှားယွင်းစွာ ရိုက်ထည့်မိတဲ့ အကြိမ်တိုင်း ဖုန်း lock ဖြစ်မယ့် အချိန်ကာလ တိုးလာတယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။ အမေဖြစ်သူ အိမ်ကို ပြန်ရောက်လာပြီး ဖုနး်ကို ယူကြည့်တဲ့အခါ ဖုန်းဟာ မိနစ် ၂၅ သန်းကြာမှ ပြန်ပွင့်တော့မှာကို တွေ့ရပါတယ်။

ဒါနဲ့ အမေဖြစ်သူဟာ ဖုန်းကို Apple စတိုးဆီ ယူသွားခဲ့ပါတယ်။ သူမအနေနဲ့ ဖုန်းကို factory reset ပြုလုပ်ရင် data နဲ့ settings တွေအားလုံး ပျက်သွားမှာဖြစ်ပြီး ဒါမှမဟုတ်ရင် ဖုန်းကို unlock ဖြစ်ဖို့ ၄၇ နှစ် စောင့်ဆိုင်းရမယ်လို့ ဆိုင်က နည်းပညာရှင်တစ်ဦးက ပြောခဲ့ပါတယ်။ သူမအနေနဲ့ ဖုန်းကို factory reset ပဲ ပြုလုပ်ခဲ့ပါတယ်။

“ကျွန်မအနေနဲ့ ဖုန်းပြန်ပွင့်ဖို့ ၄၇ နှစ်တော့ မစောင့်နိုင်ဘူးလေ။ ပြီးတော့ ကျွန်မ မြေးတွေကို ဒီကိစ္စက နင်တို့အဖေ အပြစ်လို့ ပြောရဦးမှာ” လို့ အမေဖြစ်သူက ပြောခဲ့ပါတယ်။

အခုလိုကိစ္စမျိုး ဖြစ်ပေါ်နေတာ တစ်ကြိမ်မကတော့ပါဘူး။ ၂၀၁၄ ခုနှစ်တုန်းက တစ်စုံတစ်ယောက်က jaibreak လုပ်ထားတဲ့ iPhone မှာ passcode အမှားတွေ ၅ ကြိမ် ထည့်ပြီးတဲ့အခါမှာတော့ မိနစ် ၂၃ သန်း ဒါမှမဟုတ် ၄၅ နှစ် ပိတ်သွားအောင် ပြုလုပ်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ jailbreak မလုပ်ထားတဲ့ iPhone မှာတော့ passcode အမှားကို ၆ ကြိမ်ထည့်သွင်းမိရင် ဖုန်းက ၁ မိနစ် အကြာမှ ပြန်ပွင့်လာပါမယ်။

စိုးထက်
Ref: PCMag