အေမရိကန္အစိုးရကို တရားစြဲဆိုဖို႔ Huawei စီစဥ္ေနဟုဆို

[ Zawgyi ]

Huawei ဟာ ကမၻာတစ္ဝန္း ပိတ္ပင္ခံရမႈမ်ားစြာၿပီးတဲ့ေနာက္ အေမရိကန္အစိုးရကုိ တရားစြဲဆိုဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ တ႐ုတ္ကုမၸဏီ Huawei အေနနဲ႔ အခုတစ္ပတ္ကုန္မွာ အေမရိကန္အစိုးရနဲ႔ တရား႐ုံးမွာ ထိပ္တိုက္ေတြ႕သြားမယ္လို႔ သီးျခားသတင္းရင္းျမစ္ေတြက ေျပာပါတယ္။

တရားစြဲဆိုမႈကုိ Huawei ရဲ႕အေမရိကန္ဌာနခ်ဳပ္ရွိတဲ့ တက္စ္ဆက္စ္ျပည္နယ္အေရွ႕ဘက္ေဒသမွာ ျပဳလုပ္မွာျဖစ္ပါတယ္။ အေမရိကန္အစိုးရက 5G အေျခခံအေဆာက္အအုံအတြက္ Huawei ရဲ႕ထုတ္ကုန္ေတြ အသုံးျပဳမႈကုိ တားျမစ္တာနဲ႔ အေမရိကန္အစိုးရ အရာရွိေတြ Huawei စမတ္ဖုန္းအသုံးျပဳမႈကုိ တားျမစ္ထားတာေတြနဲ႔ ပတ္သက္တဲ့ အမႈအခင္းျဖစ္လာပါမယ္။

Huawei ဟာ တ႐ုတ္အစိုးရအတြက္ စပိုင္ျပဳလုပ္ေပးေနဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ အေမရိကန္နဲ႔ အျငင္းပြားမႈျဖစ္ေနပါတယ္။ ဒါေပမဲ့ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး သက္ေသသက္ကန္ မရွိပါဘူး။ အေမရိကန္အစိုးရအေနနဲ႔ အမႈကုိ ႐ုံးတင္စစ္ေဆးျခင္းမရွိဘဲ Huawei ထုတ္ကုန္ေတြကုိ ပိတ္ပင္ႏိုင္တဲ့ အခြင့္အေရးမရွိဘူးလို႔ Huawei ကေျပာခဲ့ပါတယ္။ အေမရိကန္ ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ အလားတူမူၾကမ္းေတြကုိ ကြန္ဂရက္က ခြင့္မျပဳႏုိင္ပါဘူး။

စိုးထက္
Ref: GSMArena

[ Unicode ]

Huawei ဟာ ကမ္ဘာတစ်ဝန်း ပိတ်ပင်ခံရမှုများစွာပြီးတဲ့နောက် အမေရိကန်အစိုးရကို တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ တရုတ်ကုမ္ပဏီ Huawei အနေနဲ့ အခုတစ်ပတ်ကုန်မှာ အမေရိကန်အစိုးရနဲ့ တရားရုံးမှာ ထိပ်တိုက်တွေ့သွားမယ်လို့ သီးခြားသတင်းရင်းမြစ်တွေက ပြောပါတယ်။

တရားစွဲဆိုမှုကို Huawei ရဲ့အမေရိကန်ဌာနချုပ်ရှိတဲ့ တက်စ်ဆက်စ်ပြည်နယ်အရှေ့ဘက်ဒေသမှာ ပြုလုပ်မှာဖြစ်ပါတယ်။ အမေရိကန်အစိုးရက 5G အခြေခံအဆောက်အအုံအတွက် Huawei ရဲ့ထုတ်ကုန်တွေ အသုံးပြုမှုကို တားမြစ်တာနဲ့ အမေရိကန်အစိုးရ အရာရှိတွေ Huawei စမတ်ဖုန်းအသုံးပြုမှုကို တားမြစ်ထားတာတွေနဲ့ ပတ်သက်တဲ့ အမှုအခင်းဖြစ်လာပါမယ်။

Huawei ဟာ တရုတ်အစိုးရအတွက် စပိုင်ပြုလုပ်ပေးနေဆိုတဲ့ အကြောင်းပြချက်နဲ့ အမေရိကန်နဲ့ အငြင်းပွားမှုဖြစ်နေပါတယ်။ ဒါပေမဲ့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သက်သေသက်ကန် မရှိပါဘူး။ အမေရိကန်အစိုးရအနေနဲ့ အမှုကို ရုံးတင်စစ်ဆေးခြင်းမရှိဘဲ Huawei ထုတ်ကုန်တွေကို ပိတ်ပင်နိုင်တဲ့ အခွင့်အရေးမရှိဘူးလို့ Huawei ကပြောခဲ့ပါတယ်။ အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အလားတူမူကြမ်းတွေကို ကွန်ဂရက်က ခွင့်မပြုနိုင်ပါဘူး။

Ref: GSMArena