အမေရိကန်နဲ့ Huawei အကြားက အငြင်းပွားမှုနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ
[ Zawgyi ]
တရုတ်ဆက်သွယ်ရေးကုမ္ပဏီအနေနဲ့ ဇန်နဝါရီလနှောင်းပိုင်းမှာ အကြီးမားဆုံး ပြဿနာနဲ့ ကြုံတွေ့ခဲ့ရပြီး အမေရိကန်တရားရေးဌာနက ဥာဏပစ္စည်းဆိုင်ရာခိုးယူ၊ တရားမှုကို တားဆီးမှုနဲ့ အီရန်အပေါ် ချမှတ်ထားတဲ့ အမေရိကန်စီးပွားရေးပိတ်ဆို့မှုကို ချိုးဖောက်မှုအထိ ပါဝင်တဲ့ စွဲချက် ၂၃ခုကို ထုတ်ပြန်သွားပါတယ်။
စိုးထက်
Ref: CNET
[ Unicode ]
Huawei ဟာကမ္ဘာ့နံပါတ် ၁ supplier နဲ့ နံပါတ် ၂ စမတ်ဖုန်း ထုတ်လုပ်သူဖြစ်ပါတယ်။ အခုဆိုရင် Huawei ကို အမေရိကန်အပါအဝင် နိုင်ငံတော်တော်များများမှာ ဝိုင်းပယ်လာကြပါတယ်။ ဒါ့အပြင် CES 2019 ပြပွဲမှာ FBI က Huawei ကိုအသွင်ယူဖမ်းဆီးဖို့ စီစဉ်ထားတယ်လို့ Bloomberg ကဖောြ်ပခဲ့ပါတယ်။
တရုတ်ဆက်သွယ်ရေးကုမ္ပဏီအနေနဲ့ ဇန်နဝါရီလနှောင်းပိုင်းမှာ အကြီးမားဆုံး ပြဿနာနဲ့ ကြုံတွေ့ခဲ့ရပြီး အမေရိကန်တရားရေးဌာနက ဉာဏပစ္စည်းဆိုင်ရာခိုးယူ၊ တရားမှုကို တားဆီးမှုနဲ့ အီရန်အပေါ် ချမှတ်ထားတဲ့ အမေရိကန်စီးပွားရေးပိတ်ဆို့မှုကို ချိုးဖောက်မှုအထိ ပါဝင်တဲ့ စွဲချက် ၂၃ခုကို ထုတ်ပြန်သွားပါတယ်။
Huawei ရဲ့အဓိကပြဿနာက တရုတ်အစိုးရနဲ့ ရင်းနှီးမှုဖြစ်ပြီး အခြားနိုင်ငံတွေနဲ့ ကုမ္ပဏီတွေအပေါ် သူလျိုလုပ်နိုင်တာကြောင့် ကုမ္ပဏီရဲ့ ကိရိယာတွေကို သုံးစွဲဖို့ ကြောက်ရွံ့နေကြပါတယ်။ ဒါကြောင့် ၂၀၁၂ခုနှစ်မှာ အမေရိကန်က Huawei ကွန်ရက်ကိရိယာတွေ အသုံးပြုမှုကို ပိတ်ပင်လိုက်တာဖြစ်ပါတယ်။
လအနည်းငယ်အတွင်းမှာ Huawei စတင်စစ်ဆေးမှုပြုလုပ်လာပြီး ကွန်ရက်ကိရိယာအသုံးပြုမှုကို နိုင်ငံတော်တော်များများက ပိတ်ပင်ခဲ့ကြပါတယ်။ ဒါကြောင့် Huawei ရဲ့စမတ်ဖုန်းတွေဟာ ကမ္ဘာတစ်ဝန်းမှာ ရှိနေပေမယ့်လည်း အမေရိကန်မှာ မြင်တွေ့မှုနည်းပါးသွားပါတယ်။
Huawei အနေနဲ့ စွဲချက်တွေကို ငြင်းပယ်ခဲ့ပြီး အပြစ်ကင်းစင်မှုကို ဆက်လက်ထိန်းသိမ်းဖို့ ကြိုးစားနေပါတယ်။
Ref: CNET