အေမရိကန္က Huawei ကုိအမည္ပ်က္စာရင္းသြင္းၿပီးေနာက္ ဘာေတြဆက္ျဖစ္လာႏိုင္မလဲ

[Zawgyi]

ၿပီးခဲ့တဲ့ေသာၾကာေန႔ ၊ ေမ၂၄ ရက္က အေမရိကန္ကုန္သြယ္ေရးဌာနက Huawei ကုိ “Entity List” စာရင္းလို႔ေခၚတဲ့ အမည္ပ်က္စာရင္းသြင္းလိုက္ပါတယ္။ ဒါေၾကာင့္ အေမရိကန္ကုမၸဏီေတြဟာ Huawei ဆီ hardware နဲ႔ software ေတြတင္ပို႔ေရာင္းခ်ခြင့္ မရွိေတာ့ပါဘူး။ အခု သက္ေရာက္မႈက ရက္အနည္းငယ္အၾကာမွာ ပုိမုိ သိသာလာမွာ ျဖစ္ပါတယ္။

ပီးခဲ့တဲ့တစ္ပတ္က Google ဟာ ကုိယ္ပုိင္ဝန္ေဆာင္မႈေတြကုိ Huawei အသုံးျပဳခြင့္ကုိ ပိတ္ပင္လိုက္ပါတယ္။ Huawei အေနနဲ႔ Android Open Source Project ကုိ ဆက္လက္ အသုံးျပဳႏိုင္ေပမယ့္ Play Store ဒါမွမဟုတ္ အျခား Google ဝန္ေဆာင္မႈေတြကုိေတာ့ အသုံးျပဳႏိုင္မွာ မဟုတ္ပါဘူး။ လက္ရွိ Huawei ထုတ္ကုန္ေတြက ဆက္လက္ အသုံးျပဳႏိုင္ဦးမွာ ျဖစ္သလို update ေတြလည္း ရရွိေနမွာပါ။

တနလၤာေန႔မွာ အေမရိကန္က Huawei အေပၚ ပိတ္ပင္မႈကို ရက္ ၉၀ ဆိုင္းငံ့ခဲ့ပါတယ္။ လြန္ခဲ့တဲ့ရက္အနည္းငယ္က Huawei အေနနဲ႔ သုံးလစာအထိ ေထာက္ပံ့ႏိုင္ဖို႔ ခ်စ္ပ္ေတြနဲ႔ အစိတ္အပိုင္းေတြ ရွိတယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။ Huawei ဟာ ကာလတိုအတြင္း ဖုန္းေတြ ဆက္လက္ ေရာင္းခ်ႏိုင္ပါေသးတယ္။


Honor 20 နဲ႔ 20 Pro ေတြကုိလည္း Huawei က ေမ ၂၁ ရက္က မိတ္ဆက္သြားခဲ့ေပမယ့္ ထြက္ရွိမယ့္ရက္ကုိေတာ့ မထုတ္ျပန္ေသးပါဘူး။ အဲဒီရက္မွာ Huawei Mate 20 Pro ဟာ Android 10 Q beta အစီအစဥ္ကေန ဖယ္ထုတ္ခံခဲ့ရပါတယ္။ ဒါေၾကာင့္ အဓိက OS update ေတြကေတာ့ ရပ္တန္႔သြားပါၿပီ။
၂၂ ရက္ေန႔မွာေတာ့ ARM က Huawei နဲ႔ အဆက္အသြယ္ ျဖတ္ေတာက္ခဲ့ပါတယ္။ Huawei ရဲ႕ Kirin chipset မွာ CPU နဲ႔ GPU (Cortex နဲ႔ Mali) အတြက္ ARM core ေတြကို အသုံးျပဳထားပါတယ္။ ARM ဟာ Huawei ရဲ႕ 5G ကြန္ရက္ခ်စ္ပ္ေတြကုိလည္း ဒီဇိုင္းထုတ္ေပးထားပါတယ္။

ၾကာသပေတးေန႔မွာ TSMC အေနနဲ႔ Huawei ခ်စ္ပ္ေတြကုိ ဆက္လက္ထုတ္လုပ္မယ္လို႔ ေၾကညာလုိက္ပါတယ္။ Huawei ရဲ႕ Kirin 985 ဟာ ပိတ္ပင္ခံရမႈေၾကာင့္ တိုက္႐ိုက္သက္ေရာက္မႈ မရွိဘူးလို႔ BBC ကေဖာ္ျပခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီခ်စ္ပ္ကုိ Mate 20 မွာမိ္တ္ဆက္ဖြယ္ရွိပါတယ္။
တကယ္လို႔ အေမရိကန္က လာမယ့္ရက္အနည္းငယ္အတြင္း Huawei ကုိ Entity List ထဲက ဖယ္ထုတ္လုိက္ရင္ေတာ့ အရာအားလုံးက ပုံမွန္ ျပန္ျဖစ္သြားမွာပါ။ ဒါေပမဲ့ Huawei အေနနဲ႔ အေမရိကန္ hardware နဲ႔ software အေပၚမွီခိုမႈကို ေလွ်ာ႔ခ်သြားမွာ ျဖစ္ၿပီး ကုိယ္ပုိင္ OS ကုိလည္း လုပ္ကုိင္ေနပါတယ္။
ပိတ္ပင္မႈေတြက ဆက္လက္ၾကာရွည္ေနမယ္ဆိုရင္ Huawei ဟာ ပုိမို အထိနာလာၿပီး နာလန္ထူဖို႔ ခက္ခဲလာႏိုင္ပါတယ္။ ၿပိဳင္ဘက္ေတြကလည္း တ႐ုတ္ျပည္ ျပင္ပေဈးကြက္က Huawei ဆုံး႐ႈံးသြားတဲ့ ေဈးကြက္ကုိ အလ်င္အျမန္ ရယူသြားပါလိမ့္မယ္။ Huawei အေနနဲ႔ ဝင္ေငြလည္း နစ္နာမွာပါ။
တကယ္လို႔ အေမရိကန္ရဲ႕ ပိတ္ပင္မႈက လအနည္းငယ္ၾကာျမင့္မယ္ဆိုရင္ Huawei ရဲ႕တ႐ုတ္ျပည္ ျပင္ပလုပ္ငန္းက ဆုံးခန္းတိုင္သြားမွာပါ။ Huawei ဟာ တ႐ုတ္ျပည္ ေဈးကြက္မွာ လုပ္ကုိင္ရေတာ့မွာ ျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ Huawei ရဲ႕ႏိုင္ငံရပ္ျခား စမတ္ဖုန္း၊ laptoop နဲ႔ကြန္ရက္ပစၥည္း လုပ္ငန္းေတြက အေကာင္းအတိုင္း မျဖစ္ႏိုင္ေတာ့ပါဘူး။

အျခားကုမၸဏီေတြက Huawei ဆီကုန္ပစၥည္းေတြ တင္ပို႔မႈ ရပ္ဆိုင္းလိုက္ပါတယ္။ Huawei အေနနဲ႔ ေဒသတြင္း ေထာက္ပံ့သူေတြကုိ (ဥပမာ BOE displays) ရွာေတြ႕ႏိုင္ေပမယ့္ အားလုံးအစားထိုးဖို႔ ခက္ခဲပါတယ္။
EE ဟာ ယူေကမွာ ပထမဆုံး 5G ကြန္ရက္ကုိ လႊင့္တင္မွာ ျဖစ္ပါတယ္။ အဲဒီကြန္ရက္အတြက္ Huawei 5G ဖုန္းေတြကုိ ေရာင္းခ်မယ့္ အစီအစဥ္ကုိ စြန္႔လႊတ္လိုက္ပါတယ္။ အလားတူပဲ Vodafone ကလည္း Huawei Mate 20 X (5G) အတြက္ ႀကိဳတင္မွာယူမႈကို ရပ္တန္႔လိုက္ပါတယ္။ ဂ်ပန္ဆက္သြယ္ေရးကုမၸဏီ KDDI, NTT Docomo နဲ႔ Softbank တို႔ကလည္း Huawei ဖုန္းသစ္ မိတ္ဆက္မႈကို ရပ္ဆိုင္းခဲ့ပါတယ္။

Huawei အေနနဲ႔ SD Association ကေန ထုတ္ပယ္ခံရတာေၾကာင့္ microSD slot ပါဝင္တဲ့ ထုတ္ကုန္သစ္ကုိ မျဖန္႔ခ်ိႏုိင္ပါဘူး။ Huawei မွာ NM card formate ရွိပါတယ္။ အဲဒီကတ္ေတြကို Toshiba ကထုတ္လုပ္တာ ျဖစ္ပါတယ္။ ဒါေပမဲ့ Toshiba က Huawei ဆီကုန္ပစၥည္းတင္ပို႔မႈ ရပ္တန္႔ခဲ့ပါတယ္။
Panasonic ကလည္း Huawei နဲ႔ကုန္သြယ္မႈကို ရပ္ဆုိင္းထားပါတယ္။ Intel, Qualcomm, Xilinx နဲ႔ Broadcom တို႔ကလည္း Huawei ဆီ ကုန္ပစၥည္းတင္ပို႔မႈ ရပ္ဆုိင္းထားပါတယ္။ အခုကိစၥေတြေၾကာင့္ Huawei စမတ္ဖုန္းလုပ္ငန္းအျပင္ ကြန္ပ်ဳတာနဲ႔ ဆာဗာလုပ္ငန္းေတြလည္း ထိခိုက္ႏိုင္ပါတယ္။

Memory ေတြထုတ္လုပ္တဲ့ Infineon ကလည္း Huawei နဲ႔အဆက္အသြယ္ျဖတ္ေတာက္ခဲ့တယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ အဲဒီသတင္းေတြကုိ Infineon ကျငင္းဆိုပါတယ္။
Huawei က အေမရိကန္ကုန္သြယ္ေရးဌာနရဲ႕ ဆုံးျဖတ္ခ်က္အေပၚ ကန္႔ကြက္ခဲ့ၿပီး အရန္စီမံကိန္းေတြ ရွိတယ္လို႔ ေျပာၾကားထားပါတယ္။ ဒါေပမဲ့ ရက္သတၱပတ္တစ္ခုအတြင္း ျဖစ္ရပ္မ်ားစြာ ေပၚေပါက္ခဲ့ပါတယ္။ အဲဒီကိစၥေတြက Huawei အေပၚမွာတင္မဟုတ္ဘဲ အေမရိကန္ကုမၸဏီေတြအေပၚလည္း ထိခိုက္ခဲ့ပါတယ္။ Huawei နဲ႔အေမရိကန္အစိုးရအၾကား ဘာေတြဆက္ျဖစ္လာမလဲ ဆိုတာကေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။

စိုးထက္
Ref: GSMArena

[Unicode]

ပြီးခဲ့တဲ့သောကြာနေ့ ၊ မေ၂၄ ရက်က အမေရိကန်ကုန်သွယ်ရေးဌာနက Huawei ကို “Entity List” စာရင်းလို့ခေါ်တဲ့ အမည်ပျက်စာရင်းသွင်းလိုက်ပါတယ်။ ဒါကြောင့် အမေရိကန်ကုမ္ပဏီတွေဟာ Huawei ဆီ hardware နဲ့ software တွေတင်ပို့ရောင်းချခွင့် မရှိတော့ပါဘူး။ အခု သက်ရောက်မှုက ရက်အနည်းငယ်အကြာမှာ ပိုမို သိသာလာမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က Google ဟာ ကိုယ်ပိုင်ဝန်ဆောင်မှုတွေကို Huawei အသုံးပြုခွင့်ကို ပိတ်ပင်လိုက်ပါတယ်။ Huawei အနေနဲ့ Android Open Source Project ကို ဆက်လက် အသုံးပြုနိုင်ပေမယ့် Play Store ဒါမှမဟုတ် အခြား Google ဝန်ဆောင်မှုတွေကိုတော့ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ လက်ရှိ Huawei ထုတ်ကုန်တွေက ဆက်လက် အသုံးပြုနိုင်ဦးမှာ ဖြစ်သလို update တွေလည်း ရရှိနေမှာပါ။

တနင်္လာနေ့မှာ အမေရိကန်က Huawei အပေါ် ပိတ်ပင်မှုကို ရက် ၉၀ ဆိုင်းငံ့ခဲ့ပါတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က Huawei အနေနဲ့ သုံးလစာအထိ ထောက်ပံ့နိုင်ဖို့ ချစ်ပ်တွေနဲ့ အစိတ်အပိုင်းတွေ ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ Huawei ဟာ ကာလတိုအတွင်း ဖုန်းတွေ ဆက်လက် ရောင်းချနိုင်ပါသေးတယ်။
Honor 20 နဲ့ 20 Pro တွေကိုလည်း Huawei က မေ ၂၁ ရက်က မိတ်ဆက်သွားခဲ့ပေမယ့် ထွက်ရှိမယ့်ရက်ကိုတော့ မထုတ်ပြန်သေးပါဘူး။ အဲဒီရက်မှာ Huawei Mate 20 Pro ဟာ Android 10 Q beta အစီအစဉ်ကနေ ဖယ်ထုတ်ခံခဲ့ရပါတယ်။ ဒါကြောင့် အဓိက OS update တွေကတော့ ရပ်တန့်သွားပါပြီ။
၂၂ ရက်နေ့မှာတော့ ARM က Huawei နဲ့ အဆက်အသွယ် ဖြတ်တောက်ခဲ့ပါတယ်။ Huawei ရဲ့ Kirin chipset မှာ CPU နဲ့ GPU (Cortex နဲ့ Mali) အတွက် ARM core တွေကို အသုံးပြုထားပါတယ်။ ARM ဟာ Huawei ရဲ့ 5G ကွန်ရက်ချစ်ပ်တွေကိုလည်း ဒီဇိုင်းထုတ်ပေးထားပါတယ်။

ကြာသပတေးနေ့မှာ TSMC အနေနဲ့ Huawei ချစ်ပ်တွေကို ဆက်လက်ထုတ်လုပ်မယ်လို့ ကြေညာလိုက်ပါတယ်။ Huawei ရဲ့ Kirin 985 ဟာ ပိတ်ပင်ခံရမှုကြောင့် တိုက်ရိုက်သက်ရောက်မှု မရှိဘူးလို့ BBC ကဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီချစ်ပ်ကို Mate 20 မှာမိ်တ်ဆက်ဖွယ်ရှိပါတယ်။
တကယ်လို့ အမေရိကန်က လာမယ့်ရက်အနည်းငယ်အတွင်း Huawei ကို Entity List ထဲက ဖယ်ထုတ်လိုက်ရင်တော့ အရာအားလုံးက ပုံမှန် ပြန်ဖြစ်သွားမှာပါ။ ဒါပေမဲ့ Huawei အနေနဲ့ အမေရိကန် hardware နဲ့ software အပေါ်မှီခိုမှုကို လျှော့ချသွားမှာ ဖြစ်ပြီး ကိုယ်ပိုင် OS ကိုလည်း လုပ်ကိုင်နေပါတယ်။
ပိတ်ပင်မှုတွေက ဆက်လက်ကြာရှည်နေမယ်ဆိုရင် Huawei ဟာ ပိုမို အထိနာလာပြီး နာလန်ထူဖို့ ခက်ခဲလာနိုင်ပါတယ်။ ပြိုင်ဘက်တွေကလည်း တရုတ်ပြည် ပြင်ပဈေးကွက်က Huawei ဆုံးရှုံးသွားတဲ့ ဈေးကွက်ကို အလျင်အမြန် ရယူသွားပါလိမ့်မယ်။ Huawei အနေနဲ့ ဝင်ငွေလည်း နစ်နာမှာပါ။
တကယ်လို့ အမေရိကန်ရဲ့ ပိတ်ပင်မှုက လအနည်းငယ်ကြာမြင့်မယ်ဆိုရင် Huawei ရဲ့တရုတ်ပြည် ပြင်ပလုပ်ငန်းက ဆုံးခန်းတိုင်သွားမှာပါ။ Huawei ဟာ တရုတ်ပြည် ဈေးကွက်မှာ လုပ်ကိုင်ရတော့မှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Huawei ရဲ့နိုင်ငံရပ်ခြား စမတ်ဖုန်း၊ laptoop နဲ့ကွန်ရက်ပစ္စည်း လုပ်ငန်းတွေက အကောင်းအတိုင်း မဖြစ်နိုင်တော့ပါဘူး။

အခြားကုမ္ပဏီတွေက Huawei ဆီကုန်ပစ္စည်းတွေ တင်ပို့မှု ရပ်ဆိုင်းလိုက်ပါတယ်။ Huawei အနေနဲ့ ဒေသတွင်း ထောက်ပံ့သူတွေကို (ဥပမာ BOE displays) ရှာတွေ့နိုင်ပေမယ့် အားလုံးအစားထိုးဖို့ ခက်ခဲပါတယ်။
EE ဟာ ယူကေမှာ ပထမဆုံး 5G ကွန်ရက်ကို လွှင့်တင်မှာ ဖြစ်ပါတယ်။ အဲဒီကွန်ရက်အတွက် Huawei 5G ဖုန်းတွေကို ရောင်းချမယ့် အစီအစဉ်ကို စွန့်လွှတ်လိုက်ပါတယ်။ အလားတူပဲ Vodafone ကလည်း Huawei Mate 20 X (5G) အတွက် ကြိုတင်မှာယူမှုကို ရပ်တန့်လိုက်ပါတယ်။ ဂျပန်ဆက်သွယ်ရေးကုမ္ပဏီ KDDI, NTT Docomo နဲ့ Softbank တို့ကလည်း Huawei ဖုန်းသစ် မိတ်ဆက်မှုကို ရပ်ဆိုင်းခဲ့ပါတယ်။

Huawei အနေနဲ့ SD Association ကနေ ထုတ်ပယ်ခံရတာကြောင့် microSD slot ပါဝင်တဲ့ ထုတ်ကုန်သစ်ကို မဖြန့်ချိနိုင်ပါဘူး။ Huawei မှာ NM card formate ရှိပါတယ်။ အဲဒီကတ်တွေကို Toshiba ကထုတ်လုပ်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ Toshiba က Huawei ဆီကုန်ပစ္စည်းတင်ပို့မှု ရပ်တန့်ခဲ့ပါတယ်။
Panasonic ကလည်း Huawei နဲ့ကုန်သွယ်မှုကို ရပ်ဆိုင်းထားပါတယ်။ Intel, Qualcomm, Xilinx နဲ့ Broadcom တို့ကလည်း Huawei ဆီ ကုန်ပစ္စည်းတင်ပို့မှု ရပ်ဆိုင်းထားပါတယ်။ အခုကိစ္စတွေကြောင့် Huawei စမတ်ဖုန်းလုပ်ငန်းအပြင် ကွန်ပျုတာနဲ့ ဆာဗာလုပ်ငန်းတွေလည်း ထိခိုက်နိုင်ပါတယ်။

Memory တွေထုတ်လုပ်တဲ့ Infineon ကလည်း Huawei နဲ့အဆက်အသွယ်ဖြတ်တောက်ခဲ့တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ အဲဒီသတင်းတွေကို Infineon ကငြင်းဆိုပါတယ်။
Huawei က အမေရိကန်ကုန်သွယ်ရေးဌာနရဲ့ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ခဲ့ပြီး အရန်စီမံကိန်းတွေ ရှိတယ်လို့ ပြောကြားထားပါတယ်။ ဒါပေမဲ့ ရက်သတ္တပတ်တစ်ခုအတွင်း ဖြစ်ရပ်များစွာ ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီကိစ္စတွေက Huawei အပေါ်မှာတင်မဟုတ်ဘဲ အမေရိကန်ကုမ္ပဏီတွေအပေါ်လည်း ထိခိုက်ခဲ့ပါတယ်။ Huawei နဲ့အမေရိကန်အစိုးရအကြား ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။

စိုးထက်
Ref: GSMArena