အထွေထွေဘဏ်လုပ်ငန်းသင်တန်း အမှတ်စဉ် (၃၃) အတွက် ပြင်ပသင်တန်းသားခေါ်ယူ

[ Zawgyi ]



-သန္တာ

[ Unicode ]

မြန်မာနိုင်ငံဘဏ်များအသင်းက ကြီးမှူးပြီး မြန်မာနိုင်ငံဘဏ်သင်တန်းကျောင်း (Myanmar Institute of Banking) မှာ အထွေထွေဘဏ်လုပ်ငန်းသင်တန်း အမှတ်စဉ် (၃၃) ဖွင့်လှစ်မှာဖြစ်တဲ့အတွက် ပြင်ပသင်တန်းသားတွေ ခေါ် ယူနေပါတယ်။

သင်တန်းကတော့ အချိန်ပြည့် ရက်သတ္တ ၁၂ ပတ် တက်ရောက်ရမှာဖြစ်ပြီး ဇူလိုင် ၁ ရက် မှ စက်တင်ဘာ ၂၀ ရက် အထိ ဖြစ်ပါတယ်။ သင်တန်းမှာ Law, Economics, Banking (Central Banking, Commercial Banking), Accounts, Auditing, Marketing တွေကို သင်ကြားရမှာပါ။ သင်တန်းကို အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး ဘဏ်လုပ်ငန်းကို စိတ်ဝင်စားသူတွေ တက်ရောက်နိုင်ပါတယ်။ သင်တန်းကို ဇွန် ၂၀ ရက် နောက်ဆုံးထား လျှောက်ထားနိုင်ပြီး အသေးစိတ်ကို မြန်မာနိုင်ငံဘဏ်သင်တန်းကျောင်း ဖုန်း-၀၁-၅၄၈၁၄၆၊ ၈၆၀၅၅၄၃ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။