အဆောက်အဦဒီဇိုင်းနှင့် ပတ်သက်သည့် ဆွေးနွေးပွဲပြုလုပ်မည်
[ Zawgyi ]
-ကျော်ဇေယျ
[ Unicode ]
နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ MES ရုံးမှာ အဆောက်အဦနဲ့ ပတ်သက်တဲ့ ဟောပြောဆွေးနွေးပွဲကို ပြုလုပ်မှာဖြစ်ပြီး တက်ရောက်လိုသူများ အနေနဲ့ ကြိုတင်စာရင်းပေးသွင်းနိုင်ပြီလို့ သိရပါတယ်။
နေပြည်တော်ရှိ Design CAD & Enginering Group & Traning Course က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၃ ရက်၊ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်မှာဖြစ်ပါတယ်။ ဟောပြောပွဲမှာ ဆရာအောင်မြတ်သူ Director (SYE Co.,ltd) (Millimeter Training & Design Group), ဆရာရဲမင်းအောင် Director (Thu Kha Pyae Sone Co.ltd) ,(a.e.i.o.u Training Center) တို့က Stability Concepts for Steel Structures , Basic Understanding of Reinforced Concrete Structures , Bridge the Gap Betweens Engineers & Non Engineers, What is BIM, Differences between REVIT & BIM, Construction Management & BIM စတဲ့ ခေါင်းစဉ်တွေနဲ့ ဟောပြောဆွေးနွေးမှာ ဖြစ်ပါတယ်။
တက်ရောက်လိုသူတွေအနေနဲ့ တစ်သောင်းကျပ် ပေးသွင်းရမှာဖြစ်ပြီး အင်ဂျင်နီယာပိုင်းဆိုင်ရာ စာအုပ်တွေကို လက်ဆောင်ပေးခြင်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ Design CAD & Enginering Group & Traning Course ဖုန်း – ၀၉ ရ၇၂၈၄၄၈၇၆ ကို ကြိုတင် စာရင်းပေးသွင်းနိုင်မှာ ဖြစ်ပါတယ်။