August 19, 2018



iPhone X, $99


iPhone X, $50


iPhone 7/8, $30
iPhone 7 Plus/8 Plus, $30


(4) CM4 Q Card Case
iPhone X, $25
iPhone 7/8, $25
iPhone 7 Plus/8 Plus, $25


iPhone 7/8, $85
iPhone 7 Plus/8 Plus, $100


iPhone X, $90
iPhone 8, $70
iPhone 8 Plus, $80


iPhone X, $45


$145


iPhone X, $33
iPhone 7/8 Plus, $32
iPhone 7/8 Plus, $34


iPhone X, $50
iPhone 7/8, $45
iPhone 7/8 Plus, $55


အကောင်းဆုံး iPhone Wallet Case (၁၀) မျိုး

Wallet case တွေဟာ အကျော်ကြားဆုံး iPhone accessory တွေထဲမှာ ပါဝင်ပါတယ်။ ဒါကြောင့် iPhone X, iPhone 8, iPhone 8 Pluks, iPhone 7 နဲ့ iPhone 7 Plus တို့မှာ ကိုယ့်ရဲ့ ကတ်တွေ၊ ငွေကြေးနဲ့ မှတ်ပုံတင်တွေကို တစ်နေရာတည်း စုစည်းထားနိုင်မယ့် စတိုင်ကျလှပတဲ့ အကောင်းဆုံး wallet case တွေကို ဖော်ပြလိုက်ပါတယ်။

(1) Apple iPhone X Leather Folio
iPhone X, $99

အရည်အသွေးမြင့် ဥရောပလယ်သာနဲ့ ပြုလုပ်ထားတဲ့ Apple ရဲ့ ကိုယ်ပိုင် folio case ဟာ iPhone X အတွက် အကောင်းဆုံး Folio option တစ်ခုဖြစ်ပါတယ်။ ကတ်တွေထည့်သွင်းဖို့အတွက် အိတ်ကပ်တွေပါဝင်ပြီး case ကို လှန်လိုက်တာနဲ့ ဖုန်းကို အလိုအလျောက် wake လုပ်ပေးမှာ ဖြစ်ပါတယ်။

(2) tech21 Evo Wallet Case
iPhone X, $50

iPhone ကို မကြာခဏ လွတ်ကျလေ့ရှိတယ်ဆိုရင်တော့ tech21 Evo Wallet case ကို ရွေးချယ်နိုင်ပါတယ်။ ဒီ case ဟာ iPhone X အတွက် အကောင်းဆုံး Rugged option ဖြစ်ပါတယ်။ ၁၀ ပေအမြင့်ကနေ ပြုတ်ကျဒဏ်ခံနိုင်ပါတယ်။ ကတ်တွေထည့်သွင်းဖို့အတွက် slot တွေပါဝင်ပါတယ်။

(3) OtterBox Strada Series
iPhone 7/8, $30
iPhone 7 Plus/8 Plus, $30

OtterBox ရဲ့ Strada စီးရီး iPhone case တွေဟာ စတိုင်ကျလှပသလို အကြမ်းလည်းခံပါတယ်။ Case မှာပါဝင်တဲ့ အိတ်ကပ်တွေက ကတ် နှစ်ခုလောက်ပဲ ထည့်သွင်းနိုင်ပါတယ်။

(4) CM4 Q Card Case
iPhone X, $25
iPhone 7/8, $25
iPhone 7 Plus/8 Plus, $25

CM4 ရဲ့ Q Card case မှာ ကတ် ၃ ခုအထိ အလွယ်တကူ ထည့်သွင်းနိုင်ပါတယ်။ iPhone လွတ်ကျတဲ့အခါမှာလည်း အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကတ်တွေထဲကတစ်ခုကို kickstand တစ်ခုအနေနဲ့ သုံးနိုင်ပါတယ်။

(5) Kate Spade iPhone Leather Wristlet
iPhone 7/8, $85
iPhone 7 Plus/8 Plus, $100

ဒါကတော့ ဖက်ရှင်ကျလိုသူတွေအတွက် ဖြစ်ပါတယ်။ အကြမ်းခံနိုင်တဲ့ saffiano သားရေနဲ့ပြုလုပ်ထားပြီး စမတ်ဖုန်းမှာ ကတ်တွေနဲ့ ပိုက်ဆံတွေကို လုံခြုံစွာ သိမ်းပေးထားနိုင်ပါတယ်။

(6) Pad & Quill Bella Fino Wallet Case
iPhone X, $90
iPhone 8, $70
iPhone 8 Plus, $80

ဒီ သားရေ case ကတော့ iPhone ကို ကြိုးမဲ့စနစ်နဲ့အားသွင်းနိုင်တဲ့အထိ ပါးလွှာပါတယ်။ ကတ်အချို့ကို ထည့်သွင်းထားနိုင်သလို ကားမောင်းလိုင်စင်အတွက် slot တစ်ခုလည်း ပါဝင်ပါတယ်။

(7) Nomad Leather Wallet Case
iPhone X, $45

Nomad ရဲ့ စတိုင်ကျလှပတဲ့ wallet case ကို အရည်အသွေးမြင့် Horween သားရေနဲ့ ပြုလုပ်ထားပါတယ်။ ကျောဘက်မှာ ကတ်နှစ်ခုထည့်သွင်းနိုင်မယ့် အိတ်ကပ်တွေပါဝင်ပါတယ်။

(8) Rebecca Minkoff Vanity Leather Phone Wallet
$145

ဒါကတော့ case တပ်ရမှာ မကြိုက်သူတွေအတွက် အကောင်းဆုံး ရွေးချယ်စရာဖြစ်ပါတယ်။ အတွင်းဇစ်မှာ card slot သုံးခု ပါဝင်ပါတယ်။ လက်ပတ်ကြိုးကို ဖြုတ်ပြီး အသုံးပြုနိုင်သလို iPhone မော်ဒယ်အားလုံးကိုလည်း ထည့်သွင်းနိုင်ပါတယ်။

(9) Speck Presidio Wallet Case
iPhone X, $33
iPhone 7/8 Plus, $32
iPhone 7/8 Plus, $34

Speck ရဲ့ Presidio wallet case ဟာ ဖုန်းကိုအကောင်းဆုံး ကာကွယ်ပေးနိုင်ပြီး ၁၀ ပေအမြင့်က ပြုတ်ကျဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။ ကျောဘက်မှာ ကတ်သုံးကတ်ထည့်နိုင်တဲ့ slot တစ်ခု ပါဝင်ပါတယ်။

(10) Mujjo Slim Leather Wallet Case
iPhone X, $50
iPhone 7/8, $45
iPhone 7/8 Plus, $55

7/7Plus နဲ့အထက် iPhone မော်ဒယ်အားလုံးအတွက် ရရှိနိုင်တဲ့ Mujjo slim leather case ဟာ အတော့်ကိုပါးလွှာတဲ့ case တစ်ခု ဖြစ်ပါတယ်။ ကျောဘက်အိတ်မှာ ကတ်အချို့ ထည့်သွင်းထားနိုင်ပါတယ်။