အီး စီးကရက္ကို ပိတ္ပင္ တားျမစ္ၾကေတာ့မွာလား

[ Zawgyi ]

ေဆးတန္နဲ႔စီးကရက္ကို စြဲလန္းစြာ ေသာက္ေလ့ရွိသူေတြအတြက္ အစားထိုးစရာအျဖစ္ အီး စီးကရက္ (e-cigarettes) မ်ားကို တီထြင္ထုတ္လုပ္ေရာင္းခ်ခဲ့ၾကတယ္။ နီကိုတင္းဓာတ္ သဘာဝပါေသာ အရည္ျဖင့္ အေငြ႕အျဖစ္ ထုတ္ေပးေစေသာ အီလက္ထရြန္နစ္ စီးကရက္လုိ႔ ေယဘုယ် နားလည္ထားခဲ့ၾကတယ္။ တစ္နည္းဆုိရင္ မီးခိုးမထြက္ေစတဲ့ စီးကရက္အျဖစ္ ဖန္တီးယူခဲ့ၾကတာျဖစ္တယ္။ စိတ္အပန္းေျဖစရာ အီလက္ထရြန္နစ္ကိရိယာေလးအျဖစ္ အသံုးျပဳလုိသူမ်ား၊ ဒါမွမဟုတ္ ေဆးတန္နဲ႔ စီးကရက္ကို စြဲလန္းေနမႈကို ျဖတ္ေတာက္ လိုသူမ်ားအတြက္ မူလအစက ရည္ရြယ္ထုတ္လုပ္ ဖန္တီးခဲ့ၾကတာလုိ႔ သိခဲ့ၾကတယ္။ အသံုးျပဳသူမ်ားအေနနဲ႔ ေဆးလိပ္ျဖတ္ရာမွာ တျဖည္းျဖည္း ေလ်ာ့နည္းေစဖုိ႔ အာသာေျပ အသံုးျပဳႏုိင္တယ္လုိ႔ အေၾကာင္းျပခဲ့ၾကသလုိ က်န္းမာေရးထိခိုက္မႈလည္း အင္မတန္နည္းပါးတယ္လုိ႔ ဆုိၾကတယ္။

တခ်ိဳ႕ကေတာ့ ေဆးလိပ္မေသာက္ရလုိ႔ ကန္႔သတ္ထားတဲ့ နယ္ေျမဧရိယာေတြမွာ ဥပေဒလြတ္ အသံုးျပဳခြင့္ ရႏိုင္တယ္လုိ႔ ညႊန္းဆိုၿပီး ဝယ္ယူအသံုးျပဳၾကတယ္။ အီး စီးကရက္ကို Vaporizer Cigarette လို႔ ေခၚဆိုသူမ်ား ရွိသ လို Vape pen လုိ႔ ေခၚသူမ်ား လည္း ရွိတယ္။ အမ်ားအားျဖင့္ အီး စီးကရက္ေသာက္သံုးမႈကို Vaping ျပဳလုပ္တယ္လုိ႔ လူငယ္ ၾကားမွာ ေျပာဆိုေလ့ရွိတယ္။ ပီျပင္တဲ့ အီး စီးကရက္ထုတ္လုပ္မႈ ကို ၂၀၀၄ ခုႏွစ္က စတင္လာခဲ့တယ္။ တ႐ုတ္ႏုိင္ငံေစ်းကြက္မွာ အီး စီးကရက္ေတြကို အေရအတြက္အားျဖင့္ သန္းခ်ီေရာင္းႏုိင္ ခဲ့ၾကတယ္။ အေမရိကန္ႏုိင္ငံရဲ႕ အသက္ႀကီးပိုင္း ၃.၂ % ကလည္း အီး စီးကရက္ကို ဝယ္ယူအသံုးျပဳ ေနၾကတယ္။ ၂၀၀၄ ခုႏွစ္ကေန ၂၀၁၆ ခုႏွစ္အတြင္း ကမ႓ာတစ္ဝန္းလံုးမွာရွိတဲ့ ႏုိင္ငံေတာ္ေတာ္ မ်ားမ်ားမွာ အီး စီးကရက္ေစ်းကြက္ေကာင္းခဲ့တယ္။ အေမရိကန္ႏုိင္ငံရဲ႕ အထက္တန္း ေက်ာင္းသားေတြအၾကား ၂၀၁၁ ခုႏွစ္က ေန ၂၀၁၅ ခုႏွစ္အတြင္း အထူး ေပၚျပဴလာ ျဖစ္ခဲ့တယ္။

ဒါေပမဲ့ မၾကာေသးခင္က Vaping ျပဳလုပ္ျခင္းက က်န္းမာေရးကို ထိခုိက္ေစတယ္လုိ႔ သုေတသန စာတမ္းမ်ားနဲ႔ တင္ျပေျပာဆိုမႈမ်ား ရွိလာတယ္။ ေနာက္ဆံုး အေမရိကန္ႏုိင္ငံရဲ႕ FDA (Food and Drug Administration) အဖြဲ႕အစည္းက ျပည္နယ္ႀကီးတခ်ိဳ႕မွာ တားျမစ္ပိတ္ပင္ဖုိ႔ အစီရင္ခံစာျပဳစုကာ တရားေရးအဖြဲ႕အစည္းမ်ားကို တင္ျပၾကတယ္။ စင္ကာပူႏုိင္ငံ၊ ထုိင္းႏုိင္ငံနဲ႔ ဘရာဇီးႏုိင္ငံေတြကလည္း အီး စီးကရက္ တားျမစ္ပိတ္ပင္ဖုိ႔ စီစဥ္ေဆာင္ရြက္ေနၾကၿပီ ျဖစ္တယ္။

တကယ္ေတာ့ မီးခုိးမဲ့ ေဆးရြက္ေဆး႐ိုးမပါတဲ့ စီးကရက္အျဖစ္ နမူနာပံုစံျပဳမႈကို ၁၉၆၃ ခုႏွစ္ က Herbert A. Gillbert ဆိုသူက ႀကံဆၿပီး မွတ္ပံုတင္ထားခဲ့တယ္။ ဒါေပမဲ့ ၂၀၀၃ ခုႏွစ္အထိ ထုတ္လုပ္ေရာင္းခ်မႈ မရွိခဲ့ေပ။ တ႐ုတ္လူမ်ိဳး ေဆးဝါးပညာရွင္ Hon Lik ဆိုသူက ဒီေန႔ျမင္ေတြ႕ေနၾကရတဲ့ အီး စီးကရက္စတုိင္ပံုစံနဲ႔ ၂၀၀၅ ခုႏွစ္မွာ ထုတ္လုပ္ေရာင္းခ်ရင္း အမွတ္တံဆိပ္နဲ႔ ပံုစံအမ်ိဳး အစားေပါင္း ၄၆၀ ေက်ာ္အထိရွိကာ ေစ်းကြက္ထဲကို ေရာက္ရွိေစခဲ့တာလုိ႔ မွတ္တမ္းမ်ားမွာ ေတြ႕ၾကရတယ္။ အေမရိကန္ႏိုင္ငံသား စတင္ႀကံဆခဲ့တဲ့ အီး စီးကရက္ အမ်ိဳးအစားက တ႐ုတ္ႏိုင္ငံရဲ႕ ေစ်းကြက္ျဖန္႔က်က္မႈေၾကာင့္ ေပၚျပဳလာျဖစ္သြားခဲ့တယ္လုိ႔ မွတ္ယူလုိက္ရေတာ့မွာ ျဖစ္တယ္။

အီး စီးကရက္ကို တစ္ခါသံုးပံုစံနဲ႔ ေတြ႕ႏိုင္သလို အရည္ျဖည့္ တင္းယူႏုိင္တဲ့ Cartridge ပါတဲ့ ပံုစံနဲ႔လည္း ဝယ္ယူရရွိႏိုင္ပါတယ္။ ဒါ့အျပင္ အသံုးျပဳတဲ့ ဘက္ထရီကလည္း rechargeable ပံုစံနဲ႔ လည္း ရရွိႏိုင္ပါတယ္။ အသံုးခ်တဲ့အရည္မွာ နီကိုတင္းစီး႐ိုးလုိ႔ ဆိုညႊန္းထားတဲ့ အီးစီးကရက္မ်ား ရရွိႏုိင္သလို Extra-high ဆုိတဲ့ အညႊန္းနဲ႔လည္း ရယူႏိုင္တယ္။ နီကိုတင္း ထည့္သြင္း ပါဝင္ထားတဲ့ အီး စီးကရက္ေတြမွာ နီကိုတင္း ဓာတ္ ၂၄ မီလီဂရမ္ကေန ၃၆ မီလီဂရမ္အထိ ထည့္သြင္းထားတာ ေတြ႕ၾကရတယ္။

အီး စီးကရက္ တည္ေဆာက္ထားပံုကို ေလ့လာၾကည့္ရင္ ပထမဆံုး ေဆးတန္လုိ စီးကရက္စြပ္တန္လုိ ပါးစပ္မွာ ကိုက္ခဲထားႏိုင္တဲ့ Mouthpiece ပါတယ္။ Liquid Cartridge ပါတယ္။ အပူေပးႏုိင္တဲ့ atomizer ပါတယ္။ အပူေပးႏိုင္ဖုိ႔ ဘက္ထရီထည့္သြင္းထားတယ္။ အီး စီးကရက္ ေသာက္သံုးတဲ့အခါ sensor ကေန activate လုပ္ေပးတယ္။ Activate လုပ္ေန ေၾကာင္းကို LED မီးေလးနဲ႔ ျပဆိုေပးတဲ့ အီး စီးကရက္လည္း ရွိတယ္။ e-liquid ဒါမွမဟုတ္ e-juice လို႔ ေခၚတဲ့ ေပ်ာ္ရည္ solution က အမ်ားအားျဖင့္ ေဆးရြက္ႀကီးက ထုတ္လုပ္တဲ့ နီကိုတင္းကို အေျခခံပါဝင္ေစတယ္။ ပ႐ိုပလင္း ဂလိုင္ေကာ (propylene glycol) ပါဝင္ႏုိင္တယ္။ ပ႐ိုပလင္း ဂလိုင္ေကာ ဆိုတာက ပန္းနာရင္ၾကပ္ သမားေတြသံုးတဲ့ ႐ူထုတ္ကိရိယာထဲမွာ ပါေလ့ရွိတယ္။ ဒီေပ်ာ္ရည္ကို အနံ႔အရသာ flavours အမ်ိဳးမ်ိဳးျဖင့္ စြဲမက္မႈျပဳေစတယ္။ သမ႐ိုးက် ပ႐ုပ္ေအး စီးကရက္ေသာက္တဲ့ အရသာမ်ိဳးရွိေစတဲ့ ေဆးရြက္ႀကီးနဲ႔ ပ႐ုပ္ေရာထားတဲ့ အနံ႔အရသာမ်ိဳးလည္း ရႏိုင္တယ္။

CDC (Center of Disease Control and Prevention) အဖြဲ႕ အစည္းႀကီးအေနနဲ႔ ၂၀၁၅ ခုႏွစ္က ေလ့လာသုံးသပ္ခ်က္အရ ေဆးလိပ္ျဖတ္ရန္ ရည္ရြယ္ခ်က္နဲ႔ အီး စီးကရက္ကို အသံုးျပဳရင္ ၅၈ % ေလာက္က ေဆးလ္ိပ္ကို စြဲစြဲလန္းလန္း ျပန္ေသာက္သြားတယ္လုိ႔ သိရတယ္။ ဒါ့အျပင္ လူငယ္မ်ားအတြက္ မသင့္ေတာ္ေၾကာင္း၊ လံုးဝေဆးလိပ္မေသာက္ ခဲ့သူမ်ားကိုလည္း မသံုးသင့္ေၾကာင္း၊ ကိုယ္ဝန္ေဆာင္မ်ား လံုးဝေရွာင္ရွားသင့္ေၾကာင္း အႀကံေပးေဟာ ေျပာမႈမ်ား ျပဳလုပ္ခဲ့တယ္။

NIDA (National Institute on Drug Abuse) ကလည္း အီး စီးကရက္နဲ႔ ပတ္သက္ၿပီး ေလ့လာသိရွိသမွ် စြန္႔စားမႈမ်ားကို ေဖာ္ျပခဲ့ၾကတယ္။ အီး စီးကရက္အမ်ားစုမွာ နီကိုတင္းပါတယ္။ ဆယ္ေက်ာ္သက္အရြယ္မ်ားရဲ႕ လန္းဆန္းတဲ့ ဦးေႏွာက္မွာ စြဲသြားကာ အဆင့္တက္ဖို႔ ႀကိဳးစားလာႏုိင္တယ္။ ကိုယ္ဝန္ေဆာင္မ်ား အသံုးျပဳပါက သေႏၶသားကို ထိခိုက္ေစႏိုင္တယ္။ ေပ်ာ္ရည္မွာထည့္တဲ့ အနံ႔အရသာမ်ားက အဆိပ္အေတာက္ ျဖစ္ေစႏုိင္တယ္။ အဆုတ္ေရာဂါကိုလည္း ျဖစ္ေစႏိုင္တယ္။ အမွတ္တမဲ့ အရည္မ်ားယိုဖိတ္ၿပီး ပါးစပ္ထဲ ဝင္သြားပါက အဆိပ္သဖြယ္ ျဖစ္သြားေစႏုိင္တယ္ စသလိုအေၾကာင္းျပခ်က္မ်ားနဲ႔ ေဖာ္ျပခဲ့တာ ျဖစ္တယ္။

အီး စီးကရက္ကို စတင္တီထြင္ေရာင္းခ်ရင္း ႏိုင္ငံေတာ္ေတာ္ မ်ားမ်ားမွာ ေပၚျပဴလာျဖစ္ခဲ့ရတဲ့ ျမန္ဆန္မႈ ႏႈန္းထားျမင့္မားခဲ့သလို အီး စီးကရက္ကို အသံုးျပဳသင့္ေၾကာင္း သတင္းျဖန္႔က်က္မႈ ႏႈန္းထားကလည္း ျမန္ဆန္လာတာေၾကာင့္ ကမ႓ာတစ္ဝန္းလံုးရွိ ႏုိင္ငံအသီးသီးက အီး စီးကရက္ကို တားျမစ္ပိတ္ပင္တဲ့ ေၾကျငာခ်က္မ်ား ထြက္လာစရာရွိေၾကာင္း တင္ျပေပးလုိက္ရပါတယ္။

-ဦးေသာင္းဝင္း(ပန္းခ်ယ္ရီ)

[ Unicode ]

ဆေးတန်နဲ့စီးကရက်ကို စွဲလန်းစွာ သောက်လေ့ရှိသူတွေအတွက် အစားထိုးစရာအဖြစ် အီး စီးကရက် (e-cigarettes) များကို တီထွင်ထုတ်လုပ်ရောင်းချခဲ့ကြတယ်။ နီကိုတင်းဓာတ် သဘာဝပါသော အရည်ဖြင့် အငွေ့အဖြစ် ထုတ်ပေးစေသော အီလက်ထရွန် နစ်စီးကရက်လို့ ယေဘုယျ နားလည်ထားခဲ့ကြတယ်။ တစ်နည်းဆိုရင် မီးခိုးမထွက်စေတဲ့ စီးကရက်အဖြစ် ဖန်တီးယူခဲ့ကြတာဖြစ်တယ်။ စိတ်အပန်းဖြေစရာ အီလက်ထရွန်နစ်ကိရိယာလေးအဖြစ် အသုံးပြုလိုသူများ၊ ဒါမှမဟုတ် ဆေးတန်နဲ့ စီးကရက်ကို စွဲလန်းနေမှုကို ဖြတ်တောက် လိုသူများအတွက် မူလအစက ရည်ရွယ်ထုတ်လုပ် ဖန်တီးခဲ့ကြတာလို့ သိခဲ့ကြတယ်။ အသုံးပြုသူများအနေနဲ့ ဆေးလိပ်ဖြတ်ရာမှာ တဖြည်းဖြည်း လျော့နည်းစေဖို့ အာသာပြေ အသုံးပြုနိုင်တယ်လို့ အကြောင်းပြခဲ့ကြသလို ကျန်းမာရေးထိခိုက်မှုလည်း အင်မတန်နည်းပါးတယ်လို့ ဆိုကြတယ်။

တချို့ကတော့ ဆေးလိပ်မသောက်ရလို့ ကန့်သတ်ထားတဲ့ နယ်မြေဧရိယာတွေမှာ ဥပဒေလွတ် အသုံးပြုခွင့် ရနိုင်တယ်လို့ ညွှန်းဆိုပြီး ဝယ်ယူအသုံးပြုကြတယ်။ အီး စီးကရက်ကို Vaporizer Cigarette လို့ ခေါ်ဆိုသူများ ရှိသ လို Vape pen လို့ ခေါ်သူများ လည်း ရှိတယ်။ အများအားဖြင့် အီး စီးကရက်သောက်သုံးမှုကို Vaping ပြုလုပ်တယ်လို့ လူငယ် ကြားမှာ ပြောဆိုလေ့ရှိတယ်။ ပီပြင်တဲ့ အီး စီးကရက်ထုတ်လုပ်မှု ကို ၂၀၀၄ ခုနှစ်က စတင်လာခဲ့တယ်။ တရုတ်နိုင်ငံစျေးကွက်မှာ အီး စီးကရက်တွေကို အရေအတွက်အားဖြင့် သန်းချီရောင်းနိုင် ခဲ့ကြတယ်။ အမေရိကန်နိုင်ငံရဲ့ အသက်ကြီးပိုင်း ၃.၂ % ကလည်း အီး စီးကရက်ကို ဝယ်ယူအသုံးပြု နေကြတယ်။ ၂၀၀၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း ကမ႓ာတစ်ဝန်းလုံးမှာရှိတဲ့ နိုင်ငံတော်တော် များများမှာ အီး စီးကရက်စျေးကွက်ကောင်းခဲ့တယ်။ အမေရိကန်နိုင်ငံရဲ့ အထက်တန်း ကျောင်းသားတွေအကြား ၂၀၁၁ ခုနှစ်က နေ ၂၀၁၅ ခုနှစ်အတွင်း အထူး ပေါ်ပြူလာ ဖြစ်ခဲ့တယ်။

ဒါပေမဲ့ မကြာသေးခင်က Vaping ပြုလုပ်ခြင်းက ကျန်းမာရေးကို ထိခိုက်စေတယ်လို့ သုတေသန စာတမ်းများနဲ့ တင်ပြပြောဆိုမှုများ ရှိလာတယ်။ နောက်ဆုံး အမေရိကန်နိုင်ငံရဲ့ FDA (Food and Drug Administration) အဖွဲ့အစည်းက ပြည်နယ်ကြီးတချို့မှာ တားမြစ်ပိတ်ပင်ဖို့ အစီရင်ခံစာပြုစုကာ တရားရေးအဖွဲ့အစည်းများကို တင်ပြကြတယ်။ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ ဘရာဇီးနိုင်ငံတွေကလည်း အီး စီးကရက် တားမြစ်ပိတ်ပင်ဖို့ စီစဉ်ဆောင်ရွက်နေကြပြီ ဖြစ်တယ်။

တကယ်တော့ မီးခိုးမဲ့ ဆေးရွက်ဆေးရိုးမပါတဲ့ စီးကရက်အဖြစ် နမူနာပုံစံပြုမှုကို ၁၉၆၃ ခုနှစ် က Herbert A. Gillbert ဆိုသူက ကြံဆပြီး မှတ်ပုံတင်ထားခဲ့တယ်။ ဒါပေမဲ့ ၂၀၀၃ ခုနှစ်အထိ ထုတ်လုပ်ရောင်းချမှု မရှိခဲ့ပေ။ တရုတ်လူမျိုး ဆေးဝါးပညာရှင် Hon Lik ဆိုသူက ဒီနေ့မြင်တွေ့နေကြရတဲ့ အီး စီးကရက်စတိုင်ပုံစံနဲ့ ၂၀၀၅ ခုနှစ်မှာ ထုတ်လုပ်ရောင်းချရင်း အမှတ်တံဆိပ်နဲ့ ပုံစံအမျိုး အစားပေါင်း ၄၆၀ ကျော်အထိရှိကာ စျေးကွက်ထဲကို ရောက်ရှိစေခဲ့တာလို့ မှတ်တမ်းများမှာ တွေ့ကြရတယ်။ အမေရိကန်နိုင်ငံသား စတင်ကြံဆခဲ့တဲ့ အီး စီးကရက် အမျိုးအစားက တရုတ်နိုင်ငံရဲ့ စျေးကွက်ဖြန့်ကျက်မှုကြောင့် ပေါ်ပြုလာဖြစ်သွားခဲ့တယ်လို့ မှတ်ယူလိုက်ရတော့မှာ ဖြစ်တယ်။

အီး စီးကရက်ကို တစ်ခါသုံးပုံစံနဲ့ တွေ့နိုင်သလို အရည်ဖြည့် တင်းယူနိုင်တဲ့ Cartridge ပါတဲ့ ပုံစံနဲ့လည်း ဝယ်ယူရရှိနိုင်ပါတယ်။ ဒါ့အပြင် အသုံးပြုတဲ့ ဘက်ထရီကလည်း rechargeable ပုံစံနဲ့ လည်း ရရှိနိုင်ပါတယ်။ အသုံးချတဲ့အရည်မှာ နီကိုတင်းစီးရိုးလို့ ဆိုညွှန်းထားတဲ့ အီးစီးကရက်များ ရရှိနိုင်သလို Extra-high ဆိုတဲ့ အညွှန်းနဲ့လည်း ရယူနိုင်တယ်။ နီကိုတင်း ထည့်သွင်း ပါဝင်ထားတဲ့ အီး စီးကရက်တွေမှာ နီကိုတင်း ဓာတ် ၂၄ မီလီဂရမ်ကနေ ၃၆ မီလီဂရမ်အထိ ထည့်သွင်းထားတာ တွေ့ကြရတယ်။

အီး စီးကရက် တည်ဆောက်ထားပုံကို လေ့လာကြည့်ရင် ပထမဆုံး ဆေးတန်လို စီးကရက်စွပ်တန်လို ပါးစပ်မှာ ကိုက်ခဲထားနိုင်တဲ့ Mouthpiece ပါတယ်။ Liquid Cartridge ပါတယ်။ အပူပေးနိုင်တဲ့ atomizer ပါတယ်။ အပူပေးနိုင်ဖို့ ဘက်ထရီထည့်သွင်းထားတယ်။ အီး စီးကရက် သောက်သုံးတဲ့အခါ sensor ကနေ activate လုပ်ပေးတယ်။ Activate လုပ်နေ ကြောင်းကို LED မီးလေးနဲ့ ပြဆိုပေးတဲ့ အီး စီးကရက်လည်း ရှိတယ်။ e-liquid ဒါမှမဟုတ် e-juice လို့ ခေါ်တဲ့ ပျော်ရည် solution က အများအားဖြင့် ဆေးရွက်ကြီးက ထုတ်လုပ်တဲ့ နီကိုတင်းကို အခြေခံပါဝင်စေတယ်။ ပရိုပလင်း ဂလိုင်ကော (propylene glycol) ပါဝင်နိုင်တယ်။ ပရိုပလင်း ဂလိုင်ကော ဆိုတာက ပန်းနာရင်ကြပ် သမားတွေသုံးတဲ့ ရူထုတ်ကိရိယာထဲမှာ ပါလေ့ရှိတယ်။ ဒီပျော်ရည်ကို အနံ့အရသာ flavours အမျိုးမျိုးဖြင့် စွဲမက်မှုပြုစေတယ်။ သမရိုးကျ ပရုပ်အေး စီးကရက်သောက်တဲ့ အရသာမျိုးရှိစေတဲ့ ဆေးရွက်ကြီးနဲ့ ပရုပ်ရောထားတဲ့ အနံ့အရသာမျိုးလည်း ရနိုင်တယ်။

CDC (Center of Disease Control and Prevention) အဖွဲ့ အစည်းကြီးအနေနဲ့ ၂၀၁၅ ခုနှစ်က လေ့လာသုံးသပ်ချက်အရ ဆေးလိပ်ဖြတ်ရန် ရည်ရွယ်ချက်နဲ့ အီး စီးကရက်ကို အသုံးပြုရင် ၅၈ % လောက်က ဆေးလ်ိပ်ကို စွဲစွဲလန်းလန်း ပြန်သောက်သွားတယ်လို့ သိရတယ်။ ဒါ့အပြင် လူငယ်များအတွက် မသင့်တော်ကြောင်း၊ လုံးဝဆေးလိပ်မသောက် ခဲ့သူများကိုလည်း မသုံးသင့်ကြောင်း၊ ကိုယ်ဝန်ဆောင်များ လုံးဝရှောင်ရှားသင့်ကြောင်း အကြံပေးဟော ပြောမှုများ ပြုလုပ်ခဲ့တယ်။

NIDA (National Institute on Drug Abuse) ကလည်း အီး စီးကရက်နဲ့ ပတ်သက်ပြီး လေ့လာသိရှိသမျှ စွန့်စားမှုများကို ဖော်ပြခဲ့ကြတယ်။ အီး စီးကရက်အများစုမှာ နီကိုတင်းပါတယ်။ ဆယ်ကျော်သက်အရွယ်များရဲ့ လန်းဆန်းတဲ့ ဦးနှောက်မှာ စွဲသွားကာ အဆင့်တက်ဖို့ ကြိုးစားလာနိုင်တယ်။ ကိုယ်ဝန်ဆောင်များ အသုံးပြုပါက သန္ဓေသားကို ထိခိုက်စေနိုင်တယ်။ ပျော်ရည်မှာထည့်တဲ့ အနံ့အရသာများက အဆိပ်အတောက် ဖြစ်စေနိုင်တယ်။ အဆုတ်ရောဂါကိုလည်း ဖြစ်စေနိုင်တယ်။ အမှတ်တမဲ့ အရည်များယိုဖိတ်ပြီး ပါးစပ်ထဲ ဝင်သွားပါက အဆိပ်သဖွယ် ဖြစ်သွားစေနိုင်တယ် စသလိုအကြောင်းပြချက်များနဲ့ ဖော်ပြခဲ့တာ ဖြစ်တယ်။

အီး စီးကရက်ကို စတင်တီထွင်ရောင်းချရင်း နိုင်ငံတော်တော် များများမှာ ပေါ်ပြူလာဖြစ်ခဲ့ရတဲ့ မြန်ဆန်မှု နှုန်းထားမြင့်မားခဲ့သလို အီး စီးကရက်ကို အသုံးပြုသင့်ကြောင်း သတင်းဖြန့်ကျက်မှု နှုန်းထားကလည်း မြန်ဆန်လာတာကြောင့် ကမ႓ာတစ်ဝန်းလုံးရှိ နိုင်ငံအသီးသီးက အီး စီးကရက်ကို တားမြစ်ပိတ်ပင်တဲ့ ကြေငြာချက်များ ထွက်လာစရာရှိကြောင်း တင်ပြပေးလိုက်ရပါတယ်။