အီလက္ထေရာနစ္ အားကစားစင္တာဖြင့္လွစ္

[ Zawgyi ]

အီလက္ထေရာနစ္ အားကစားစင္တာျဖစ္တဲ့ HOG Esports Center ကို ကမၻာေအးဘုရားလမ္းမေပၚက ျမန္မာပလာဇာရွိ Ooredoo Myanmar အေရာင္းဆိုင္မွာ တိုးခ်ဲ႕ဖြင့္လွစ္ လိုက္ပါတယ္။

ျပည္တြင္း Esports က႑ ႏိုင္ငံတကာအဆင့္အထိ တက္လွမ္းႏိုင္ဖို႔ရည္ရြယ္ကာ ဖြင့္လွစ္ျခင္းျဖစ္ေၾကာင္း သိရပါတယ္။ အဲ့ဒီစင္တာမွာ Ooredoo ရဲ႕ ျမန္ႏႈန္းျမင့္ အင္တာနက္နဲ႔ ခ်ိတ္ဆက္ထားၿပီး ေန႔စဥ္ နံနက္ ၉ နာရီကေန ည ၉ နာရီအထိ ဂိမ္းကစားႏိုင္မွာျဖစ္ပါတယ္။ Massively Multiplayer Online (MMO), Adventure Games, Real Lift Strategy Games, First Person Shooters စတဲ့ PC ဂိမ္းေတြအျပင္ PS4 Console ဂိမ္းေတြကိုလည္းကစားႏိုင္မွာျဖစ္တယ္လို႔သိရပါတယ္။

“လူငယ္ေတြကို Esports က႑မွာျပည္တြင္းမွာေတာင္မကဘဲ ႏိုင္ငံတကာအဆ င့္အထိထိုး ေဖာက္ေစဖိုတဲ့ အတြက္ေၾကာင့္ HOG နဲ႔ ပူးေပါင္းလုပ္ေဆာင္တာျဖစ္ပါတယ္၊ ေနာက္ ဆံုးေပၚနည္းပညာေတြနဲ႔ စနစ္တက် ဆက္လက္ပံ့ပိုးေပးသြားမွာပါ” လို႔ Ooredoo Myanmar ရဲ႕ Chief Commercail Officer ျဖစ္သူ Mr. Alok Verma ကေျပာၾကားခဲ့ပါတယ္။

“Esports ကို ေစ်းဝယ္စင္တာေတြမွာ ဖြင့္လွစ္ႏိုင္ဖို႔ဟာ ကၽြန္ေတာ္တို႔ ရည္မွန္းခ်က္ေတြထဲက တစ္ခုျဖစ္ပါတယ္၊ ေကာင္းမြန္တဲ့ အေတြ႔အႀကံဳေကာင္းေတြကိုလည္း ေပးအပ္ႏိုင္မွာပါ” လို႔ HOG ရဲ႕ Co-Founder ျဖစ္သူ ဦးစိုေျပေအာင္က ေျပာၾကားခဲ့ပါတယ္။

-ေအာင္သက္ကို

[ Unicode ]

အီလက်ထရောနစ် အားကစားစင်တာဖြစ်တဲ့ HOG Esports Center ကို ကမ္ဘာအေးဘုရားလမ်းမပေါ်က မြန်မာပလာဇာရှိ Ooredoo Myanmar အရောင်းဆိုင်မှာ တိုးချဲ့ဖွင့်လှစ် လိုက်ပါတယ်။

ပြည်တွင်း Esports ကဏ္ဍ နိုင်ငံတကာအဆင့်အထိ တက်လှမ်းနိုင်ဖို့ရည်ရွယ်ကာ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရပါတယ်။ အဲ့ဒီစင်တာမှာ Ooredoo ရဲ့ မြန်နှုန်းမြင့် အင်တာနက်နဲ့ ချိတ်ဆက်ထားပြီး နေ့စဉ် နံနက် ၉ နာရီကနေ ည ၉ နာရီအထိ ဂိမ်းကစားနိုင်မှာဖြစ်ပါတယ်။ Massively Multiplayer Online (MMO), Adventure Games, Real Lift Strategy Games, First Person Shooters စတဲ့ PC ဂိမ်းတွေအပြင် PS4 Console ဂိမ်းတွေကိုလည်းကစားနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

“လူငယ်တွေကို Esports ကဏ္ဍမှာပြည်တွင်းမှာတောင်မကဘဲ နိုင်ငံတကာအဆ င့်အထိထိုး ဖောက်စေဖိုတဲ့ အတွက်ကြောင့် HOG နဲ့ ပူးပေါင်းလုပ်ဆောင်တာဖြစ်ပါတယ်၊ နောက် ဆုံးပေါ်နည်းပညာတွေနဲ့ စနစ်တကျ ဆက်လက်ပံ့ပိုးပေးသွားမှာပါ” လို့ Ooredoo Myanmar ရဲ့ Chief Commercail Officer ဖြစ်သူ Mr. Alok Verma ကပြောကြားခဲ့ပါတယ်။

“Esports ကို စျေးဝယ်စင်တာတွေမှာ ဖွင့်လှစ်နိုင်ဖို့ဟာ ကျွန်တော်တို့ ရည်မှန်းချက်တွေထဲက တစ်ခုဖြစ်ပါတယ်၊ ကောင်းမွန်တဲ့ အတွေ့အကြုံကောင်းတွေကိုလည်း ပေးအပ်နိုင်မှာပါ” လို့ HOG ရဲ့ Co-Founder ဖြစ်သူ ဦးစိုပြေအောင်က ပြောကြားခဲ့ပါတယ်။