အိႏၵိယ- ျမန္မာ သတင္းအခ်က္အလက္ႏွင့္ နည္းပညာကၽြမ္းက်င္မႈျမႇင့္တင္ေရးသင္တန္းဌာနတြင္ ဖြင့္လွစ္မည့္ သင္တန္းမ်ားအတြက္ ေလွ်ာက္လႊာေခၚယူ

[ Zawgyi ]

အိႏၵိယ- ျမန္မာ သတင္းအခ်က္အလက္ႏွင့္ နည္းပညာကၽြမ္းက်င္မႈျမႇင့္တင္ေရးသင္တန္းဌာနမွာ ဖြင့္လွစ္မယ့္ သင္တန္းေတြအတြက္ ေလွ်ာက္လႊာေတြေခၚယူေနၿပီလုိ႔ သိရပါတယ္။

ဖြင့္လွစ္ေပးသြားမယ့္ သင္တန္းေတြက Professional Diploma in Java Programming Course, Professional Diploma in MS. Net Programming Course, Professional Certificate in Android Programming Course တို႔ျဖစ္ပါတယ္။ သင္တန္းမ်ားကို ပညာေရးဝန္ႀကီးဌာန၊ သတင္းအခ်က္အလက္ႏွင့္ ဆက္သြယ္ေရးနည္းပညာ သုေတသနဌာနနဲ႔ အိႏၵိယနိုင္ငံ၊ C-DAC တို႔ ပူးေပါင္းဖြင့္လွစ္တဲ့ အိႏၵိယ- ျမန္မာ သတင္းအခ်က္အလက္ႏွင့္ နည္းပညာကၽြမ္းက်င္မႈ ျမႇင့္တင္ေရးသင္တန္းဌာန (India-Myanmar Centre for Enhancement of IT Skills/IMCEITS) မွာ ဖြင့္လွစ္သင္ၾကားေပးသြားမွာျဖစ္ပါတယ္။

အမွတ္စဥ္ (၁) နဲ႔ (၂) သင္တန္းေတြဟာ ဒီပလိုမာဘြဲ႕သင္တန္းမ်ားျဖစ္ၿပီး မိမိရဲ႕ပရိုဂရမ္စြမ္းရည္ကို အေျခခံကာ ႀကိဳက္ႏွစ္သက္ရာသင္တန္းကို ေရြးခ်ယ္ေလွ်ာက္ထားႏိုင္မွာျဖစ္ပါတယ္။ အမွတ္စဥ္ (၃) သင္တန္း အတြက္ IMCEITS သင္တန္းဌာနမွ Professional Diploma in Java Programming သို႔မဟုတ္ Professional Diploma in Wireless and Mobile Computing Course သင္တန္းေအာင္ျမင္ၿပီးသူ သို႔မဟုတ္ ICTTI သင္တန္းဌာနမွ Professional Diploma in software Engineering သင္တန္း ေအာင္ျမင္ၿပီးသူေတြ ေလွ်ာက္ထားႏိုင္ပါတယ္။

သင္တန္းေတြဟာ အခ်ိန္ျပည့္သင္တန္းမ်ားျဖစ္ၿပီး သင္တန္းေအာင္ျမင္ၿပီးဆုံးပါက အိႏၵိယနိုင္ငံ၊ C-DAC အဖြဲ႕ အစည္းနဲ႔ သတင္းအခ်က္အလက္ႏွင့္ ဆက္သြယ္ေရးနည္းပညာ သုေတသနဌာနတို႔ပူးေပါင္းၿပီး သင္တန္းဆင္း ေအာင္လက္မွတ္မ်ား ေပးအပ္မွာျဖစ္ပါတယ္။ ေလွ်ာက္ထားလိုသူေတြအေနနဲ႔ B.C.Sc, B.C.Tech, B.Tech (IT), B.Tech(EC), B.E(IT), B.E(EC), B.Sc (Computer Science), M.C.Sc, M.C.Tech, M.I.Sc, M.A.Sc, M.E (IT), M.E (EC), M.Sc(Computer Science) ဘြဲ႕တစ္ခုခုရရွိၿပီးသူ သို႔မဟုတ္ နိုင္ငံတကာအသိအမွတ္ျပဳ တကၠသိုလ္တစ္ခုခုမွ IT အထူးျပဳဘြဲ႕ရရွိၿပီးသူ၊ သတ္မွတ္ထားေသာ ဝင္ခြင့္အရည္အခ်င္းစစ္စာေမးပြဲမ်ားကို ေအာင္ျမင္စြာေျဖဆိုနိုင္သူ၊ ဝန္ႀကီးဌာနမ်ားမွ ဝန္ထမ္းျဖစ္ပါက မိမိတို႔ သက္ဆိုင္ရာဌာနအႀကီးအကဲရဲ႕ ခြင့္ျပဳစာ ပါရွိရမွာျဖစ္ၿပီး သက္ဆိုင္ရာၿမိဳ႕နယ္ရဲစခန္းတစ္ခုခုမွ ျပစ္မႈကင္းရွင္းေၾကာင္း ေထာက္ခံစာမ်ားကို သင္တန္း ေလွ်ာက္လႊာနဲ႔အတူ ပူးတြဲေလွ်ာက္ထားရမွာျဖစ္ပါတယ္။

သင္တန္းေလၽွာက္ထားလိုသူေတြအေနနဲ႔ Online ဝင္ခြင့္စာေမးပြဲမ်ားကို မတ္လ ၂၃ ရက္တြင္ IMCEITS Online ၀င္ခြင့္ေျဖဆိုရမွာျဖစ္ၿပီး ေလွ်ာက္လႊာေတြကို သတ္မွတ္ပုံစံနဲ႔ ေက်ာင္းသားေရးရာဌာနမွာ မတ္လ ၂၁ ရက္ ေနာက္ဆုံးထား ေလွ်ာက္ထားႏုိင္မွာျဖစ္ပါတယ္။ အေသးစိတ္သိရွိလိုပါက IMCEITS သင္တန္းဌာန၊ ဖုန္း ၀၁-၆၅၂၅၄၂၊ ၀၁-၆၅၂၅၂၉ နဲ႔ ၀၁-၆၆၂၃၂၉ ကို ဆက္သြယ္စုံစမ္းႏုိင္ပါတယ္။

-ေဝေဝ

[ Unicode ]

အိန္ဒိယ- မြန်မာ သတင်းအချက်အလက်နှင့် နည်းပညာကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်းဌာနမှာ ဖွင့်လှစ်မယ့် သင်တန်းတွေအတွက် လျှောက်လွှာတွေခေါ်ယူနေပြီလို့ သိရပါတယ်။

ဖွင့်လှစ်ပေးသွားမယ့် သင်တန်းတွေက Professional Diploma in Java Programming Course, Professional Diploma in MS. Net Programming Course, Professional Certificate in Android Programming Course တို့ဖြစ်ပါတယ်။ သင်တန်းများကို ပညာရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ သုတေသနဌာနနဲ့ အိန္ဒိယနိုင်ငံ၊ C-DAC တို့ ပူးပေါင်းဖွင့်လှစ်တဲ့ အိန္ဒိယ- မြန်မာ သတင်းအချက်အလက်နှင့် နည်းပညာကျွမ်းကျင်မှု မြှင့်တင်ရေးသင်တန်းဌာန (India-Myanmar Centre for Enhancement of IT Skills/IMCEITS) မှာ ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

အမှတ်စဉ် (၁) နဲ့ (၂) သင်တန်းတွေဟာ ဒီပလိုမာဘွဲ့သင်တန်းများဖြစ်ပြီး မိမိရဲ့ပရိုဂရမ်စွမ်းရည်ကို အခြေခံကာ ကြိုက်နှစ်သက်ရာသင်တန်းကို ရွေးချယ်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ အမှတ်စဉ် (၃) သင်တန်း အတွက် IMCEITS သင်တန်းဌာနမှ Professional Diploma in Java Programming သို့မဟုတ် Professional Diploma in Wireless and Mobile Computing Course သင်တန်းအောင်မြင်ပြီးသူ သို့မဟုတ် ICTTI သင်တန်းဌာနမှ Professional Diploma in software Engineering သင်တန်း အောင်မြင်ပြီးသူတွေ လျှောက်ထားနိုင်ပါတယ်။

သင်တန်းတွေဟာ အချိန်ပြည့်သင်တန်းများဖြစ်ပြီး သင်တန်းအောင်မြင်ပြီးဆုံးပါက အိန္ဒိယနိုင်ငံ၊ C-DAC အဖွဲ့ အစည်းနဲ့ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ သုတေသနဌာနတို့ပူးပေါင်းပြီး သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်မှာဖြစ်ပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ B.C.Sc, B.C.Tech, B.Tech (IT), B.Tech(EC), B.E(IT), B.E(EC), B.Sc (Computer Science), M.C.Sc, M.C.Tech, M.I.Sc, M.A.Sc, M.E (IT), M.E (EC), M.Sc(Computer Science) ဘွဲ့တစ်ခုခုရရှိပြီးသူ သို့မဟုတ် နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ IT အထူးပြုဘွဲ့ရရှိပြီးသူ၊ သတ်မှတ်ထားသော ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲများကို အောင်မြင်စွာဖြေဆိုနိုင်သူ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းဖြစ်ပါက မိမိတို့ သက်ဆိုင်ရာဌာနအကြီးအကဲရဲ့ ခွင့်ပြုစာ ပါရှိရမှာဖြစ်ပြီး သက်ဆိုင်ရာမြို့နယ်ရဲစခန်းတစ်ခုခုမှ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာများကို သင်တန်း လျှောက်လွှာနဲ့အတူ ပူးတွဲလျှောက်ထားရမှာဖြစ်ပါတယ်။

သင်တန်းလျှောက်ထားလိုသူတွေအနေနဲ့ Online ဝင်ခွင့်စာမေးပွဲများကို မတ်လ ၂၃ ရက်တွင် IMCEITS Online ၀င်ခွင့်ဖြေဆိုရမှာဖြစ်ပြီး လျှောက်လွှာတွေကို သတ်မှတ်ပုံစံနဲ့ ကျောင်းသားရေးရာဌာနမှာ မတ်လ ၂၁ ရက် နောက်ဆုံးထား လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက IMCEITS သင်တန်းဌာန၊ ဖုန်း ၀၁-၆၅၂၅၄၂၊ ၀၁-၆၅၂၅၂၉ နဲ့ ၀၁-၆၆၂၃၂၉ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။