အိႏၵိယမွာ portable Power bank သစ္ သံုးမ်ိဳး မိတ္ဆက္လိုက္တဲ့ Duracell

အၾကမ္းခံတဲ့ ဘက္ထရီေတြေၾကာင့္ ကမ႓ာတစ္ဝန္း လူသိမ်ားတဲ့ Duracell ဟာ power bank သစ္သံုးမ်ိဳးကို အိႏၵိယေစ်းကြက္အတြက္ မိတ္ဆက္လိုက္ပါတယ္။ အဆိုပါ Duracell power bank သစ္ေတြကို 10,050mAh, 6,700mAh နဲ႔ 3,350mAh ဆိုၿပီး သံုးမ်ိဳးသံုးစား ရရိွႏိုင္ပါတယ္။ အဲ့ဒီ power bank သစ္ သံုးမ်ိဳးစလံုးကို Amazon India ကေန ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။

ဒီ power bank ေတြမွာ ဘက္ထရီပမာဏ ကြဲျပားသလို ပံုသဏၭာန္လည္း ကြဲျပားပါတယ္။ 3,350mAh က AA ဘက္ထရီတစ္ခုလို လံုးဝန္းတဲ့ ပံုသဏၭာန္ ျဖစ္ပါတယ္။ 10,050mAh မွာေတာ့ output port ႏွစ္ခုပါဝင္ၿပီး က်န္တဲ့ႏွစ္ခုမွာေတာ့ output port တစ္ခုပဲ ပါဝင္ပါတယ္။ Power bank ေတြမွာ Duracell ရဲ႕ နာမည္ေက်ာ္ အနက္နဲ႔ ေရႊေရာင္ကို အသံုးျပဳထားပါတယ္။ ေမာ္ဒယ္သံုးမ်ိဳးစလံုးရဲ႕ output က 2.4Amps/10W ျဖစ္ပါတယ္။ 10,050mAh ေမာ္ဒယ္က battery backup ကို ၇၂ နာရီအထိ ေထာက္ပ့ံေပးႏိုင္ပါတယ္။ 6,700mAh ေမာ္ဒယ္ကေတာ့ ၄၈ နာရီ၊ 3,350mAh က ၂၄ နာရီ အသီးသီး ေထာက္ပံ့ေပးႏိုင္ပါတယ္။

ဒီေမာ္ဒယ္ေတြမွာ power bank ကို လ်င္ျမန္စြာ အားသြင္းဖို႔အတြက္ microUSB port တစ္ခုနဲ႔ 2.4Amps input ပါဝင္ပါတယ္။ Power bank မွာ က်န္ရစ္တဲ့ ဘက္ထရီပမာဏကိုလည္း LED ေလးလံုးနဲ႔ ျပသေပးမွာ ျဖစ္ပါတယ္။ အျခား feature ေတြအေနနဲ႔ ဗို႔အားျမင့္တက္မႈ ကာကြယ္ျခင္း၊ အပူခ်ိန္ျမင့္တက္မႈ ကာကြယ္ျခင္း၊ over charge နဲ႔ discharge ကာကြယ္ျခင္း၊ မီးေလာင္ကၽြမ္းမႈကို ကာကြယ္ေပးတဲ့ case နဲ႔ dual safety circuits တို႔ ပါဝင္ပါတယ္။ အာမခံသက္တမ္း သံုးႏွစ္ ျဖစ္ပါတယ္။

ေစ်းႏႈန္းကေတာ့ AA ဘက္ထရီပံုစံ 3,350mAh ေမာ္ဒယ္အတြက္ ၁၃ ေဒၚလာ ျဖစ္ပါတယ္။ 6,700mAh အတြက္က ေဒၚလာ ၂၀ ျဖစ္ၿပီး 10,050mAh အတြက္က ၂၇ ေဒၚလာ ျဖစ္ပါတယ္။

Ref: GizmoChina

[ Unicode ]

အကြမ်းခံတဲ့ ဘက်ထရီတွေကြောင့် ကမ႓ာတစ်ဝန်း လူသိများတဲ့ Duracell ဟာ power bank သစ်သုံးမျိုးကို အိန္ဒိယစျေးကွက်အတွက် မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ Duracell power bank သစ်တွေကို 10,050mAh, 6,700mAh နဲ့ 3,350mAh ဆိုပြီး သုံးမျိုးသုံးစား ရရှိနိုင်ပါတယ်။ အဲ့ဒီ power bank သစ် သုံးမျိုးစလုံးကို Amazon India ကနေ ရောင်းချသွားမှာ ဖြစ်ပါတယ်။

ဒီ power bank တွေမှာ ဘက်ထရီပမာဏ ကွဲပြားသလို ပုံသဏ္ဌာန်လည်း ကွဲပြားပါတယ်။ 3,350mAh က AA ဘက်ထရီတစ်ခုလို လုံးဝန်းတဲ့ ပုံသဏ္ဌာန် ဖြစ်ပါတယ်။ 10,050mAh မှာတော့ output port နှစ်ခုပါဝင်ပြီး ကျန်တဲ့နှစ်ခုမှာတော့ output port တစ်ခုပဲ ပါဝင်ပါတယ်။ Power bank တွေမှာ Duracell ရဲ့ နာမည်ကျော် အနက်နဲ့ ရွှေရောင်ကို အသုံးပြုထားပါတယ်။ မော်ဒယ်သုံးမျိုးစလုံးရဲ့ output က 2.4Amps/10W ဖြစ်ပါတယ်။ 10,050mAh မော်ဒယ်က battery backup ကို ရ၂ နာရီအထိ ထောက်ပ့ံပေးနိုင်ပါတယ်။ 6,700mAh မော်ဒယ်ကတော့ ၄၈ နာရီ၊ 3,350mAh က ၂၄ နာရီ အသီးသီး ထောက်ပံ့ပေးနိုင်ပါတယ်။

ဒီမော်ဒယ်တွေမှာ power bank ကို လျင်မြန်စွာ အားသွင်းဖို့အတွက် microUSB port တစ်ခုနဲ့ 2.4Amps input ပါဝင်ပါတယ်။ Power bank မှာ ကျန်ရစ်တဲ့ ဘက်ထရီပမာဏကိုလည်း LED လေးလုံးနဲ့ ပြသပေးမှာ ဖြစ်ပါတယ်။ အခြား feature တွေအနေနဲ့ ဗို့အားမြင့်တက်မှု ကာကွယ်ခြင်း၊ အပူချိန်မြင့်တက်မှု ကာကွယ်ခြင်း၊ over charge နဲ့ discharge ကာကွယ်ခြင်း၊ မီးလောင်ကျွမ်းမှုကို ကာကွယ်ပေးတဲ့ case နဲ့ dual safety circuits တို့ ပါဝင်ပါတယ်။ အာမခံသက်တမ်း သုံးနှစ် ဖြစ်ပါတယ်။

စျေးနှုန်းကတော့ AA ဘက်ထရီပုံစံ 3,350mAh မော်ဒယ်အတွက် ၁၃ ဒေါ်လာ ဖြစ်ပါတယ်။ 6,700mAh အတွက်က ဒေါ်လာ ၂၀ ဖြစ်ပြီး 10,050mAh အတွက်က ၂၇ ဒေါ်လာ ဖြစ်ပါတယ်။

Ref: GizmoChina