အိႏၵိယမွာ စမတ္ဖုန္းထုတ္လုပ္တဲ့ စက္႐ုံသစ္တည္ေဆာက္ဖို႔ ေဒၚလာ သန္း ၅၆၀ Vivo ရင္းႏွီးျမႇဳပ္ႏွံ

[ Zawgyi ]

တ႐ုတ္စမတ္ဖုန္းကုမၸဏီ Vivo ဟာ အိႏၵိယေဈးကြက္အတြင္းမွာ ခိုင္မာတဲ့ကုမၸဏီတစ္ခုျဖစ္ပါတယ္။ အိႏၵိယေဈးကြက္မွာ သြင္းကုန္အေပၚ စည္းၾကပ္တဲ့အခြန္ေတြနဲ႔ အခြန္ေတြ ေပးေဆာင္စရာမလုိဘဲ ထုတ္ကုန္ေတြကုိ ထုတ္လုပ္ခြင့္ရွိပါတယ္။

အခုဆိုရင္ Vivo အေနနဲ႔ စမတ္ဖုန္းထုတ္လုပ္တဲ့ စက္႐ုံသစ္တစ္ခုကို တည္ေဆာက္ဖို႔ ေျမ ၁၆၉ဧက (၆၈၄,၀၀၀ စတုရန္းမီတာ) နဲ႔ အေျခခံအေဆာက္အအုံ ဧက ၅၀ (၂၀၂,၀၀၀ စတုရန္းမီတာ) အထိ တိုးခ်ဲ႕ဖုိ႔ စီစဥ္ေနပါတယ္။ အခုရင္းႏွီးျမႇဳပ္ႏွံမႈဟာ ေဒၚလာသန္း ၅၆၀ နီးပါးရွိတယ္လို႔ သိရပါတယ္။

အိႏၵိယႏိုင္ငံ အူတာပရာဒတ္ခ်္ျပည္နယ္မွာ Vivo က စက္႐ုံသစ္အတြက္ ေျမကုိ တိုးခ်ဲ႕သြားမွာ ျဖစ္ၿပီး အခုစီမံကိန္းအတြက္ ျပည္နယ္အႀကီးကဲ Shri Yogi Adityanath က ေထာက္ခံခ်က္ေပးခဲ့ပါတယ္။ လက္ရွိထုတ္လုပ္ေရး စက္႐ုံအေနနဲ႔ လုပ္သား ၅,၀၀၀ ေက်ာ္ရွိၿပီး တစ္လမွာ စမတ္ဖုနး္ ၂ သန္း ထြက္ရွိတယ္လို႔ Vivo ကုိယ္စားလွယ္ေတြက ေျပာခဲ့ပါတယ္။

အခုရင္းႏွီးျမႇဳပ္ႏွံမႈအသစ္က အိႏၵိယအတြင္း ကထုတ္လုပ္မႈေဂဟစနစ္ရဲ႕ လူမႈစီးပြားတုိးတက္မႈ သိသိသာသာ ရွိလာမႈနဲ႔အတူ အလုပ္အကုိင္သစ္ေတြ၊ လစာတုိးတက္မႈနဲ႔ ကၽြမ္းက်င္မႈ ဖြ႔ံၿဖိဳးတိုးတက္မႈတို႔ကို ဖန္တီးလာမွာ ျဖစ္ပါတယ္။

Vivo ရဲ႕တိုးခ်ဲ႕မႈ ပထမဆုံးအဆင့္အေနနဲ႔ စက္႐ုံတည္ေဆာက္စဥ္အတြင္း အလုပ္ကုိင္ ၅,၀၀၀ ေက်ာ္ ေပၚေပါက္လာမွာ ျဖစ္ပါတယ္။ စက္႐ုံတည္ေဆာက္ၿပီးသြားရင္ေတာ့ စမတ္ဖုန္း ထုတ္လုပ္မႈပမာဏဟာ တစ္ႏွစ္ကို အလုံးေရသန္း ၅၀ အထိ တိုးတက္လာမွာ ျဖစ္ပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

တရုတ်စမတ်ဖုန်းကုမ္ပဏီ Vivo ဟာ အိန္ဒိယဈေးကွက်အတွင်းမှာ ခိုင်မာတဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အိန္ဒိယဈေးကွက်မှာ သွင်းကုန်အပေါ် စည်းကြပ်တဲ့အခွန်တွေနဲ့ အခွန်တွေ ပေးဆောင်စရာမလိုဘဲ ထုတ်ကုန်တွေကို ထုတ်လုပ်ခွင့်ရှိပါတယ်။

အခုဆိုရင် Vivo အနေနဲ့ စမတ်ဖုန်းထုတ်လုပ်တဲ့ စက်ရုံသစ်တစ်ခုကို တည်ဆောက်ဖို့ မြေ ၁၆၉ဧက (၆၈၄,၀၀၀ စတုရန်းမီတာ) နဲ့ အခြေခံအဆောက်အအုံ ဧက ၅၀ (၂၀၂,၀၀၀ စတုရန်းမီတာ) အထိ တိုးချဲ့ဖို့ စီစဉ်နေပါတယ်။ အခုရင်းနှီးမြှုပ်နှံမှုဟာ ဒေါ်လာသန်း ၅၆၀ နီးပါးရှိတယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံ အူတာပရာဒတ်ချ်ပြည်နယ်မှာ Vivo က စက်ရုံသစ်အတွက် မြေကို တိုးချဲ့သွားမှာ ဖြစ်ပြီး အခုစီမံကိန်းအတွက် ပြည်နယ်အကြီးကဲ Shri Yogi Adityanath က ထောက်ခံချက်ပေးခဲ့ပါတယ်။ လက်ရှိထုတ်လုပ်ရေး စက်ရုံအနေနဲ့ လုပ်သား ၅,၀၀၀ ကျော်ရှိပြီး တစ်လမှာ စမတ်ဖုနး် ၂ သန်း ထွက်ရှိတယ်လို့ Vivo ကိုယ်စားလှယ်တွေက ပြောခဲ့ပါတယ်။

အခုရင်းနှီးမြှုပ်နှံမှုအသစ်က အိန္ဒိယအတွင်း ကထုတ်လုပ်မှုဂေဟစနစ်ရဲ့ လူမှုစီးပွားတိုးတက်မှု သိသိသာသာ ရှိလာမှုနဲ့အတူ အလုပ်အကိုင်သစ်တွေ၊ လစာတိုးတက်မှုနဲ့ ကျွမ်းကျင်မှု ဖွ့ံဖြိုးတိုးတက်မှုတို့ကို ဖန်တီးလာမှာ ဖြစ်ပါတယ်။

Vivo ရဲ့တိုးချဲ့မှု ပထမဆုံးအဆင့်အနေနဲ့ စက်ရုံတည်ဆောက်စဉ်အတွင်း အလုပ်ကိုင် ၅,၀၀၀ ကျော် ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ စက်ရုံတည်ဆောက်ပြီးသွားရင်တော့ စမတ်ဖုန်း ထုတ်လုပ်မှုပမာဏဟာ တစ်နှစ်ကို အလုံးရေသန်း ၅၀ အထိ တိုးတက်လာမှာ ဖြစ်ပါတယ်။

Ref: GSMArena