အိမ္သံုး FTTH အင္တာနက္ဝန္ေဆာင္မႈ MPT ထပ္မံတိုးခ်ဲ႕

[ Zawgyi ]

အိမ္သံုးအင္တာနက္လိုင္းျဖစ္တဲ့ FTTH အင္တာနက္ဝန္ေဆာင္မႈကို ရန္ကုန္၊ မႏၱေလး၊ ရွမ္းျပည္နယ္ရွိေနရာအခ်ိဳ႕မွာ ထပ္မံတိုးခ်ဲ႕လိုက္ေၾကာင္း သိရပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္း အလံု၊ ဗဟန္း၊ ဒဂံု၊ ကမာရြတ္၊ ၾကည္ျမင္တုိင္၊ ရန္ကင္းအစရွိတဲ့ ၿမိဳ႕နယ္ေတြမွာ တိုးခ်ဲ႕ထားေၾကာင္း၊ မႏၱေလးတိုင္းေဒသႀကီးအတြင္း ေအာင္ေျမသာစံၿမိဳ႕နယ္၊ ရွမ္းျပည္နယ္မွာ ေတာင္ႀကီးၿမိဳ႕တို႔မွာ တိုးခ်ဲ႔လိုက္ေၾကာင္း သိရပါတယ္။

ေဒတာျမန္ႏႈန္း 10Mpbs ကေန အျမင့္ဆံုး 50Mpbs အထိႏွစ္သက္ရာ အစီအစဥ္ကို ေရြးခ်ယ္အသံုးျပဳႏိုင္ကာ လစဥ္ေၾကးအေနနဲ႔ 10Mbps အတြက္ ၃၉,၀၀၀ က်ပ္၊ 25Mbps အတြက္ ၆၉,၀၀၀ က်ပ္ နဲ႔ 50Mbps အတြက္ ၁၀၉,၀၀၀ က်ပ္ က်သင့္မွာျဖစ္ပါတယ္။

“အိမ္မွာအသံုးျပဳတဲ့သူေတြ၊ စီးပြားေရးလုပ္ငန္းအတြက္ အသံုးျပဳမယ့္သူေတြအတြက္ FTTH အင္တာနက္ကြန္ရက္ကို ျမန္မာႏိုင္ငံၿမိဳ႕ႀကီးေတြရဲ႕ေနရာအႏွံ႔အျပားမွာ ထပ္တိုးလိုပါၿပီ၊ ဒီဂ်စ္တယ္ ကမၻာအတြက္ အင္တာနက္ အသံုးျပဳမႈကို ရွာေဖြေနသူေတြအတြက္ အလြယ္တကူသံုးႏိုင္ပါၿပီ” လို႕ MPT-KSGM Joint Operations ရဲ႕စီးပြားေရးဌာနႀကီးမွ အရာရွိခ်ဳပ္ျဖစ္သူ Mr.Reizo Umeda ကေျပာ ၾကားခဲ့ပါတယ္။

-ေအာင္သက္ကို

[ Unicode ]

အိမ်သုံးအင်တာနက်လိုင်းဖြစ်တဲ့ FTTH အင်တာနက်ဝန်ဆောင်မှုကို ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ်ရှိနေရာအချို့မှာ ထပ်မံတိုးချဲ့လိုက်ကြောင်း သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အလုံ၊ ဗဟန်း၊ ဒဂုံ၊ ကမာရွတ်၊ ကြည်မြင်တိုင်၊ ရန်ကင်းအစရှိတဲ့ မြို့နယ်တွေမှာ တိုးချဲ့ထားကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း အောင်မြေသာစံမြို့နယ်၊ ရှမ်းပြည်နယ်မှာ တောင်ကြီးမြို့တို့မှာ တိုးချဲ့လိုက်ကြောင်း သိရပါတယ်။

ဒေတာမြန်နှုန်း 10Mpbs ကနေ အမြင့်ဆုံး 50Mpbs အထိနှစ်သက်ရာ အစီအစဉ်ကို ရွေးချယ်အသုံးပြုနိုင်ကာ လစဉ်ကြေးအနေနဲ့ 10Mbps အတွက် ၃၉,၀၀၀ ကျပ်၊ 25Mbps အတွက် ၆၉,၀၀၀ ကျပ် နဲ့ 50Mbps အတွက် ၁၀၉,၀၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။

“အိမ်မှာအသုံးပြုတဲ့သူတွေ၊ စီးပွားရေးလုပ်ငန်းအတွက် အသုံးပြုမယ့်သူတွေအတွက် FTTH အင်တာနက်ကွန်ရက်ကို မြန်မာနိုင်ငံမြို့ကြီးတွေရဲ့နေရာအနှံ့အပြားမှာ ထပ်တိုးလိုပါပြီ၊ ဒီဂျစ်တယ် ကမ္ဘာအတွက် အင်တာနက် အသုံးပြုမှုကို ရှာဖွေနေသူတွေအတွက် အလွယ်တကူသုံးနိုင်ပါပြီ” လို့ MPT-KSGM Joint Operations ရဲ့စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr.Reizo Umeda ကပြော ကြားခဲ့ပါတယ်။