September 20, 2018

အိမ္ကို စမတ္က်ေစမယ့္ Alexa စနစ္သံုး gadget (၁၂) မ်ိဳး

[ Zawgyi ]

Amazon AI assistant ရဲ႕ သာယာနာေပ်ာ္ဖြယ္ေကာင္းတဲ့ အသံေတြဟာ ဒီေန႔ေခတ္ gadget အမ်ိဳးအစားအားလံုးမွာ ပါဝင္ေနၿပီျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုယ့္အိမ္ကို စမတ္က်ေစမယ့္ Alexa စနစ္သံုး gadget (၁၂) မ်ိဳးကို ေဖာ္ျပလိုက္ပါတယ္။

HISENSE H10E

Sony နဲ႔ LG တို႔ရဲ႕ တီဗြီေတြကို Alexa စပီကာကေန အသံနဲ႔ထိန္းခ်ဳပ္ႏိုင္ေပမယ့္ Hisense ရဲ႕ H10E မွာေတာ့ Amazon ရဲ႕ AI assistant ကို အျပည့္အဝ အသံုးျပဳႏိုင္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ သတင္းအက်ဥ္းခ်ဳပ္ေတြ ဖတ္တာ၊ ခ်ိတ္ဆက္ထားတဲ့ စမတ္အိမ္သံုးထုတ္ကုန္ေတြကို ထိန္းခ်ဳပ္တာ စတာေတြအားလံုးကို ေစခိုင္းႏိုင္မွာျဖစ္ပါတယ္။

HP PAVILION WAVE

Alexa ရဲ႕ အကူအညီ မပါရင္ေတာင္မွ Pavilion Wave ဟာ အလြန္ႏွစ္လိုဖြယ္ရာေကာင္းတဲ့ desktop computer တစ္ခု ျဖစ္ႏိုင္ပါတယ္။ Built-in 360 degree စပီကာနဲ႔ Bang & Olufsen ရဲ႕ အသံစနစ္အျပင္ Amazon ရဲ႕ AI assistant ကိုပါ ေထာက္ပံ့ထားတာေၾကာင့္ အခ်ိဳေပၚ သကာဆင့္၊ ပ်ားရည္ေပၚ ထန္းလ်က္ေလာင္းလိုက္သလိုပါပဲ။

AMAZON ECHO PLUS

အခုအခ်ိန္မွာ Echo ထုတ္ကုန္အမ်ားအျပား ရရိွႏိုင္ၿပီျဖစ္တဲ့အတြက္ေၾကာင့္ Amazon ရဲ႕ ဘယ္ စမတ္စပီကာက ကိုယ့္အတြက္ အသင့္ေတာ္ဆံုးျဖစ္မလဲဆိုတာကိုသိရိွဖို႔ ခက္ခဲႏိုင္ပါတယ္။ ဒါေပမဲ့ ကိုယ့္အိမ္ရဲ႕ စမတ္ထုတ္ကုန္ထိန္းခ်ဳပ္မႈကို အေကာင္းဆံုးျပဳလုပ္လိုၿပီး အေကာင္းဆံုးအသံအရည္အေသြးကို ရရိွခ်င္တယ္ဆိုရင္ေတာ့ Echo Plus က ထိပ္တန္းေရြးခ်ယ္မႈတစ္ခုလို႔ ဆိုရမွာျဖစ္ပါတယ္။ ဒါဟာ Hive thermostat နဲ႔ Philips Hue မီးလံုးလို အရာေတြကို ထိန္းခ်ဳပ္ဖို႔အတြက္ ZigBee hub တစ္ခု built-in ပါဝင္တဲ့ တစ္ခုတည္း ထုတ္ကုန္ျဖစ္ပါတယ္။

KOHLER VERDERA

မွန္ၾကည့္ၿပီး ေမးခြန္းေမးတတ္သူေတြအတြက္ Alexa ပါဝင္တဲ့ Kohler ရဲ႕ Verdera မွန္က ေျဖၾကားမႈေတြ ျပဳလုပ္ေပးႏိုင္ပါတယ္။

ASUS LYRA VOICE

Asus ရဲ႕ Lyra Voice ဟာ mesh network တစ္ခုရဲ႕ တစ္စိတ္တစ္ပိုင္းအေနနဲ႔ အလုပ္လုပ္ႏိုင္တာေၾကာင့္ လိုင္းမိဖို႔ခက္တဲ့ေနရာမွာ Wi-Fi converage ကို ပိုေကာင္းေစပါလိမ့္မယ္။ ဒါ့အျပင္ 8W စပီကာတစ္စံု ပါဝင္တဲ့အတြက္ေၾကာင့္ အသံနဲ႔ထိန္းခ်ဳပ္ႏိုင္တဲ့ စပီကာတစ္ခုအေနနဲ႔လည္း အသံုးျပဳႏိုင္မွာ ျဖစ္ပါတယ္။

AMAZON FIRE TV

Amazon ရဲ႕ Fire TV မွာ Alexa စနစ္သံုးထားတဲ့ remote တစ္ခု ပါဝင္တာေၾကာင့္ ခလုတ္ကိုႏွိပ္ထားၿပီး အသံနဲ႔ေစခိုင္းမႈေတြ ျပဳလုပ္ႏိုင္ပါတယ္။

ULTIMATE EARS MEGABLAST

Echo ဟာ မီးဖိုေခ်ာင္သံုး ေရဒီယိုတစ္လံုးအေနနဲ႔ သံုးဖို႔အတြက္ အလြန္သင့္ေတာ္ေပမယ့္ အသံအရည္အေသြးပိုေကာင္းတာကို ရွာေဖြေနတယ္ဆိုရင္ေတာ့ Ultimate Ears ရဲ႕ Megblast ကို ေရြးခ်ယ္ႏိုင္ပါတယ္။ အျခားစမတ္စပီကာေတြထက္ အသံပိုက်ယ္ၿပီး အလြယ္တကူသယ္ေဆာင္ကာ အသံုးျပဳႏိုင္ပါတယ္။ တစ္ခုသိထားရမွာ Alexa က Wi-Fi မရိွရင္ အလုပ္မလုပ္ပါဘူး။

ONELINK SAFE & SOUND

ဒီထုတ္ကုန္ဟာ ေျပာင္းျပန္လွန္ထားတဲ့ wireless router တစ္ခုနဲ႔ဆင္တူေပမယ့္ Alexa စနစ္ပါဝင္တဲ့ OneLink Safe & Sound က မီးခိုးေငြ႕နဲ႔ ကာဗြန္မိုေနာက္ဆိုဒ္ကို ရွာေဖြေပးႏိုင္ပါတယ္။ ဒါ့အျပင္ Nest ပံုစံ notification ကို ဖုန္းထံပို႔ေပးႏိုင္သလို သီခ်င္းနဲ႔ သတိေပးခ်က္အသံေတြကိုလည္း ဖြင့္ေပးႏိုင္ပါတယ္။

SANDMAN DOPPLER

Amazon ရဲ႕ Echo Spot က အိပ္ရာေဘးမွာထားႏိုင္တဲ့ ႏိႈးစက္တစ္ခုအေနနဲ႔ လုပ္ေဆာင္ႏိုင္ေပမယ့္ ကိုယ့္အိပ္ခန္းထဲမွာ ကင္မရာထားတာကို မႏွစ္သက္သူေတြကေတာ့ Alexa စနစ္ပါဝင္တဲ့ Sandman ရဲ႕ Doppler ကို အသံုးျပဳႏိုင္ပါတယ္။

POLK AUDIO COMMAND BAR

Alexa သံုးထားတဲ့ soundbar ကို ရွာေဖြေနသူမ်ားကေတာ့ Polk Audio ရဲ႕ Command Bar ကို ေရြးခ်ယ္ႏိုင္ပါတယ္။ ဒီထုတ္ကုန္မွာ wireless subwoofer တစ္ခုနဲ႔ Dolby/DTS surround-sound နည္းပညာတို႔ ပါဝင္ပါတယ္။

ASUS ZENBOOK UX331

Siri ကို MacBook ေတြမွာ အသံုးျပဳၿပီး Cortana က Windows 10 သံုးထားတဲ့ အရာအားလံုးမွာ ပါဝင္လာခဲ့ခ်ိန္မွာ Asus က Alexa ကို ကုမၸဏီရဲ႕ laptop သစ္အားလံုးမွာ ထည့္သြင္းခဲ့ပါတယ္။ UX331 ဟာ Amazon ရဲ႕ assistant ပါဝင္တဲ့ ZenBook နဲ႔ vivoBook ေမာ္ဒယ္ေတြထဲကတစ္ခုျဖစ္ပါတယ္။

SANBOT NANO

Sanbot Nano ကေတာ့ Alexa ပါဝင္တဲ့ စက္႐ုပ္ျဖစ္ပါတယ္။ အျမင့္ တစ္မီတာနီးပါးရိွၿပီး sensor ၅၀ ပါဝင္ပါတယ္။ အိမ္သံုးလံုၿခံဳေရးကင္မရာ တစ္ခုအေနနဲ႔ သံုးႏိုင္သလို သီခ်င္းဖြင့္တာေတြ၊ ပီဇာမွာယူတာေတြ ျပဳလုပ္ႏိုင္ပါတယ္။

Ref: Stuff

====================

[ Unicode ]

အိမ်ကို စမတ်ကျစေမယ့် Alexa စနစ်သုံး gadget (၁၂) မျိုး
============

Amazon AI assistant ရဲ့ သာယာနာပျော်ဖွယ်ကောင်းတဲ့ အသံတွေဟာ ဒီနေ့ခေတ် gadget အမျိုးအစားအားလုံးမှာ ပါဝင်နေပြီဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်အိမ်ကို စမတ်ကျစေမယ့် Alexa စနစ်သုံး gadget (၁၂) မျိုးကို ဖော်ပြလိုက်ပါတယ်။

HISENSE H10E

Sony နဲ့ LG တို့ရဲ့ တီဗွီတွေကို Alexa စပီကာကနေ အသံနဲ့ထိန်းချုပ်နိုင်ပေမယ့် Hisense ရဲ့ H10E မှာတော့ Amazon ရဲ့ AI assistant ကို အပြည့်အဝ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သတင်းအကျဉ်းချုပ်တွေ ဖတ်တာ၊ ချိတ်ဆက်ထားတဲ့ စမတ်အိမ်သုံးထုတ်ကုန်တွေကို ထိန်းချုပ်တာ စတာတွေအားလုံးကို စေခိုင်းနိုင်မှာဖြစ်ပါတယ်။

HP PAVILION WAVE

Alexa ရဲ့ အကူအညီ မပါရင်တောင်မှ Pavilion Wave ဟာ အလွန်နှစ်လိုဖွယ်ရာကောင်းတဲ့ desktop computer တစ်ခု ဖြစ်နိုင်ပါတယ်။ Built-in 360 degree စပီကာနဲ့ Bang & Olufsen ရဲ့ အသံစနစ်အပြင် Amazon ရဲ့ AI assistant ကိုပါ ထောက်ပံ့ထားတာကြောင့် အချိုပေါ် သကာဆင့်၊ ပျားရည်ပေါ် ထန်းလျက်လောင်းလိုက်သလိုပါပဲ။

AMAZON ECHO PLUS

အခုအချိန်မှာ Echo ထုတ်ကုန်အများအပြား ရရှိနိုင်ပြီဖြစ်တဲ့အတွက်ကြောင့် Amazon ရဲ့ ဘယ် စမတ်စပီကာက ကိုယ့်အတွက် အသင့်တော်ဆုံးဖြစ်မလဲဆိုတာကိုသိရှိဖို့ ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်အိမ်ရဲ့ စမတ်ထုတ်ကုန်ထိန်းချုပ်မှုကို အကောင်းဆုံးပြုလုပ်လိုပြီး အကောင်းဆုံးအသံအရည်အသွေးကို ရရှိချင်တယ်ဆိုရင်တော့ Echo Plus က ထိပ်တန်းရွေးချယ်မှုတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။ ဒါဟာ Hive thermostat နဲ့ Philips Hue မီးလုံးလို အရာတွေကို ထိန်းချုပ်ဖို့အတွက် ZigBee hub တစ်ခု built-in ပါဝင်တဲ့ တစ်ခုတည်း ထုတ်ကုန်ဖြစ်ပါတယ်။

KOHLER VERDERA

မှန်ကြည့်ပြီး မေးခွန်းမေးတတ်သူတွေအတွက် Alexa ပါဝင်တဲ့ Kohler ရဲ့ Verdera မှန်က ဖြေကြားမှုတွေ ပြုလုပ်ပေးနိုင်ပါတယ်။

ASUS LYRA VOICE

Asus ရဲ့ Lyra Voice ဟာ mesh network တစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အလုပ်လုပ်နိုင်တာကြောင့် လိုင်းမိဖို့ခက်တဲ့နေရာမှာ Wi-Fi converage ကို ပိုကောင်းစေပါလိမ့်မယ်။ ဒါ့အပြင် 8W စပီကာတစ်စုံ ပါဝင်တဲ့အတွက်ကြောင့် အသံနဲ့ထိန်းချုပ်နိုင်တဲ့ စပီကာတစ်ခုအနေနဲ့လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

AMAZON FIRE TV

Amazon ရဲ့ Fire TV မှာ Alexa စနစ်သုံးထားတဲ့ remote တစ်ခု ပါဝင်တာကြောင့် ခလုတ်ကိုနှိပ်ထားပြီး အသံနဲ့စေခိုင်းမှုတွေ ပြုလုပ်နိုင်ပါတယ်။

ULTIMATE EARS MEGABLAST

Echo ဟာ မီးဖိုချောင်သုံး ရေဒီယိုတစ်လုံးအနေနဲ့ သုံးဖို့အတွက် အလွန်သင့်တော်ပေမယ့် အသံအရည်အသွေးပိုကောင်းတာကို ရှာဖွေနေတယ်ဆိုရင်တော့ Ultimate Ears ရဲ့ Megblast ကို ရွေးချယ်နိုင်ပါတယ်။ အခြားစမတ်စပီကာတွေထက် အသံပိုကျယ်ပြီး အလွယ်တကူသယ်ဆောင်ကာ အသုံးပြုနိုင်ပါတယ်။ တစ်ခုသိထားရမှာ Alexa က Wi-Fi မရှိရင် အလုပ်မလုပ်ပါဘူး။

ONELINK SAFE & SOUND

ဒီထုတ်ကုန်ဟာ ပြောင်းပြန်လှန်ထားတဲ့ wireless router တစ်ခုနဲ့ဆင်တူပေမယ့် Alexa စနစ်ပါဝင်တဲ့ OneLink Safe & Sound က မီးခိုးငွေ့နဲ့ ကာဗွန်မိုနောက်ဆိုဒ်ကို ရှာဖွေပေးနိုင်ပါတယ်။ ဒါ့အပြင် Nest ပုံစံ notification ကို ဖုန်းထံပို့ပေးနိုင်သလို သီချင်းနဲ့ သတိပေးချက်အသံတွေကိုလည်း ဖွင့်ပေးနိုင်ပါတယ်။

SANDMAN DOPPLER

Amazon ရဲ့ Echo Spot က အိပ်ရာဘေးမှာထားနိုင်တဲ့ နှိုးစက်တစ်ခုအနေနဲ့ လုပ်ဆောင်နိုင်ပေမယ့် ကိုယ့်အိပ်ခန်းထဲမှာ ကင်မရာထားတာကို မနှစ်သက်သူတွေကတော့ Alexa စနစ်ပါဝင်တဲ့ Sandman ရဲ့ Doppler ကို အသုံးပြုနိုင်ပါတယ်။

POLK AUDIO COMMAND BAR

Alexa သုံးထားတဲ့ soundbar ကို ရှာဖွေနေသူများကတော့ Polk Audio ရဲ့ Command Bar ကို ရွေးချယ်နိုင်ပါတယ်။ ဒီထုတ်ကုန်မှာ wireless subwoofer တစ်ခုနဲ့ Dolby/DTS surround-sound နည်းပညာတို့ ပါဝင်ပါတယ်။

ASUS ZENBOOK UX331

Siri ကို MacBook တွေမှာ အသုံးပြုပြီး Cortana က Windows 10 သုံးထားတဲ့ အရာအားလုံးမှာ ပါဝင်လာခဲ့ချိန်မှာ Asus က Alexa ကို ကုမ္ပဏီရဲ့ laptop သစ်အားလုံးမှာ ထည့်သွင်းခဲ့ပါတယ်။ UX331 ဟာ Amazon ရဲ့ assistant ပါဝင်တဲ့ ZenBook နဲ့ vivoBook မော်ဒယ်တွေထဲကတစ်ခုဖြစ်ပါတယ်။

SANBOT NANO

Sanbot Nano ကတော့ Alexa ပါဝင်တဲ့ စက်ရုပ်ဖြစ်ပါတယ်။ အမြင့် တစ်မီတာနီးပါးရှိပြီး sensor ၅၀ ပါဝင်ပါတယ်။ အိမ်သုံးလုံခြုံရေးကင်မရာ တစ်ခုအနေနဲ့ သုံးနိုင်သလို သီချင်းဖွင့်တာတွေ၊ ပီဇာမှာယူတာတွေ ပြုလုပ်နိုင်ပါတယ်။

Ref: Stuff