August 20, 2018

အားသြင္းျမန္ဆန္တဲ့ dual wireless charger သစ္ကုိ Samsung မိတ္ဆက္

[ Zawgyi ]

Samsung ဟာ Galaxy Note 9 နဲ႔ Galaxy Watch ထုတ္ကုန္ေတြအတြက္ အားသြင္းဖို႔ ဒီဇိုင္းထုတ္ထားတဲ့ ႀကိဳးမဲ့ dual wireless charger သစ္ကုိ မိတ္ဆက္ခဲ့ပါတယ္။ အဲဒီထုတ္ကုန္ အမည္က Wireless Charger Duo ျဖစ္ၿပီး ထုတ္ကုန္ကုိ အားသြင္းဖို႔ pad ႏွစ္ခု ပါဝင္လာပါတယ္။ Galaxy စမတ္နာရီသစ္အတြက္ flat ဧရိယာတစ္ခုနဲ႔ ဖုန္းအတြက္ အားသြင္းေနစဥ္မွာ display ကိုၾကည့္ႏိုင္ဖို႔ prop up အေထာက္အပံ့တစ္ခုလည္း ပါဝင္လာပါတယ္။

အဲဒီ charging pad တစ္ခုစီမွာ အားသြင္းႏိုင္တဲ့ စြမ္းအင္ 12W ပါဝင္တဲ့အတြက္ Samsung ဒါမွမဟုတ္ အျခားကုမၸဏီကထုတ္လုပ္တဲ့ ဖုန္းေတြကုိ ျမန္ဆန္စြာ အားသြင္းေပးႏိုင္ပါတယ္။ Wireless Charger Duo ဟာ Galaxy Note 9 စမတ္ဖုန္းတင္မကပဲ ႀကိဳးမဲ့အားသြင္းစနစ္ ေထာက္ပံံ့ထားတဲ့ အျခား Galaxy ထုတ္ကုန္ေတြကုိလည္း အားသြင္းေပးႏိုင္သလို Galaxy Watch စမတ္နာရီနဲ႔ တစ္ၿပိဳင္နက္တည္း အားသြင္းႏိုင္ပါတယ္။ Qi ေထာက္ပံ့မႈပါဝင္တဲ့ ထုတ္ကုန္ေတြနဲ႔လည္း အသုံးျပဳႏိုင္ေပမယ့္ အားသြင္းျမန္ဆန္တဲ့ ႀကိဳးမဲ့စနစ္ကေတာ့ Samsung ထုတ္ကုန္ေတြကုိပဲ ေထာက္ပ့ံေပးပါတယ္။

Wireless Charger Duo ကို အနက္နဲ႔ အျဖဴဆိုၿပီး အေရာင္ ၂ မ်ိဳးနဲ႔ ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။ တန္ဖိုးက ေဒၚလာ ၁၂၀ ျဖစ္ပါတယ္။ Duo ရဲ႕ Pad ကိုလည္း အနက္နဲ႔ အျဖဴအျပင္ အျပာနဲ႔လည္း ထုတ္လုပ္ထားၿပီး ၄၉ ေပါင္နဲ႔ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

စိုးထက္
Ref: TheVerge/GSMArena

[ Unicode ]

Samsung ဟာ Galaxy Note 9 နဲ့ Galaxy Watch ထုတ်ကုန်တွေအတွက် အားသွင်းဖို့ ဒီဇိုင်းထုတ်ထားတဲ့ ကြိုးမဲ့ dual wireless charger သစ်ကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီထုတ်ကုန် အမည်က Wireless Charger Duo ဖြစ်ပြီး ထုတ်ကုန်ကို အားသွင်းဖို့ pad နှစ်ခု ပါဝင်လာပါတယ်။ Galaxy စမတ်နာရီသစ်အတွက် flat ဧရိယာတစ်ခုနဲ့ ဖုန်းအတွက် အားသွင်းနေစဉ်မှာ display ကိုကြည့်နိုင်ဖို့ prop up အထောက်အပံ့တစ်ခုလည်း ပါဝင်လာပါတယ်။

အဲဒီ charging pad တစ်ခုစီမှာ အားသွင်းနိုင်တဲ့ စွမ်းအင် 12W ပါဝင်တဲ့အတွက် Samsung ဒါမှမဟုတ် အခြားကုမ္ပဏီကထုတ်လုပ်တဲ့ ဖုန်းတွေကို မြန်ဆန်စွာ အားသွင်းပေးနိုင်ပါတယ်။ Wireless Charger Duo ဟာ Galaxy Note 9 စမတ်ဖုန်းတင်မကပဲ ကြိုးမဲ့အားသွင်းစနစ် ထောက်ပံံ့ထားတဲ့ အခြား Galaxy ထုတ်ကုန်တွေကိုလည်း အားသွင်းပေးနိုင်သလို Galaxy Watch စမတ်နာရီနဲ့ တစ်ပြိုင်နက်တည်း အားသွင်းနိုင်ပါတယ်။ Qi ထောက်ပံ့မှုပါဝင်တဲ့ ထုတ်ကုန်တွေနဲ့လည်း အသုံးပြုနိုင်ပေမယ့် အားသွင်းမြန်ဆန်တဲ့ ကြိုးမဲ့စနစ်ကတော့ Samsung ထုတ်ကုန်တွေကိုပဲ ထောက်ပ့ံပေးပါတယ်။

Wireless Charger Duo ကို အနက်နဲ့ အဖြူဆိုပြီး အရောင် ၂ မျိုးနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ တန်ဖိုးက ဒေါ်လာ ၁၂၀ ဖြစ်ပါတယ်။ Duo ရဲ့ Pad ကိုလည်း အနက်နဲ့ အဖြူအပြင် အပြာနဲ့လည်း ထုတ်လုပ်ထားပြီး ၄၉ ပေါင်နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref: TheVerge/GSMArena