အာဆီယံတကၠသိုလ္မ်ား အားကစားၿပိဳင္ပြဲအတြက္ Mytel ပူးေပါင္းေဆာင္ရြက္

[ Zawgyi ]

ေနျပည္ေတာ္ေကာင္စီ နယ္ေျမအတြင္းမွာ ဒီဇင္ဘာ ၈ ရက္ကေန ၁၉ ရက္အထိ က်င္းပမယ့္ (၁၉) ႀကိမ္ေျမာက္ အာဆီယံတကၠသိုလ္မ်ား အားကစားၿပိဳင္ပြဲ AUG (Asian University Games) မွ Mytel အေနနဲ႔ အထူးဆက္သြယ္ေရး မိတ္ဖက္အျဖစ္ ေငြသားနဲ႔ DATA အသံုးျပဳခြင့္ ေပးလွဴၿပီး ေထာက္ပံ့ခဲ့တယ္လို႔ ျပင္ပဆက္ဆံေရး အမႈေဆာင္အရာရွိခ်ဴပ္ ဦးေဇာ္မင္းဦးက ေျပာပါတယ္။

“ေငြသားကေတာ့ အေမရိကန္ေဒၚလာ တစ္ေသာင္းေျခာက္ေထာင္ပါ။ ၿပီးေတာ့ အားကစားပြဲ တစ္ေလွ်ာက္လံုးမွာ ပညာေရး၀န္ႀကီးဌာနကေန AUG (Asian University Games) ပြဲကို သူ႕ရဲ႕ ၀က္ဘ္ဆိုက္ကေန Live Streaming လႊင့္ဖို႔လည္း ရွိတယ္။ အဲ့အတြက္ အင္တာနက္လိုင္းေတြ DATA အသံုးျပဳခြင့္ေတြေရာ အားလံုး ပါ၀င္ေထာက္ပံ့တာပါ” လို႔ ၎ကေျပာပါတယ္။

ဒီဇင္ဘာ ၄ ရက္ (ယေန႔) ေန႔လယ္ပိုင္းက ေနျပည္ေတာ္ရွိ ပညာေရးဝန္ႀကီးဌာနမွ ႀကီးမွဴးၿပီး အထက္တန္းပညာေရးခန္းမေဆာင္မွာ က်င္းပတဲ့ အာဆီယံတကၠသိုလ္မ်ား အားကစားၿပိဳင္ပြဲ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အာဆီယံတကၠသိုလ္မ်ား အားကစားၿပိဳင္ပြဲ AUG (Asian University Games) ဟာ ႏွစ္ႏွစ္တစ္ႀကိမ္ က်င္းပတာျဖစ္ၿပီး ဒီႏွစ္ (၁၉) ႀကိမ္ေျမာက္မွာ ျမန္မာႏိုင္ငံက ပထမဦးဆံုးအေနနဲ႔ အိမ္ရွင္အျဖစ္ လက္ခံက်င္းပခြင့္ရရွိတာ ျဖစ္ပါတယ္။ အဆိုပါ အားကစားၿပိဳင္ပြဲမွာ အေရွ႕ေတာင္အာရွက တကၠသိုလ္ေက်ာင္းမ်ားကေန အားကစားေတြ လာေရာက္ယွဥ္ၿပိဳင္မွာ ျဖစ္ၿပီး ေနျပည္ေတာ္ ဝဏၰသိဒၶိ အားကစားကြင္းမွာ က်င္းပျပဳလုပ္မွာျဖစ္တယ္လို႔ သိရပါတယ္။

-ေက်ာ္ေဇယ်

[ Unicode ]

နေပြည်တော်ကောင်စီ နယ်မြေအတွင်းမှာ ဒီဇင်ဘာ ၈ ရက်ကနေ ၁၉ ရက်အထိ ကျင်းပမယ့် (၁၉) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ AUG (Asian University Games) မှ Mytel အနေနဲ့ အထူးဆက်သွယ်ရေး မိတ်ဖက်အဖြစ် ငွေသားနဲ့ DATA အသုံးပြုခွင့် ပေးလှူပြီး ထောက်ပံ့ခဲ့တယ်လို့ ပြင်ပဆက်ဆံရေး အမှုဆောင်အရာရှိချူပ် ဦးဇော်မင်းဦးက ပြောပါတယ်။

“ငွေသားကတော့ အမေရိကန်ဒေါ်လာ တစ်သောင်းခြောက်ထောင်ပါ။ ပြီးတော့ အားကစားပွဲ တစ်လျှောက်လုံးမှာ ပညာရေးဝန်ကြီးဌာနကနေ AUG (Asian University Games) ပွဲကို သူ့ရဲ့ ၀က်ဘ်ဆိုက်ကနေ Live Streaming လွှင့်ဖို့လည်း ရှိတယ်။ အဲ့အတွက် အင်တာနက်လိုင်းတွေ DATA အသုံးပြုခွင့်တွေရော အားလုံး ပါ၀င်ထောက်ပံ့တာပါ” လို့ ၎င်းကပြောပါတယ်။

ဒီဇင်ဘာ ၄ ရက် (ယနေ့) နေ့လယ်ပိုင်းက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနမှ ကြီးမှူးပြီး အထက်တန်းပညာရေးခန်းမဆောင်မှာ ကျင်းပတဲ့ အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ AUG (Asian University Games) ဟာ နှစ်နှစ်တစ်ကြိမ် ကျင်းပတာဖြစ်ပြီး ဒီနှစ် (၁၉) ကြိမ်မြောက်မှာ မြန်မာနိုင်ငံက ပထမဦးဆုံးအနေနဲ့ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိတာ ဖြစ်ပါတယ်။ အဆိုပါ အားကစားပြိုင်ပွဲမှာ အရှေ့တောင်အာရှက တက္ကသိုလ်ကျောင်းများကနေ အားကစားတွေ လာရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းမှာ ကျင်းပပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။