အသံဆူညံမှုကင်းပြီး အပူလျှော့ချပေးနိုင်တဲ့ နည်းပညာပါဝင်သော Lenovo Gaming Notebook ကို မိတ်ဆက်

[ Zawgyi ]




-ဝေဝေ

[ Unicode ]

အသံဆူညံမှုကင်းပြီး အပူကိုလျှော့ချပေးနိုင်တဲ့ နည်းပညာပါဝင်သော Lenovo အမှတ်တံဆိပ် Legion Y530 မော်ဒယ် Gaming Notebook မိတ်ဆက်ပွဲကို စက်တင်ဘာလ ၆ ရက်က Sule Shangri-La Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အသံထွက်စနစ်ပိုင်းတွင် ဂိမ်းကစားသူတွေအကြိုက်တွေ့စေနိုင်တဲ့ Harman Sound System ကို Digital Audio, Dolby Home Theater နဲ့တွဲဖက်ပေးထားပါတယ်။ Intel နောက်ဆုံးထုတ် 8th Generation Core i7 (8750H) အမျိုးအစား Processor နဲ့ Memory ပိုင်းအတွက် DDR4 2666MHz အမျိုးအစား RAM 8 GB ထည့်သွင်းအသုံးပြုထားပါတယ်။ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 1TB (5400RPM) HDD ပါဝင်ပါတယ်။ ညဘက်နဲ့ အလင်း ရောင်အားနည်းချိန်မှာအသုံးပြုနိုင်တဲ့ White-backlight Keyboard ကို အသုံးပြုထားပါတယ်။

အာမခံအနေနဲ့ 1 year Parts and Service ပေးထားပြီး တန်ဖိုး ကန်ဒေါ်လာ ၁,၁၆၉ နဲ့ ဖုန်း ၀၁- ၃၇၃၀၂၆၊ ၀၁- ၃၈၅၁၇၇၊ လိုင်းခွဲ ၁၄၁ သို့ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။