အသုံးဝင္ေစမယ့္ iPhone ရဲ႕အေကာင္းဆုံးလွည့္ကြက္ (၉) ခု

[ Zawgyi ]

ယေန႔ေခတ္မွာ လူတိုင္းနီးပါးဟာ ကိစၥေတာ္ေတာ္မ်ားမ်ားမွာ စမတ္ဖုန္းေတြကို ပိုမို အသုံးျပဳလာၾကပါတယ္။ ကမ႓ာတစ္ဖက္မွာ ေရာက္ေနတဲ့သူနဲ႔ FaceTime အသုံးျပဳၿပီး စကားေျပာတာ၊ အစားအစာမွာယူတာ အျပင္ 4K ဗီဒီယိုေတြကုိ ႐ိုက္ကူးၿပီး cloud ထဲထည့္သြင္းတာေတြ ျပဳလုပ္ေနၾကပါတယ္။ အဲဒီနည္းပညာေတြဟာ အလြန္အံ့အားသင့္စရာေကာင္းမြန္ပါတယ္။
အခုအခါမွာေတာ့ သုံးစြဲသူေတြအတြက္ အသုံးဝင္ေစမယ့္ iPhone လွည့္ကြက္ေတြကုိ ေအာက္မွာ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) Smart Do Not Disturb

iPhone သုံးစြဲသူက အေရးတႀကီး အစည္းအေဝးတက္ေနတဲ့ အခိုက္အတန္႔မွာ ဖုန္းက message ေတြ လက္ခံရရွိေနတဲ့ အတြက္ တဝီဝီျမည္ေနတယ္ဆိုပါစုိ႔။ ဒါေပမဲ့Do Note Disturb mode ကေန သတိေပးခ်က္ေတြကုိ ပိတ္ႏိုင္ပါတယ္။ ဒါ့အျပင္ control center အတြင္းက DND icon ကို ခပ္ၾကာၾကာ ႏွိပ္ထားတဲ့အခါမွာ ပိတ္ထားမယ့္ အခ်ိန္အကန္႔အသတ္ကို ေရြးခ်ယ္ႏိုင္ပါတယ္။

(၂) screenshot အတြင္းက စာသားကုိခ်ဲ႕ၾကည့္ျခင္း

iPhone မွာသုံးစြဲသူက menu markup ညာဘက္ေထာင့္က “+” icon ကုိေရြးခ်ယ္ၿပီး magnifier ကုိ ေရြးခ်ယ္လိုရင္ tool တစ္ခုေပၚလာမွာပါ။ အဲဒီ tool ကုိအသုံးျပဳၿပီး screenshot ရဲ႕ zoom နဲ႔ အရြယ္အစားေတြကုိ ခ်ိန္ညိႇႏိုင္ပါတယ္။ ဒါ့အျပင္ စာသားေတြနဲ႔ လက္မွတ္ေတြအျပင္ ဓာတ္ပုံေတြကုိလည္း ထည့္သြင္းႏိုင္ပါတယ္။

(၃) ဗီဒိယိုထဲမွာ ဓာတ္ပုံ႐ိုက္ကူးျခင္း

iPhone မွာ ဗီဒီယို႐ိုက္ကူးတဲ့အခါမွာ အျဖဴေရာင္ခလုတ္တစ္ခုကုိ ျမင္ေတြ႕မွာ ျဖစ္ပါတယ္။ ဗီဒီယို႐ိုက္ကူးတဲ့အခါမွာ အေႏွာင့္အယွက္ မျဖစ္ေစဘဲ ဓာတ္ပုံေတြကုိ ႐ိုက္ကူးႏိုင္တဲ့ခလုတ္ ျဖစ္ပါတယ္။ အရည္အေသြးျမင့္ဓာတ္ပုံေတြ ႐ိုက္ကူးဖို႔အတြက္ ဗီဒီယို႐ိုက္ကူးမႈ ရပ္နားစရာမလိုေတာ့ပါဘူး။ အားနည္းခ်က္ကေတာ့ ဓာတ္ပုံရဲ႕ aspect ratio ကေတာ့ ဗီဒီယိုနဲ႔တူညီေနမွာပါ။

(၄) Calculator

iPhone က calculator app ဟာ အသုံးဝင္တဲ့ tool ျဖစ္ပါတယ္။ ဒါေပမဲ့ calculator မွာ ကိန္းဂဏန္းေတြ မွားႏွိပ္မိတဲ့အခါ ေနာက္ဆုံး ကိန္းဂဏန္းကို ဖ်က္ဖို႔ ဘယ္ဘက္ကို swipe လုပ္လိုက္႐ုံပါပဲ။

(၅) Message ေတြနဲ႔ တည္ေနရာေဝမွ်ျခင္း

iPhone သုံးစြဲသူတစ္ဦးက လက္ရွိတည္ေနရာကို တစ္စုံတစ္ေယာက္ဆီ ေဝမွ်ႏိုင္ပါတယ္။ သုံးဏြဲဥူက “I’m at” ကုိ message မွာ႐ိုက္လိုက္ရင္ smart keybpard အတြင္း တည္ေနရာကို အလိုအေလ်ာက္ေဝမွ်ဖို႔ Siri က အႀကံျပဳေပးသြားမွာျဖစ္ပါတယ္။

(၆) Siri Shortcut မ်ား

iPhone မွာပါဝင္တဲ့ Siri Shortcut ေတြက အသံထိန္းခ်ဳပ္မႈနဲ႔ လုပ္ေဆာင္ခ်က္အမ်ိဳးမ်ိဳးကို ျပဳလုပ္ႏိုင္ပါတယ္။ သုံးစြဲသူက ကုိယ္ပုိင္ shortcut ေတြ ဒါမွမဟုတ္ ရွိၿပီးသား shortcut ေတြကုိ ဖန္တီးႏို္င္ပါတယ္။ ဒါမွမဟုတ္ အလန္းစားနဲ႔ စိတ္ဝင္စားစရာေကာင္းတဲ့ shortcut ေတြကုိ download လုပ္ႏိုင္ပါတယ္။

(၇) Sleep time

သုံးစြဲသူက သီခ်င္းနားေထာင္ရင္း အိပ္ေပ်ာ္သြားတတ္ရင္ အခ်ိန္ကာလတစ္ခုအတြင္း သီခ်င္းကို ရပ္တန္႔ႏိုင္ဖို႔ timer ကိုသတ္မွတ္ထားႏိုင္ပါတယ္။ သီခ်င္းကုိ အခ်ိန္တစ္ခုအတြင္း ပိတ္ႏိုင္ဖို႔ Clock app ကုိဖြင့္ၿပီး ေအာက္ေျခက timer icon ကိုႏွိပ္၊ အခ်ိန္ကို သတ္မွတ္ဖို႔ “when timer ends” ကိုေရြးခ်ယ္ေပးရပါမယ္။ အဲဒီမွာ “Stop Playing” ကုိေရြးခ်ယ္ေပး႐ုံပါပဲ။

(၈) Password ကိုေဝမွ်ျခင္း

သုံးစြဲသူရဲ႕ဖုန္းကေန password နဲ႔ကာကြယ္ထားတဲ့ Wi-Fi hotspot ကိုခ်ိတ္ဆက္ထားရင္ password ကုိ ျပန္လည္ထည့္သြင္းစရာမလုိဘဲ laptop နဲ႔ Wi-Fi ကို အလြယ္တကူ ခ်ိတ္ဆက္ႏိုင္ပါတယ္။ Airdrop ဟာ iPhone က password ေတြကုိ ေဝမွ်ႏိုင္ပါတယ္။ iCloud account အတြင္း ထည့္သြင္းထားတဲ့ ထုတ္ကုန္၂ ခု စလုံးကို အလိုအေလ်ာက္ ခ်ိတ္ဆက္ေပးႏိုင္သလို contact စာရင္းထဲက လူတစ္ေယာက္ပုိင္တဲ့ ထုတ္ကုန္ဆီကုိလည္း Wi-Fi password ေဝမွ်ေပးႏိုင္ပါတယ္။

(၉) Spackbar trackpad

သုံးစြဲသူက စာသားေတြကို တည္းျဖတ္တဲ့အခါမွာ လြယ္ကူျမန္ဆန္ေစဖို႔အတြက္ spacebar ကို ခပ္ၾကာၾကာ ႏွိပ္ထားရင္ trackpad အျဖစ္ ေျပာင္းလဲသြားမွာပါ။ အဲဒီအခါမွပဲ cursor ကို လိုခ်င္တဲ့ေနရာဆီ ေရႊ႕ႏိုင္ပါမယ္။

Ref: Inc

[ Unicode ]

ယနေ့ခေတ်မှာ လူတိုင်းနီးပါးဟာ ကိစ္စတော်တော်များများမှာ စမတ်ဖုန်းတွေကို ပိုမို အသုံးပြုလာကြပါတယ်။ ကမ႓ာတစ်ဖက်မှာ ရောက်နေတဲ့သူနဲ့ FaceTime အသုံးပြုပြီး စကားပြောတာ၊ အစားအစာမှာယူတာ အပြင် 4K ဗီဒီယိုတွေကို ရိုက်ကူးပြီး cloud ထဲထည့်သွင်းတာတွေ ပြုလုပ်နေကြပါတယ်။ အဲဒီနည်းပညာတွေဟာ အလွန်အံ့အားသင့်စရာကောင်းမွန်ပါတယ်။
အခုအခါမှာတော့ သုံးစွဲသူတွေအတွက် အသုံးဝင်စေမယ့် iPhone လှည့်ကွက်တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

(၁) Smart Do Not Disturb

iPhone သုံးစွဲသူက အရေးတကြီး အစည်းအဝေးတက်နေတဲ့ အခိုက်အတန့်မှာ ဖုန်းက message တွေ လက်ခံရရှိနေတဲ့ အတွက် တဝီဝီမြည်နေတယ်ဆိုပါစို့။ ဒါပေမဲ့Do Note Disturb mode ကနေ သတိပေးချက်တွေကို ပိတ်နိုင်ပါတယ်။ ဒါ့အပြင် control center အတွင်းက DND icon ကို ခပ်ကြာကြာ နှိပ်ထားတဲ့အခါမှာ ပိတ်ထားမယ့် အချိန်အကန့်အသတ်ကို ရွေးချယ်နိုင်ပါတယ်။

(၂) screenshot အတွင်းက စာသားကိုချဲ့ကြည့်ခြင်း

iPhone မှာသုံးစွဲသူက menu markup ညာဘက်ထောင့်က “+” icon ကိုရွေးချယ်ပြီး magnifier ကို ရွေးချယ်လိုရင် tool တစ်ခုပေါ်လာမှာပါ။ အဲဒီ tool ကိုအသုံးပြုပြီး screenshot ရဲ့ zoom နဲ့ အရွယ်အစားတွေကို ချိန်ညှိနိုင်ပါတယ်။ ဒါ့အပြင် စာသားတွေနဲ့ လက်မှတ်တွေအပြင် ဓာတ်ပုံတွေကိုလည်း ထည့်သွင်းနိုင်ပါတယ်။

(၃) ဗီဒိယိုထဲမှာ ဓာတ်ပုံရိုက်ကူးခြင်း

iPhone မှာ ဗီဒီယိုရိုက်ကူးတဲ့အခါမှာ အဖြူရောင်ခလုတ်တစ်ခုကို မြင်တွေ့မှာ ဖြစ်ပါတယ်။ ဗီဒီယိုရိုက်ကူးတဲ့အခါမှာ အနှောင့်အယှက် မဖြစ်စေဘဲ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်တဲ့ခလုတ် ဖြစ်ပါတယ်။ အရည်အသွေးမြင့်ဓာတ်ပုံတွေ ရိုက်ကူးဖို့အတွက် ဗီဒီယိုရိုက်ကူးမှု ရပ်နားစရာမလိုတော့ပါဘူး။ အားနည်းချက်ကတော့ ဓာတ်ပုံရဲ့ aspect ratio ကတော့ ဗီဒီယိုနဲ့တူညီနေမှာပါ။

(၄) Calculator

iPhone က calculator app ဟာ အသုံးဝင်တဲ့ tool ဖြစ်ပါတယ်။ ဒါပေမဲ့ calculator မှာ ကိန်းဂဏန်းတွေ မှားနှိပ်မိတဲ့အခါ နောက်ဆုံး ကိန်းဂဏန်းကို ဖျက်ဖို့ ဘယ်ဘက်ကို swipe လုပ်လိုက်ရုံပါပဲ။

(၅) Message တွေနဲ့ တည်နေရာဝေမျှခြင်း

iPhone သုံးစွဲသူတစ်ဦးက လက်ရှိတည်နေရာကို တစ်စုံတစ်ယောက်ဆီ ဝေမျှနိုင်ပါတယ်။ သုံးဏွဲဥူက “I’m at” ကို message မှာရိုက်လိုက်ရင် smart keybpard အတွင်း တည်နေရာကို အလိုအလျောက်ဝေမျှဖို့ Siri က အကြံပြုပေးသွားမှာဖြစ်ပါတယ်။

(၆) Siri Shortcut များ

iPhone မှာပါဝင်တဲ့ Siri Shortcut တွေက အသံထိန်းချုပ်မှုနဲ့ လုပ်ဆောင်ချက်အမျိုးမျိုးကို ပြုလုပ်နိုင်ပါတယ်။ သုံးစွဲသူက ကိုယ်ပိုင် shortcut တွေ ဒါမှမဟုတ် ရှိပြီးသား shortcut တွေကို ဖန်တီးနို်င်ပါတယ်။ ဒါမှမဟုတ် အလန်းစားနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ shortcut တွေကို download လုပ်နိုင်ပါတယ်။

(၇) Sleep time

သုံးစွဲသူက သီချင်းနားထောင်ရင်း အိပ်ပျော်သွားတတ်ရင် အချိန်ကာလတစ်ခုအတွင်း သီချင်းကို ရပ်တန့်နိုင်ဖို့ timer ကိုသတ်မှတ်ထားနိုင်ပါတယ်။ သီချင်းကို အချိန်တစ်ခုအတွင်း ပိတ်နိုင်ဖို့ Clock app ကိုဖွင့်ပြီး အောက်ခြေက timer icon ကိုနှိပ်၊ အချိန်ကို သတ်မှတ်ဖို့ “when timer ends” ကိုရွေးချယ်ပေးရပါမယ်။ အဲဒီမှာ “Stop Playing” ကိုရွေးချယ်ပေးရုံပါပဲ။

(၈) Password ကိုဝေမျှခြင်း

သုံးစွဲသူရဲ့ဖုန်းကနေ password နဲ့ကာကွယ်ထားတဲ့ Wi-Fi hotspot ကိုချိတ်ဆက်ထားရင် password ကို ပြန်လည်ထည့်သွင်းစရာမလိုဘဲ laptop နဲ့ Wi-Fi ကို အလွယ်တကူ ချိတ်ဆက်နိုင်ပါတယ်။ Airdrop ဟာ iPhone က password တွေကို ဝေမျှနိုင်ပါတယ်။ iCloud account အတွင်း ထည့်သွင်းထားတဲ့ ထုတ်ကုန်၂ ခု စလုံးကို အလိုအလျောက် ချိတ်ဆက်ပေးနိုင်သလို contact စာရင်းထဲက လူတစ်ယောက်ပိုင်တဲ့ ထုတ်ကုန်ဆီကိုလည်း Wi-Fi password ဝေမျှပေးနိုင်ပါတယ်။

(၉) Spackbar trackpad

သုံးစွဲသူက စာသားတွေကို တည်းဖြတ်တဲ့အခါမှာ လွယ်ကူမြန်ဆန်စေဖို့အတွက် spacebar ကို ခပ်ကြာကြာ နှိပ်ထားရင် trackpad အဖြစ် ပြောင်းလဲသွားမှာပါ။ အဲဒီအခါမှပဲ cursor ကို လိုချင်တဲ့နေရာဆီ ရွှေ့နိုင်ပါမယ်။

စိုးထက်
Ref: Inc