August 20, 2018

အသစ္ထြက္မယ့္ iPhone ေတြကို ျပသထားတဲ့ YouTube ဗီဒီယို ထြက္ေပၚလာ

[Zawgyi]

အသစ္ထြက္မယ့္ Apple iPhone သံုးမ်ိဳးဟာ နာမည္ေက်ာ္ YouTuber ျဖစ္တဲ့ Marques Brownlee ဆီကေန ထြက္ေပၚလာပါတယ္။

Brownlee ဟာ ဒုတိယမ်ိဳးဆက္ iPhone X, ၆.၅ လက္မ iPhone X Plus နဲ႔ ဘတ္ဂ်က္ ၆.၁ လက္မ iPhone X တို႔ရဲ႕ dummy ေမာ္ဒယ္ေတြကို ျပသခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ Brownlee ဟာ အဆိုပါ iPhone သစ္သံုးမ်ိဳးစလံုးရဲ႕ အဆင့္ျမွင့္တင္မႈေတြနဲ႔ ျခားနားခ်က္ေတြကို ႏိႈင္းယွဥ္ျပသခဲ့ပါတယ္။

ဇြန္လတုန္းက ေပါက္ၾကားထြက္ေပၚခဲ့တဲ့ iPhone ေမာ္ဒယ္သစ္ေတြရဲ႕ ပံုၾကမ္းနဲ႔ Brownlee ရဲ႕ dummy unit ေတြဟာ တူညီၿပီး bezel-less display ေၾကာင့္ iPhone X Plus က ၅.၅ လက္မ iPhone 8 Plus ထက္ သိပ္မႀကီးတာကို အတည္ျပဳထားပါတယ္။ ဒါ့အျပင္ ဒုတိယမ်ိဳးဆက္ iPhone X က original iPhone X နဲ႔ အရြယ္တူညီၿပီး ဘတ္ဂ်က္ iPhone X ကေတာ့ ပရီမီယံ ေမာ္ဒယ္ေတြထက္ အနည္းငယ္ထူထဲကာ ေလးလံတယ္လို႔ ဆုိပါတယ္။ ဘတ္ဂ်က္ iPhone X မွာ ပရီမီယံ ေမာ္ဒယ္ေတြထက္ ထူထဲတဲ့ bezel ေတြ ပါဝင္လာႏိုင္တယ္လို႔ Brownlee က မွတ္ခ်က္ျပဳပါတယ္။

ဆက္လက္ၿပီး iPhone သစ္ သံုးမ်ိဳးစလံုးမွာ 3D Touch ပါဝင္လာမယ္လို႔ Brownlee က ေျပာၾကားခဲ့ပါတယ္။ ဘတ္ဂ်က္ေမာ္ဒယ္မွာ ေက်ာဘက္ကင္မရာ တစ္ခုတည္းသာပါဝင္ၿပီး 2x zoom lens မဟုတ္ဘူးလို႔လည္း သိရပါတယ္။

iPhone သစ္ေတြရဲ႕ အတြင္းပိုင္းနဲ႔ပတ္သက္ၿပီး Brownlee က မေဆြးေႏြးခဲ့ပါဘူး။

ေမာ္ဒယ္သစ္အားလံုးမွာ fast charging ပါဝင္ေပမယ့္လည္း third-party fast charger ေတြနဲ႔ မသံုးႏိုင္ဘူးလို႔လည္း သိရပါတယ္။

Brownlee ရဲ႕ ဗီဒီယိုကို ေအာက္မွာ ၾကည့္႐ႈႏိုင္ပါတယ္။

Ref: Forbes

=========

[Unicode]

အသစ်ထွက်မယ့် iPhone တွေကို ပြသထားတဲ့ YouTube ဗီဒီယို ထွက်ပေါ်လာ
========

အသစ်ထွက်မယ့် Apple iPhone သုံးမျိုးဟာ နာမည်ကျော် YouTuber ဖြစ်တဲ့ Marques Brownlee ဆီကနေ ထွက်ပေါ်လာပါတယ်။

Brownlee ဟာ ဒုတိယမျိုးဆက် iPhone X, ၆.၅ လက်မ iPhone X Plus နဲ့ ဘတ်ဂျက် ၆.၁ လက်မ iPhone X တို့ရဲ့ dummy မော်ဒယ်တွေကို ပြသခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် Brownlee ဟာ အဆိုပါ iPhone သစ်သုံးမျိုးစလုံးရဲ့ အဆင့်မြှင့်တင်မှုတွေနဲ့ ခြားနားချက်တွေကို နှိုင်းယှဉ်ပြသခဲ့ပါတယ်။

ဇွန်လတုန်းက ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ iPhone မော်ဒယ်သစ်တွေရဲ့ ပုံကြမ်းနဲ့ Brownlee ရဲ့ dummy unit တွေဟာ တူညီပြီး bezel-less display ကြောင့် iPhone X Plus က ၅.၅ လက်မ iPhone 8 Plus ထက် သိပ်မကြီးတာကို အတည်ပြုထားပါတယ်။ ဒါ့အပြင် ဒုတိယမျိုးဆက် iPhone X က original iPhone X နဲ့ အရွယ်တူညီပြီး ဘတ်ဂျက် iPhone X ကတော့ ပရီမီယံ မော်ဒယ်တွေထက် အနည်းငယ်ထူထဲကာ လေးလံတယ်လို့ ဆိုပါတယ်။ ဘတ်ဂျက် iPhone X မှာ ပရီမီယံ မော်ဒယ်တွေထက် ထူထဲတဲ့ bezel တွေ ပါဝင်လာနိုင်တယ်လို့ Brownlee က မှတ်ချက်ပြုပါတယ်။

ဆက်လက်ပြီး iPhone သစ် သုံးမျိုးစလုံးမှာ 3D Touch ပါဝင်လာမယ်လို့ Brownlee က ပြောကြားခဲ့ပါတယ်။ ဘတ်ဂျက်မော်ဒယ်မှာ ကျောဘက်ကင်မရာ တစ်ခုတည်းသာပါဝင်ပြီး 2x zoom lens မဟုတ်ဘူးလို့လည်း သိရပါတယ်။

iPhone သစ်တွေရဲ့ အတွင်းပိုင်းနဲ့ပတ်သက်ပြီး Brownlee က မဆွေးနွေးခဲ့ပါဘူး။

မော်ဒယ်သစ်အားလုံးမှာ fast charging ပါဝင်ပေမယ့်လည်း third-party fast charger တွေနဲ့ မသုံးနိုင်ဘူးလို့လည်း သိရပါတယ်။

Brownlee ရဲ့ ဗီဒီယိုကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

Ref: Forbes