အသစ္ထြက္မယ့္ HTC စမတ္ဖုန္းတြင္ 5G အေထာက္အပံ့နဲ႔ Snapdragon 855 ပါဝင္မည္

[ Zawgyi ]

HTC ဟာ ဒီႏွစ္အတြင္းမွာ ခက္ခဲၾကမ္းတမ္းတဲ့ အခ်ိန္ကာလတစ္ခုနဲ႔ ရင္ဆိုင္ေနရၿပီး စမတ္ဖုန္းသစ္ေတြက သံုးစြဲသူေတြရဲ႕ အာ႐ံုကို မဖမ္းစားႏိုင္ခဲ့ေပမယ့္ ကုမၸဏီရဲ႕ မိုဘိုင္းရည္မွန္းခ်က္ေတြကိုေတာ့ အ႐ံႈးေပးမယ့္ပံု မရေသးပါဘူး။ အသစ္ထြက္ေပၚလာတဲ့ သတင္း အခ်က္အလက္အရ ထိုင္ဝမ္ကုမၸဏီဟာ Snapdragon 855 ေရာ 5G အေထာက္အပံ့ပါ ပါဝင္တဲ့ ထုတ္ကုန္သစ္တစ္ခုကို ဖန္တီးေနတယ္လို႔ သိရပါတယ္။

ဒီႏွစ္အေစာပိုင္းကလည္း HTC ဟာ ဝန္ထမ္းအင္အားရဲ႕ ေလးပံုတစ္ပံုနီးပါး ေလွ်ာ့ခ်ခဲ့တဲ့ အေၾကာင္းကို ေၾကညာခဲ့ပါတယ္။ ကုမၸဏီရဲ႕ ေရာင္းအား ၆၈ ရာခိုင္ႏႈန္းက်ဆင္းခဲ့တာနဲ႔ ေပါင္းစပ္လိုက္မယ္ဆိုရင္ ဒါဟာ 4G ဖုန္းကို ပထမဆံုး ေရာင္းခ်ခဲ့တဲ့ ကုမၸဏီတစ္ခုအတြက္ ေကာင္းတဲ့ရလဒ္ေတာ့ မဟုတ္ပါဘူး။

ဒါေပမဲ့လည္း စီနီယာ RF ဒီဇိုင္နာ Kevin Duo ရဲ႕ LinkedIn profile အရ HTC ဟာ Qualcomm ရဲ႕ Snapdragon 855 အသံုးျပဳထားတဲ့ ထုတ္ကုန္သစ္တစ္ခုနဲ႔အတူ ကုမၸဏီရဲ႕ကံၾကမၼာကို ေျပာင္းလဲဖို႔ ရည္မွန္းေနပါတယ္။ မၾကာေသးခင္က မိတ္ဆက္ခဲ့တဲ့ Huawei ရဲ႕ Kirin 980 လိုပဲ အေမရိကန္ကုမၸဏီရဲ႕ SoC သစ္ကို 7-nanometer process ေပၚမွာ တည္ေဆာက္ထားပါတယ္။ HTC အေနနဲ႔ လက္ရိွ flagship ေတာ္ေတာ္မ်ားမ်ားမွာ ေတြ႕ႏိုင္တဲ့ Snapdragon 845 ထက္ စြမ္းေဆာင္ရည္ ပိုမိုေကာင္းမြန္ၿပီး စြမ္းအင္သံုးစြဲမႈ အလြန္သက္သာတဲ့ 855 ကို စမ္းသပ္ေနတယ္လို႔ Duo က ေရးသားခဲ့ပါတယ္။

ဒါ့အျပင္ အသစ္ထြက္မယ့္ HTC ဖုန္းမွာ Qualcomm ရဲ႕ Snapdragon X50 5G modem ကိုလည္း ေတြ႕ျမင္ရမွာျဖစ္တယ္လို႔ အဆိုပါ LinkedIn profile မွာ ေဖာ္ျပထားပါတယ္။ SoC မွာ X24 LTE modem တစ္ခုက စံသတ္မွတ္ခ်က္အျဖစ္ ပါဝင္ေပမယ့္ ထုတ္လုပ္သူေတြမွာ 5G ေထာက္ပံ့ေပးႏိုင္တဲ့ X50 ကို ထည့္သြင္းႏိုင္တဲ့ option ရိွတယ္လို႔ ဆိုပါတယ္။

Snapdragon 855 ပါဝင္တဲ့ စမတ္ဖုန္းေတြကို လာမယ့္ႏွစ္လယ္မတိုင္ခင္အထိ ေတြ႕ျမင္ရဖို႔ မရိွပါဘူး။ ဒါေၾကာင့္ HTC ရဲ႕ ထုတ္ကုန္သစ္ ေတြ႕ျမင္ရမယ့္အခ်ိန္ကို အနည္းငယ္ၾကာ ေစာင့္ဆိုင္းရႏိုင္ပါတယ္။

Ref: TechSpot

[ Unicode ]

HTC ဟာ ဒီနှစ်အတွင်းမှာ ခက်ခဲကြမ်းတမ်းတဲ့ အချိန်ကာလတစ်ခုနဲ့ ရင်ဆိုင်နေရပြီး စမတ်ဖုန်းသစ်တွေက သုံးစွဲသူတွေရဲ့ အာရုံကို မဖမ်းစားနိုင်ခဲ့ပေမယ့် ကုမ္ပဏီရဲ့ မိုဘိုင်းရည်မှန်းချက်တွေကိုတော့ အရှုံးပေးမယ့်ပုံ မရသေးပါဘူး။ အသစ်ထွက်ပေါ်လာတဲ့ သတင်း အချက်အလက်အရ ထိုင်ဝမ်ကုမ္ပဏီဟာ Snapdragon 855 ရော 5G အထောက်အပံ့ပါ ပါဝင်တဲ့ ထုတ်ကုန်သစ်တစ်ခုကို ဖန်တီးနေတယ်လို့ သိရပါတယ်။

ဒီနှစ်အစောပိုင်းကလည်း HTC ဟာ ဝန်ထမ်းအင်အားရဲ့ လေးပုံတစ်ပုံနီးပါး လျှော့ချခဲ့တဲ့ အကြောင်းကို ကြေညာခဲ့ပါတယ်။ ကုမ္ပဏီရဲ့ ရောင်းအား ၆၈ ရာခိုင်နှုန်းကျဆင်းခဲ့တာနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် ဒါဟာ 4G ဖုန်းကို ပထမဆုံး ရောင်းချခဲ့တဲ့ ကုမ္ပဏီတစ်ခုအတွက် ကောင်းတဲ့ရလဒ်တော့ မဟုတ်ပါဘူး။

ဒါပေမဲ့လည်း စီနီယာ RF ဒီဇိုင်နာ Kevin Duo ရဲ့ LinkedIn profile အရ HTC ဟာ Qualcomm ရဲ့ Snapdragon 855 အသုံးပြုထားတဲ့ ထုတ်ကုန်သစ်တစ်ခုနဲ့အတူ ကုမ္ပဏီရဲ့ကံကြမ္မာကို ပြောင်းလဲဖို့ ရည်မှန်းနေပါတယ်။ မကြာသေးခင်က မိတ်ဆက်ခဲ့တဲ့ Huawei ရဲ့ Kirin 980 လိုပဲ အမေရိကန်ကုမ္ပဏီရဲ့ SoC သစ်ကို 7-nanometer process ပေါ်မှာ တည်ဆောက်ထားပါတယ်။ HTC အနေနဲ့ လက်ရှိ flagship တော်တော်များများမှာ တွေ့နိုင်တဲ့ Snapdragon 845 ထက် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်ပြီး စွမ်းအင်သုံးစွဲမှု အလွန်သက်သာတဲ့ 855 ကို စမ်းသပ်နေတယ်လို့ Duo က ရေးသားခဲ့ပါတယ်။

ဒါ့အပြင် အသစ်ထွက်မယ့် HTC ဖုန်းမှာ Qualcomm ရဲ့ Snapdragon X50 5G modem ကိုလည်း တွေ့မြင်ရမှာဖြစ်တယ်လို့ အဆိုပါ LinkedIn profile မှာ ဖော်ပြထားပါတယ်။ SoC မှာ X24 LTE modem တစ်ခုက စံသတ်မှတ်ချက်အဖြစ် ပါဝင်ပေမယ့် ထုတ်လုပ်သူတွေမှာ 5G ထောက်ပံ့ပေးနိုင်တဲ့ X50 ကို ထည့်သွင်းနိုင်တဲ့ option ရှိတယ်လို့ ဆိုပါတယ်။

Snapdragon 855 ပါဝင်တဲ့ စမတ်ဖုန်းတွေကို လာမယ့်နှစ်လယ်မတိုင်ခင်အထိ တွေ့မြင်ရဖို့ မရှိပါဘူး။ ဒါကြောင့် HTC ရဲ့ ထုတ်ကုန်သစ် တွေ့မြင်ရမယ့်အချိန်ကို အနည်းငယ်ကြာ စောင့်ဆိုင်းရနိုင်ပါတယ်။

Ref: TechSpot