အသစ္ထြက္မယ့္ 7nm Exynos chipset အတြက္ dual-core NPU တစ္မ်ိဳး Samsung ဖန္တီးေန

[ Zawgyi ]

Samsung ဟာ အသစ္ထြက္မယ့္ 7nm chipset ေတြအတြက္ AI-specific co-processor တစ္ခုျဖစ္တဲ့ dual core NPU တစ္မ်ိဳးကို ဖန္တီးေနတယ္လို႔ သိရပါတယ္။ အဆိုပါ dual-core NPU ဟာ ပိုမိုေကာင္းမြန္တဲ့ AI လုပ္ေဆာင္ခ်က္ေတြကို ေထာက္ပံ့ေပးႏိုင္တယ္လို႔ ဆိုပါတယ္။

ေပါက္ၾကားသတင္းေတြနဲ႔ပတ္သက္ၿပီး လူသိမ်ားထင္ရွားတဲ့ Ice Universe က ဒီ NPU ကို Galaxy S10 ကင္မရာရဲ႕ image processing အတြက္ အသံုးျပဳသြားမွာ ျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဒီ ပ႐ိုဆက္ဆာသစ္ေၾကာင့္ video recording နဲ႔ voice recognition ကိုလည္း သိသိသာသာ တိုးတက္ေကာင္းမြန္လာေစမွာ ျဖစ္ပါတယ္။

ဒီႏွစ္အေစာပိုင္းက Samsung ဟာ NPU တစ္ခုပါဝင္တဲ့ ပထမဆံုး chipset အျဖစ္ Exynos 7 9610 ကို ပြဲထုတ္မိတ္ဆက္ခဲ့ပါတယ္။ အဲ့ဒီ chipset ဟာ automatic scene recognition နဲ႔ bokeh rendering တို႔အတြက္ AI ကို အသံုးျပဳပါတယ္။

Ref: GSMArena

[ Unicode ]

Samsung ဟာ အသစ်ထွက်မယ့် 7nm chipset တွေအတွက် AI-specific co-processor တစ်ခုဖြစ်တဲ့ dual core NPU တစ်မျိုးကို ဖန်တီးနေတယ်လို့ သိရပါတယ်။ အဆိုပါ dual-core NPU ဟာ ပိုမိုကောင်းမွန်တဲ့ AI လုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးနိုင်တယ်လို့ ဆိုပါတယ်။

ပေါက်ကြားသတင်းတွေနဲ့ပတ်သက်ပြီး လူသိများထင်ရှားတဲ့ Ice Universe က ဒီ NPU ကို Galaxy S10 ကင်မရာရဲ့ image processing အတွက် အသုံးပြုသွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီ ပရိုဆက်ဆာသစ်ကြောင့် video recording နဲ့ voice recognition ကိုလည်း သိသိသာသာ တိုးတက်ကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။

ဒီနှစ်အစောပိုင်းက Samsung ဟာ NPU တစ်ခုပါဝင်တဲ့ ပထမဆုံး chipset အဖြစ် Exynos 7 9610 ကို ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီ chipset ဟာ automatic scene recognition နဲ့ bokeh rendering တို့အတွက် AI ကို အသုံးပြုပါတယ်။

Ref: GSMArena