September 20, 2018

အလြယ္တကူ အသံုးျပဳႏုိင္ေစမယ့္ Office ရဲ႕ Fluent Design သစ္ကို Microsoft မိတ္ဆက္

[ Zawgyi ]

Microsoft ဟာ Office ကိုအသံုးျပဳေနၾကတဲ့ လူသန္းေပါင္းမ်ားစြာအတြက္ Office app ေတြကို အလြယ္တကူ အသံုးျပဳႏုိင္ေစမယ့္ Fluent Design system ကို Windows 10 ဆီ သယ္ေဆာင္လာမယ္လို႔ ေၾကညာလိုက္ပါတယ္။

ဒါေၾကာင့္ Word, Excel, PowerPoint နဲ႔ Oulook တို႔မွာ ပိုမိုေသးငယ္ၿပီး အလြယ္တကူ အသံုးျပဳႏိုင္မယ့္ ႐ိုးရွင္းတဲ့ ribbon သစ္တစ္ခုနဲ႔ အသံုးျပဳႏိုင္ေတာ့မွာျဖစ္ပါတယ္။ အဲ့ဒီ ribbon မွာ animation သစ္မ်ား၊ နားလည္ရလြယ္တဲ့ icon မ်ားနဲ႔ Office ရဲ႕အသြင္နဲ႔ခံစားမႈကို အဆင့္ျမွင့္ဖို႔အတြက္ အေရာင္အေျပာင္းအလဲေတြ ပါဝင္ပါတယ္။ ဒီအေျပာင္းအလဲေတြကို Microsoft ရဲ႕ ပင္မ Office desktop ဗားရွင္းေတြသာမက ဝက္ဘ္ဗားရွင္းမွာလည္း ေတြ႕ျမင္ရမွာျဖစ္ပါတယ္။

Microsoft ဟာ အရင္ထက္ ပိုမိုျမန္ဆန္တဲ့ ေခတ္မီပလက္ေဖာင္းတစ္ခုေပၚမွာ အသြင္အျပင္ ပိုမိုေကာင္းမြန္တဲ့ Office ဝက္ဘ္ဗားရွင္းကို ျပန္လည္တည္ေဆာက္ခဲ့ပါတယ္။ အဲ့ဒီ ႐ုိးရွင္းလြယ္ကူတဲ့ ribbon သစ္ဟာ ဝက္ဘ္အတြက္ အလြန္သင့္ေတာ္႐ံုသာမက ပိုမိုႀကီးမားတဲ့ classic ဗားရွင္းကိုလည္း expand လုပ္ၿပီး သံုးႏိုင္ပါတယ္။ အခုအခါ Office ဝက္ဘ္ဗားရွင္းမွာ comment ေတြအတြက္ avatar ေတြနဲ႔ တူညီတဲ့ document ကို ၾကည့္႐ႈၿပီး ျပင္ဆင္သူေတြအတြက္ အေရာင္ေတြ ပါဝင္လာၿပီး Google ရဲ႕ G Suite နဲ႔ ပိုမိုဆင္တူလာပါတယ္။

“Office ကို လူတစ္ဘီလ်ံေက်ာ္က လစဥ္လတိုင္း အသံုးျပဳေနၾကတာပါ။ ဒါေၾကာင့္ ဒီအေျပာင္းအလဲေတြအတြက္ စိတ္လႈပ္ရွားမိသလို ဘယ္ေလာက္အထိ အေရးပါသလဲဆိုတာကိုလည္း သိရိွထားပါတယ္။ လာမယ့္ လအနည္းငယ္မွာ ဒီဇိုင္းသစ္ေတြကို အေသအခ်ာ စမ္းသပ္ေလ့လာသြားပါမယ္” လို႔ Microsoft Office ရဲ႕ corporate ဒုဥကၠ႒ Jared Spataro က ရွင္းျပခဲ့ပါတယ္။

Microsoft ဟာ အဆိုပါ ႐ိုးရွင္းလြယ္ကူတဲ့ ribbon ကို Office.com ေပၚက Word today ရဲ႕ ဝက္ဘ္ဗားရွင္းမွာ ပထမဆံုး စမ္းသပ္ေနပါတယ္။ ဇူလိုင္လမွာေတာ့ Outlook for Windows သံုးစြဲသူေတြနဲ႔ စမ္းသပ္သြားမွာျဖစ္ပါတယ္။

-ေနာင္ေနာင္
Ref: TheVerge

[ Unicode ]

Microsoft ဟာ Office ကိုအသုံးပြုနေကြတဲ့ လူသန်းပေါင်းများစွာအတွက် Office app တွေကို အလွယ်တကူ အသုံးပြုနိုင်စေမယ့် Fluent Design system ကို Windows 10 ဆီ သယ်ဆောင်လာမယ်လို့ ကြေညာလိုက်ပါတယ်။

ဒါကြောင့် Word, Excel, PowerPoint နဲ့ Oulook တို့မှာ ပိုမိုသေးငယ်ပြီး အလွယ်တကူ အသုံးပြုနိုင်မယ့် ရိုးရှင်းတဲ့ ribbon သစ်တစ်ခုနဲ့ အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ အဲ့ဒီ ribbon မှာ animation သစ်များ၊ နားလည်ရလွယ်တဲ့ icon များနဲ့ Office ရဲ့အသွင်နဲ့ခံစားမှုကို အဆင့်မြှင့်ဖို့အတွက် အရောင်အပြောင်းအလဲတွေ ပါဝင်ပါတယ်။ ဒီအပြောင်းအလဲတွေကို Microsoft ရဲ့ ပင်မ Office desktop ဗားရှင်းတွေသာမက ဝက်ဘ်ဗားရှင်းမှာလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။

Microsoft ဟာ အရင်ထက် ပိုမိုမြန်ဆန်တဲ့ ခေတ်မီပလက်ဖောင်းတစ်ခုပေါ်မှာ အသွင်အပြင် ပိုမိုကောင်းမွန်တဲ့ Office ဝက်ဘ်ဗားရှင်းကို ပြန်လည်တည်ဆောက်ခဲ့ပါတယ်။ အဲ့ဒီ ရိုးရှင်းလွယ်ကူတဲ့ ribbon သစ်ဟာ ဝက်ဘ်အတွက် အလွန်သင့်တော်ရုံသာမက ပိုမိုကြီးမားတဲ့ classic ဗားရှင်းကိုလည်း expand လုပ်ပြီး သုံးနိုင်ပါတယ်။ အခုအခါ Office ဝက်ဘ်ဗားရှင်းမှာ comment တွေအတွက် avatar တွေနဲ့ တူညီတဲ့ document ကို ကြည့်ရှုပြီး ပြင်ဆင်သူတွေအတွက် အရောင်တွေ ပါဝင်လာပြီး Google ရဲ့ G Suite နဲ့ ပိုမိုဆင်တူလာပါတယ်။

“Office ကို လူတစ်ဘီလျံကျော်က လစဉ်လတိုင်း အသုံးပြုနေကြတာပါ။ ဒါကြောင့် ဒီအပြောင်းအလဲတွေအတွက် စိတ်လှုပ်ရှားမိသလို ဘယ်လောက်အထိ အရေးပါသလဲဆိုတာကိုလည်း သိရှိထားပါတယ်။ လာမယ့် လအနည်းငယ်မှာ ဒီဇိုင်းသစ်တွေကို အသေအချာ စမ်းသပ်လေ့လာသွားပါမယ်” လို့ Microsoft Office ရဲ့ corporate ဒုဥက္ကဋ္ဌ Jared Spataro က ရှင်းပြခဲ့ပါတယ်။

Microsoft ဟာ အဆိုပါ ရိုးရှင်းလွယ်ကူတဲ့ ribbon ကို Office.com ပေါ်က Word today ရဲ့ ဝက်ဘ်ဗားရှင်းမှာ ပထမဆုံး စမ်းသပ်နေပါတယ်။ ဇူလိုင်လမှာတော့ Outlook for Windows သုံးစွဲသူတွေနဲ့ စမ်းသပ်သွားမှာဖြစ်ပါတယ်။

-နောင်နောင်
Ref: TheVerge