အလြန္ေပါ့ပါးတဲ့ ၁၇ လက္မအရြယ္ Gram laptop ကုိ LG တရားဝင္မိတ္ဆက္

[ Zawgyi ]

LG ဟာ အလြန္ေပါ့ပါးတဲ့ Gram အမွတ္တံဆိပ္ ေနာက္ဆုံးေပၚ ေမာ္ဒယ္ႏွစ္မ်ိဳး ျဖစ္တဲ့ ၁၇ လက္မနဲ႔ ၁၄ လက္မ laptop ေတြကုိ မိတ္ဆက္ခဲ့ပါတယ္။ မ်က္ႏွာျပင္အရြယ္အစား ၁၇ လက္မ အရြယ္ရွိ Gram laptop ကုိ FCC စာရင္းမွာ ပထမဆုံး ျမင္ေတြ႕ခဲ့ရၿပီး Best Buy ဝက္ဘ္ဆိုက္မွာလညး္ တင္ခဲ့ဖူးပါတယ္။ အရင္တုန္းက Gram ကြန္ပ်ဴတာေတြဟာ အလြယ္တကူ သယ္ႏိုင္ေပမယ့္ စြမ္းေဆာင္ရည္အားနည္းပါတယ္။

မ်က္ႏွာျပင္အရြယ္အစား ၁၇ လက္မ ေမာ္ဒယ္ဟာ အရြယ္အနည္းငယ္ႀကီးမားေပမယ့္ အေလးခ်ိန္က ၃ ေပါင္ ေအာက္ပဲ ရွိပါတယ္။ Gram ေမာ္ဒယ္အေသးဆုံးလိုပဲ ၁၇ လက္မမွာ အ႒မေျမာက္မ်ိဳးဆက္ Core i7 ပ႐ိုဆက္ဆာ (8565U) နဲ႔ storage 512GB နဲ႔ RAM 16GB တို႔ပါဝင္လာပါတယ္။ မ်က္ႏွာျပင္ display ႐ုပ္ထြက္အရည္အေသြးက ၁၄ လက္မ Gram ထက္ ပုိမိုမ်ားျပားၿပီး 2560x 1600 ရွိပါတယ္။ ဒါ့အျပင္ ၁၇ လက္မ Gram laptop အတြင္း sign-in ေတြ အလြယ္တကူျပဳလုပ္ႏိုင္ဖုိ႔ fingerprint sensor ပါဝင္လာပါတယ္။ LG ရဲ႕ ၁၇ လက္မအရြယ္ Gram ကုိ အားတစ္ခါသြင္းထားရင္ ၁၉.၅ နာရီအထိ အသုံးျပဳႏိုင္ပါတယ္။

ဒါ့အျပင္ ၁၄ လက္မအရြယ္ 2-in-1 Gram ကုိ tablet အျဖစ္လည္း အသုံးျပဳႏိုင္ၿပီး touchscreen display ေနာက္မွာ keyboard ကုိေခါက္ထားႏိုင္ပါတယ္။ ၁၄ လက္အရြယ္ ထုတ္ကုန္ရဲ႕ အေလးခ်ိန္ကေတာ့ ၂.၅၃ ေပါင္ပဲ ရွိပါတယ္။ ပုံဆြဲႏိုင္ဖို႔ Wacom ေဘာပင္ ပါဝင္လာပါတယ္။ မ်က္ႏွာျပင္အရည္အေသးြက 1080p IPS LCD ျဖစ္ပါတယ္။ ၁၄ လက္မအရြယ္ 2-in-1 ထုတ္ကုန္မွာ အ႒မေျမာက္မ်ိဳးဆက္ Intel Core i7 ပ႐ိုဆက္ဆာ နဲ႔ Windows 10 Home ကိုအသုံးျပဳထားပါတယ္။ ၁၄ လက္မ ထုတ္ကုန္ကို အားတစ္ခါသြင္းရင္ ၂၁ နာရီ အထိ တာရွည္ခံတယ္လို႔ LG ကေျပာခဲ့ပါတယ္။

၁၇ လက္မ ေမာ္ဒယ္မွာ USB-A 3.1 port ေတြအျပင္ USB-C port တစ္ခုလည္း ပါဝင္လာပါတယ္။ ၁၄ လက္မ GRam မွာတာ့ USB-A port အနညး္ငယ္ပဲ ပါဝင္လာပါတယ္။ ေမာ္ဒယ္ႏွစ္မ်ိဳးစလုံးမွာ headphone jack, microSD slot, HDMI output, 802.11ac Wi-Fi နဲ႔ Bluetooth 5.0 ပါဝင္လာပါတယ္။

၁၄ လက္မအရြယ္ LG Gram ရဲ႕ေဈးႏႈန္းနဲ႔ ထြက္ရွိမယ့္ရက္ကုိ မၾကာမီ ေၾကညာသြားမယ္လို႔ သိရပါတယ္။ ၁၇ လက္မ ေမာ္ဒယ္ကိုေတာ့ ေဒၚလာ ၁,၆၉၉.၉၉ နဲ႔ ေရာင္းခ်သြားပါမယ္။

စုိးထက္
Ref: TheVerge

[ Unicode ]

LG ဟာ အလွန်ပေါ့ပါးတဲ့ Gram အမှတ်တံဆိပ် နောက်ဆုံးပေါ် မော်ဒယ်နှစ်မျိုး ဖြစ်တဲ့ ၁၇ လက်မနဲ့ ၁၄ လက်မ laptop တွေကို မိတ်ဆက်ခဲ့ပါတယ်။ မျက်နှာပြင်အရွယ်အစား ၁၇ လက်မ အရွယ်ရှိ Gram laptop ကို FCC စာရင်းမှာ ပထမဆုံး မြင်တွေ့ခဲ့ရပြီး Best Buy ဝက်ဘ်ဆိုက်မှာလညး် တင်ခဲ့ဖူးပါတယ်။ အရင်တုန်းက Gram ကွန်ပျူတာတွေဟာ အလွယ်တကူ သယ်နိုင်ပေမယ့် စွမ်းဆောင်ရည်အားနည်းပါတယ်။

မျက်နှာပြင်အရွယ်အစား ၁၇ လက်မ မော်ဒယ်ဟာ အရွယ်အနည်းငယ်ကြီးမားပေမယ့် အလေးချိန်က ၃ ပေါင် အောက်ပဲ ရှိပါတယ်။ Gram မော်ဒယ်အသေးဆုံးလိုပဲ ၁၇ လက်မမှာ အဋ္ဌမမြောက်မျိုးဆက် Core i7 ပရိုဆက်ဆာ (8565U) နဲ့ storage 512GB နဲ့ RAM 16GB တို့ပါဝင်လာပါတယ်။ မျက်နှာပြင် display ရုပ်ထွက်အရည်အသွေးက ၁၄ လက်မ Gram ထက် ပိုမိုများပြားပြီး 2560x 1600 ရှိပါတယ်။ ဒါ့အပြင် ၁၇ လက်မ Gram laptop အတွင်း sign-in တွေ အလွယ်တကူပြုလုပ်နိုင်ဖို့ fingerprint sensor ပါဝင်လာပါတယ်။ LG ရဲ့ ၁၇ လက်မအရွယ် Gram ကို အားတစ်ခါသွင်းထားရင် ၁၉.၅ နာရီအထိ အသုံးပြုနိုင်ပါတယ်။

ဒါ့အပြင် ၁၄ လက်မအရွယ် 2-in-1 Gram ကို tablet အဖြစ်လည်း အသုံးပြုနိုင်ပြီး touchscreen display နောက်မှာ keyboard ကိုခေါက်ထားနိုင်ပါတယ်။ ၁၄ လက်အရွယ် ထုတ်ကုန်ရဲ့ အလေးချိန်ကတော့ ၂.၅၃ ပေါင်ပဲ ရှိပါတယ်။ ပုံဆွဲနိုင်ဖို့ Wacom ဘောပင် ပါဝင်လာပါတယ်။ မျက်နှာပြင်အရည်အသွေးက 1080p IPS LCD ဖြစ်ပါတယ်။ ၁၄ လက်မအရွယ် 2-in-1 ထုတ်ကုန်မှာ အဋ္ဌမမြောက်မျိုးဆက် Intel Core i7 ပရိုဆက်ဆာ နဲ့ Windows 10 Home ကိုအသုံးပြုထားပါတယ်။ ၁၄ လက်မ ထုတ်ကုန်ကို အားတစ်ခါသွင်းရင် ၂၁ နာရီ အထိ တာရှည်ခံတယ်လို့ LG ကပြောခဲ့ပါတယ်။

၁၇ လက်မ မော်ဒယ်မှာ USB-A 3.1 port တွေအပြင် USB-C port တစ်ခုလည်း ပါဝင်လာပါတယ်။ ၁၄ လက်မ GRam မှာတာ့ USB-A port အနညး်ငယ်ပဲ ပါဝင်လာပါတယ်။ မော်ဒယ်နှစ်မျိုးစလုံးမှာ headphone jack, microSD slot, HDMI output, 802.11ac Wi-Fi နဲ့ Bluetooth 5.0 ပါဝင်လာပါတယ်။

၁၄ လက်မအရွယ် LG Gram ရဲ့ဈေးနှုန်းနဲ့ ထွက်ရှိမယ့်ရက်ကို မကြာမီ ကြေညာသွားမယ်လို့ သိရပါတယ်။ ၁၇ လက်မ မော်ဒယ်ကိုတော့ ဒေါ်လာ ၁,၆၉၉.၉၉ နဲ့ ရောင်းချသွားပါမယ်။

Ref: TheVerge