အလိုအေလ်ာက္ စာျပန္ေပးႏိုင္မည့္ ဝန္ေဆာင္မႈ Telenor စတင္အသံုးျပဳ

[ Zawgyi ]

သိလိုတဲ့အေၾကာင္းအရာေတြကို အလိုအေလ်ာက္ စာျပန္ေပးႏိုင္မယ့္ ဝန္ေဆာင္မႈ (Chatbot ) ကို Telenor မွ စတင္ အသံုးျပဳသြားမယ္လို႔ သိရပါတယ္။

Telenor Myanmar ရဲ႕ Facebook Messenger မွာအသံုးျပဳသြားမွာျဖစ္ၿပီး အြန္လိုင္းမွ ဆက္သြယ္ေမးျမန္းမႈေတြကို ျပန္လည္ေျဖၾကားႏိုင္တဲ့ မွတ္ဥာဏ္တုအသံုးျပဳ ကြန္ပ်ဴတာပရိုဂရမ္ ျဖစ္ပါတယ္။ အသံုးျပဳသူေတြအေနနဲ႔ ဖုန္းဘီလ္စစ္ျခင္း၊ အစီအစဥ္ေတြဝယ္ယူျခင္းနဲ႔ ဝန္ေဆာင္မႈေတြ အမ်ိဳးအစားေတြကို ေမးျမန္းႏိုင္မွာျဖစ္ပါတယ္။

“Messenger ကေန ေန႔စဥ္ရရွိခဲ့တဲ့ ေမးျမန္းမႈေတြရဲ႕တစ္ဝက္ေလာက္ကို Chatbot အေနနဲ႔ ျပန္လည္ေျဖၾကားမႈေတြ လုပ္ေပးႏိုင္ခဲ့ပါတယ္၊ ျပန္လည္မေျဖၾကားႏိုင္တဲ့ ေမးခြန္းေတြအတြက္ ဝန္ေဆာင္မႈေပးအပ္တဲ့ဝန္ထမ္းေတြက လႊဲေျပာင္းၿပီးေတာ့ ေျဖရွင္းေပးမွာျဖစ္ပါတယ္” လို႔ Telenor Myanmar ရဲ႕ ဒီဂ်စ္တယ္ဝန္ေဆာင္မႈပိုင္းဆိုင္ရာတာဝန္ရွိသူ Chan May Ling ကေျပာၾကားခဲ့ပါတယ္။

ဒီဂ်စ္တယ္ပိုင္းဆိုင္ရာ ဆက္သြယ္ျပန္ၾကားေရးပလက္ေဖာင္းမွာ Chatbot လုပ္ေဆာင္ခ်က္ကုိ ပထမဆံုးအႀကိမ္ ျပဳလုပ္ျခင္းျဖစ္ေၾကာင္း၊ Chatbot လုပ္ေဆာင္မႈေတြကို အဆင့္ထပ္ျမႇင့္သြားမွာျဖစ္ၿပီး ပိုမိုမ်ားျပားလွတဲ့ လုပ္ေဆာင္ခ်က္အသစ္ေတြကိုလည္း ထပ္မံ ထည့္သြင္းသြားမွာျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာၾကားခဲ့ပါတယ္။

-ေအာင္သက္ကို

[ Unicode ]

သိလိုတဲ့အကြောင်းအရာတွေကို အလိုအလျောက် စာပြန်ပေးနိုင်မယ့် ဝန်ဆောင်မှု (Chatbot ) ကို Telenor မှ စတင် အသုံးပြုသွားမယ်လို့ သိရပါတယ်။

Telenor Myanmar ရဲ့ Facebook Messenger မှာအသုံးပြုသွားမှာဖြစ်ပြီး အွန်လိုင်းမှ ဆက်သွယ်မေးမြန်းမှုတွေကို ပြန်လည်ဖြေကြားနိုင်တဲ့ မှတ်ဉာဏ်တုအသုံးပြု ကွန်ပျူတာပရိုဂရမ် ဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ ဖုန်းဘီလ်စစ်ခြင်း၊ အစီအစဉ်တွေဝယ်ယူခြင်းနဲ့ ဝန်ဆောင်မှုတွေ အမျိုးအစားတွေကို မေးမြန်းနိုင်မှာဖြစ်ပါတယ်။

“Messenger ကနေ နေ့စဉ်ရရှိခဲ့တဲ့ မေးမြန်းမှုတွေရဲ့တစ်ဝက်လောက်ကို Chatbot အနေနဲ့ ပြန်လည်ဖြေကြားမှုတွေ လုပ်ပေးနိုင်ခဲ့ပါတယ်၊ ပြန်လည်မဖြေကြားနိုင်တဲ့ မေးခွန်းတွေအတွက် ဝန်ဆောင်မှုပေးအပ်တဲ့ဝန်ထမ်းတွေက လွှဲပြောင်းပြီးတော့ ဖြေရှင်းပေးမှာဖြစ်ပါတယ်” လို့ Telenor Myanmar ရဲ့ ဒီဂျစ်တယ်ဝန်ဆောင်မှုပိုင်းဆိုင်ရာတာဝန်ရှိသူ Chan May Ling ကပြောကြားခဲ့ပါတယ်။

ဒီဂျစ်တယ်ပိုင်းဆိုင်ရာ ဆက်သွယ်ပြန်ကြားရေးပလက်ဖောင်းမှာ Chatbot လုပ်ဆောင်ချက်ကို ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ Chatbot လုပ်ဆောင်မှုတွေကို အဆင့်ထပ်မြှင့်သွားမှာဖြစ်ပြီး ပိုမိုများပြားလှတဲ့ လုပ်ဆောင်ချက်အသစ်တွေကိုလည်း ထပ်မံ ထည့်သွင်းသွားမှာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။