အရြယ္ေသးငယ္တဲ့ စမတ္ဖုန္းကို Palm မိတ္ဆက္

[ Zawgyi ]

အေမရိကန္ကုမၸဏီ Palm ဟာ အရြယ္အလြန္ေသးငယ္တဲ့ စမတ္ဖုန္းတစ္မ်ိုးကို ျဖန္႔ခ်ိလိုက္ပါတယ္။

အဆိုပါ စမတ္ဖုန္းမွာ ေသးငယ္တဲ့ ၃.၃ လက္မ screen ပါဝင္ၿပီး resolution က 1280 x 720 pixels ျဖစ္ပါတယ္။ Display ဟာ ၂၀၀၇ ခုႏွစ္က ပထမဆံုး iPhone ထက္ အရြယ္ပိုေသးပါတယ္။

Display အရြယ္အစား ေသးငယ္ေပမယ့္လည္း Snapdragon 435 ပ႐ိုဆက္ဆာကို အသံုးျပဳထားပါတယ္။ RAM က 3GB ျဖစ္ၿပီး storage က 32GB ျဖစ္ပါတယ္။ ဘက္ထရီက 800mAh ျဖစ္ပါတယ္။ ဘက္ထရီက တစ္ေန႔လံုးအသံုးျပဳႏိုင္တဲ့အထိ တာရွည္ခံတယ္လို႔ Palm က ဆိုပါတယ္။ ဘက္ထရီကို အလ်င္အျမန္ အားသြင္းႏိုင္ၿပီး ၅၀ ရာခိုင္ႏႈန္းအတြက္ ၃၁ မိနစ္ၾကာျမင့္ကာ ၁၀၀ ရာခိုင္ႏႈန္းအတြက္ ၆၈ မိနစ္ ၾကာျမင့္တယ္လို႔ သိရပါတယ္။

Palm ဟာ face unlock ကို ေထာက္ပံ့ေပးထားေပမယ့္ အေရွ႕ဘက္မွာ ကင္မရာကလြဲၿပီး ဘာ sensor မွ မပါဝင္ပါဘူး။ Android interface ကိုေတာ့ အရြယ္ေသးငယ္တဲ့ screen ေတြမွာ အဆင္ေျပေျပသံုးႏိုင္ဖို႔ ကုမၸဏီက ဒီဇိုင္းေျပာင္းလဲထားပါတယ္။

Palm ကို Verizon ေအာ္ပေရတာကေန ၃၄၉ ေဒၚလာနဲ႔ ေရာင္းခ်သြားမွာျဖစ္ပါတယ္။ အျခားႏိုင္ငံေတြမွာ ေရာင္းခ်မယ့္ အစီအစဥ္ေတြကိုေတာ့ မသိရေသးပါဘူး။

Ref: TechCrunch

[ Unicode ]

အမေရိကန်ကုမ္ပဏီ Palm ဟာ အရွယ်အလွန်သေးငယ်တဲ့ စမတ်ဖုန်းတစ်မျိုးကို ဖြန့်ချိလိုက်ပါတယ်။

အဆိုပါ စမတ်ဖုန်းမှာ သေးငယ်တဲ့ ၃.၃ လက်မ screen ပါဝင်ပြီး resolution က 1280 x 720 pixels ဖြစ်ပါတယ်။ Display ဟာ ၂၀၀၇ ခုနှစ်က ပထမဆုံး iPhone ထက် အရွယ်ပိုသေးပါတယ်။

Display အရွယ်အစား သေးငယ်ပေမယ့်လည်း Snapdragon 435 ပရိုဆက်ဆာကို အသုံးပြုထားပါတယ်။ RAM က 3GB ဖြစ်ပြီး storage က 32GB ဖြစ်ပါတယ်။ ဘက်ထရီက 800mAh ဖြစ်ပါတယ်။ ဘက်ထရီက တစ်နေ့လုံးအသုံးပြုနိုင်တဲ့အထိ တာရှည်ခံတယ်လို့ Palm က ဆိုပါတယ်။ ဘက်ထရီကို အလျင်အမြန် အားသွင်းနိုင်ပြီး ၅၀ ရာခိုင်နှုန်းအတွက် ၃၁ မိနစ်ကြာမြင့်ကာ ၁၀၀ ရာခိုင်နှုန်းအတွက် ၆၈ မိနစ် ကြာမြင့်တယ်လို့ သိရပါတယ်။

Palm ဟာ face unlock ကို ထောက်ပံ့ပေးထားပေမယ့် အရှေ့ဘက်မှာ ကင်မရာကလွဲပြီး ဘာ sensor မှ မပါဝင်ပါဘူး။ Android interface ကိုတော့ အရွယ်သေးငယ်တဲ့ screen တွေမှာ အဆင်ပြေပြေသုံးနိုင်ဖို့ ကုမ္ပဏီက ဒီဇိုင်းပြောင်းလဲထားပါတယ်။

Palm ကို Verizon အော်ပရေတာကနေ ၃၄၉ ဒေါ်လာနဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။ အခြားနိုင်ငံတွေမှာ ရောင်းချမယ့် အစီအစဉ်တွေကိုတော့မသိရသေးပါဘူး။

Ref: TechCrunch