September 20, 2018

အမွန္တကယ္ လုပ္ငန္းေဆာင္ရြက္ေနသည့္ ဆက္သြယ္ေရးလုပ္ငန္းမ်ား နည္းပါေနေသး

[ Zawgyi ]

ဆက္သြယ္ေရး လိုင္စင္ေတြကို ခ်ထားေပးၿပီးျဖစ္ေပမယ့္ လိုင္စင္ရထားၿပီး အမွန္တကယ္ လုပ္ငန္းေဆာင္ရြက္ေနတဲ့ လုပ္ငန္းေတြ နည္းပါးေနေသးေၾကာင္း ဆက္သြယ္ေရး ညႊန္ၾကားမႈဦးစီးဌာန ညႊန္ၾကား ေရးမွဴးခ်ဳပ္ ဦးစိုးသိန္းရဲ႕ ေျပာၾကားခ်က္အရသိရပါတယ္။

ဇြန္လစာရင္းအရ လိုင္စင္ေပါင္း ၁၅၀ ေလာက္ ထုတ္ေပးထားၿပီးျဖစ္ေၾကာင္းသိရပါတယ္။ “အားလံုးစုစု ေပါင္း ၁၄၈ ခုေလာက္ရွိေနပါၿပီ၊ သို႔ေသာ္အမွန္တကယ္လုပ္ငန္းေဆာင္ရြက္ေနတဲ့ လုပ္ငန္းေတြက ေတာ့ ေတာ္ေတာ္ေလးနည္းပါးေနေသးတာေတြ႔ရပါတယ္” လို႔ ဇူလိုင္ ၁၃ ရက္ကက်င္းပတဲ့ Network Facilities Service လိုင္စင္ရကုမၸဏီေတြရဲ႕အသင္းအဖြဲ႔ ဖြဲ႔စည္းေရး (Myanmar Network Facilities Service Licensee Association) ဒုတိယအႀကိမ္အစည္းအေ၀းမွာေျပာၾကားခဲ့ပါတယ္။

ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာန၊ ဆက္သြယ္ေရးၫႊန္ၾကားမႈ ဦးစီးဌာနကေန ဆက္သြယ္ ေရးဝန္ေဆာင္မႈ လုပ္ငန္းလိုင္စင္ လာေရာက္ေလွ်ာက္ထားသူေတြကို စိစစ္ေဆာင္ရြက္ေပး ေနတယ္လို႔ သိရပါတယ္။ ဆက္လက္ေလွ်ာက္ထားလာတဲ့ ျပည္တြင္း၊ ျပည္ပကုမၸဏီေတြကို စိစစ္ၿပီး လိုင္စင္ေတြ ထုတ္ေပးႏိုင္ဖို႔ကိုလည္း ေဆာင္ရြက္လ်က္ရွိတယ္လို႔ ထုတ္ျပန္ထားပါတယ္။

-ထြန္းထြန္း

[ Unicode ]

ဆက်သွယ်ရေး လိုင်စင်တွေကို ချထားပေးပြီးဖြစ်ပေမယ့် လိုင်စင်ရထားပြီး အမှန်တကယ် လုပ်ငန်းဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ နည်းပါးနေသေးကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးစိုးသိန်းရဲ့ ပြောကြားချက်အရသိရပါတယ်။

ဇွန်လစာရင်းအရ လိုင်စင်ပေါင်း ၁၅၀ လောက် ထုတ်ပေးထားပြီးဖြစ်ကြောင်းသိရပါတယ်။ “အားလုံးစုစု ပေါင်း ၁၄၈ ခုလောက်ရှိနေပါပြီ၊ သို့သော်အမှန်တကယ်လုပ်ငန်းဆောင်ရွက်နေတဲ့ လုပ်ငန်းတွေက တော့ တော်တော်လေးနည်းပါးနေသေးတာတွေ့ရပါတယ်” လို့ ဇူလိုင် ၁၃ ရက်ကကျင်းပတဲ့ Network Facilities Service လိုင်စင်ရကုမ္ပဏီတွေရဲ့အသင်းအဖွဲ့ ဖွဲ့စည်းရေး (Myanmar Network Facilities Service Licensee Association) ဒုတိယအကြိမ်အစည်းအဝေးမှာပြောကြားခဲ့ပါတယ်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနကနေ ဆက်သွယ် ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင် လာရောက်လျှောက်ထားသူတွေကို စိစစ်ဆောင်ရွက်ပေး နေတယ်လို့ သိရပါတယ်။ ဆက်လက်လျှောက်ထားလာတဲ့ ပြည်တွင်း၊ ပြည်ပကုမ္ပဏီတွေကို စိစစ်ပြီး လိုင်စင်တွေ ထုတ်ပေးနိုင်ဖို့ကိုလည်း ဆောင်ရွက်လျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

-ထွန်းထွန်း