အမ်ိဳးသားယဥ္ေက်းမႈႏွင့္ အႏုပညာတကၠသိုလ္ (ရန္ကုန္)၏ ဒုတိယပါေမာကၡခ်ဳပ္ ဆရာဦးညႊန္႔ဝင္းႏွင့္ ေတြ႕ဆုံျခင္း

[ Zawgyi ]

အခုလက္ရွိ အမ်ိဳးသား ယဥ္ေက်းမႈႏွင့္ အႏုပညာတကၠသိုလ္မွာ ဘယ္လိုပညာရပ္ေတြကို အဓိကထားသင္ၾကားေနလဲ သိပါရေစ။

ဂီတ၊ သဘင္၊ ပန္းခ်ီ၊ ပန္းပု၊ ႐ုပ္ရွင္နဲ႔ ျပဇာတ္ဆိုၿပီး ဌာနႀကီး ၅ ခုခြဲၿပီး သင္ၾကားေပးေနပါတယ္။

အခုေခတ္မွာ ျမန္မာ့အႏုပညာထက္ အဆို၊ အကပိုင္းမွာ ႏိုင္ငံျခားေရစီးေၾကာင္းေတြကို လူေတြပိုအေလးထားလာၾကတဲ့အေပၚ ဘယ္လိုျမင္လဲ သိပါရေစ။

ဒီလို Globalization ေခတ္မွာမွ တိုးတက္တဲ့ႏိုင္ငံေတြျဖစ္တဲ့ အိမ္နီးခ်င္း ႏိုင္ငံတ႐ုတ္တို႔အျပင္ အျခားႏိုင္ငံေတြမွာလည္း ေခတ္ေရစီးေၾကာင္းဘက္ကို လူငယ္ေတြ ေတာ္ေတာ္ လိုက္လာၾကတယ္။ ဂ်ပန္တို႔၊ ကိုရီးယားတို႔ တိုးတက္တဲ့ ႏိုင္ငံေတြမွာလည္း ဒီအတိုင္းပဲ ႐ိုးရာယဥ္ေက်းမႈဘက္ကို လူငယ္ေတာ္ေတာ္မ်ားမ်ားက POP, Rock တို႔ ဘက္ကို လိုက္လာၾကတယ္။ ကြၽန္ေတာ္တို႔ ဒီႏိုင္ငံကလည္း ဖြံ႕ၿဖိဳးတုိးတက္တဲ့ ႏိုင္ငံျဖစ္တဲ့အတြက္ သို႔ေသာ္ကြၽန္ေတာ္တို႔က်ေတာ့ ႏွစ္ပိုင္းခြဲၿပီးေျပာရရင္ လူငယ္ေတြက အရွိန္အဟုန္နဲ႔ စီးဆင္းေနတဲ့ ေရစီးလိုမ်ိဳးသြားတားလို႔ မရပါဘူး။ ေရစီးကိုသြားတားရင္ မလိုလားအပ္တဲ့ တန္ျပန္သက္ေရာက္မႈေတြ ျဖစ္လာမယ္။ အဲေတာ့ ကြၽန္ေတာ္တို႔ လူငယ္ေတြကို စည္း႐ံုးေရး နည္းလမ္းနဲ႔ သြားရတယ္။ ငယ္ငယ္ေလးထဲက ေက်ာင္းေတြမွာ ျမန္မာ့ယဥ္ ေက်းမႈဆိုတာဘာလဲ၊ ႐ိုးရာယဥ္ေက်းမႈကို တန္ဖိုးထားတက္ၾကေအာင္၊ ႐ိုးရာယဥ္ေက်းမႈကို ခ်စ္ခင္ျမတ္ႏိုးထိန္းသိမ္း တတ္ေအာင္ ငယ္ငယ္ထဲက awareness ေပးခဲ့တယ္။ လူငယ္ေတြ သဘာဝအရ အဲဒါမ်ိဳးကို သြားတားဆီးလို႔မရဘူး။ ဒါကကြၽန္ေတာ္တို႔ ဒီႏိုင္ငံတစ္ခုထဲျဖစ္ေနတာ မဟုတ္ဘူး။ Globalization မွာျဖစ္ေနတာ အဲေတာ့ ျမန္မာ့႐ိုးရာယဥ္ေက်းမႈကို လူငယ္ေတြက Appreciate ရွိရမယ္။ ကိုယ့္ယဥ္ေက်းမႈကို ကိုယ္တန္ဖိုးထား တတ္ရမယ္။ ထိုနည္းအတူစြာပဲ အျခားယဥ္ေက်းမႈကိုလည္း လက္ခံရမယ္။ နားလည္ႏိုင္ရမယ္။ အဲဒီႏွစ္ခုကိုခ်ိန္ၿပီးသြားရမယ့္ သေဘာမွာရွိပါတယ္။

အျခား တကၠသိုလ္ေက်ာင္းေတြလိုမ်ိဳး ကာလတိုဒီ ပလိုမာတန္းေတြေရာ ဖြင့္ထားလား သိခ်င္ပါတယ္။

အခုဆို ဒီေက်ာင္းမွာကာလတို ဒီပလိုမာတန္းေတြစၿပီး ျပဳလုပ္လာၿပီ။ အဓိက ဘြဲ႕ႀကိဳဆို ၄ ႏွစ္တက္ေရာက္ရတယ္။ ဘြဲ႕လြန္ Master အတြက္ဆို ၂ ႏွစ္တက္ေရာက္ရတယ္။ အဲဒါက ကာလရွည္ေပါ့။ အခ်ိဳ႕ လူငယ္ေတြ အႏုပညာကို ဝါသနာပါ တယ္။ သုိ႔ေသာ္ သူတို႔ရဲ႕ Professional က အျခားျဖစ္ေနတယ္။ ဒါေပမဲ့ အႏုပညာကို ဝါသနာပါေတာ့ အဲဒါကို ေလ့လာဆည္းပူးဖုိ႔ သူတို႔ေလးေတြကို အခြင့္အေရးတစ္ခု ေပးရမယ္ထင္တဲ့အတြက္ ကာလတို Diploma ေတြ ဖြင့္လွစ္ ေပးထားတာပါ။

အခုဖြင့္လွစ္ထားတဲ့ ကာလတိုဒီပလိုမာေတြက ဘာအတန္းေတြလဲ သိပါရေစ။

ဌာနႀကီး ၅ ခုထဲမွ ဂီတ၊ သဘင္၊ ပန္းခ်ီ၊ ပန္းပု၊ ႐ုပ္ရွင္ နဲ႔ျပဇာတ္ဆိုၿပီး ဖြင့္ေနၿပီ။ ႐ုပ္ရွင္ဆိုလည္း ဓာတ္ပုံပညာတို႔ ကင္မရာပညာတို႔ကို ဒီပလိုမာဖြင့္ေနၿပီ။ အဲေတာ့ Level တက္ သြားတာေပါ့။ Level 1, 2, 3 ဆိုၿပီးေပါ့။ Level တစ္ခုကို ၃ လ၊ ၄ လ သြားပါတယ္။ Level ၃ ခုၿပီးတာနဲ႔ Diploma ကို ရရွိမွာျဖစ္ပါတယ္။

ဒီပလိုမာ သင္တန္းေတြနဲ႔ ပတ္သက္ၿပီးေတာ့ေရာ ေျပာင္းလဲမႈတစ္စုံတစ္ရာ ရွိပါသလား။

အခုေလာေလာဆယ္ေတာ့ ကြၽန္ေတာ္တို႔ ကေလးေတြရဲ႕လိုအပ္ခ်က္ ကာလတို ျဖစ္တယ္။ ကာလတိုသင္တန္းေတြနဲ႔ ပတ္သက္ၿပီး လူငယ္ေတာ္ေတာ္မ်ားမ်ား စိတ္​င္စားၾကတယ္။ အဲေတာ့ ကြၽန္ေတာ္တို႔မွာနံပါတ္ ၁ အခ်က္ကဆရာ၊ ဆရာမအင္အား။ အဲေတာ့ အျပင္က ပညာရွင္ေတြပါ ေခၚၿပီးေတာ့ သင္ရမယ့္ အေနထားျဖစ္ေနတယ္။ ဒီတကၠသိုလ္ရဲ႕ ပင္မတာဝန္ျဖစ္တဲ့ ဘြဲ႕ႀကိဳေတြရွိတယ္။ ဘြဲ႕လြန္သင္တန္းေတြရွိမယ္။ ဒါေတြအျပင္ ဒီပလိုမာနဲ႔ အားျဖည့္ရတယ္။ အဲေတာ့ဆရာ၊ ဆရာမေတြ ပင္ပန္းၾကတယ္။ တာဝန္ေတြ ၃ ခုေလာက္ တစ္ၿပိဳင္နက္တည္း ထမ္းေဆာင္ရတယ္။ နံပါတ္ ၂ အခ်က္ကေတာ့ အေထာက္အကူျပဳ ပစၥည္းေတြ ဥပမာ- ကင္မရာဆိုလည္း Update ျဖစ္မယ့္ ပစၥည္းေတြ Editing နဲ႔ပတ္သက္ရင္လည္း Post Production ဆို ႐ုပ္ရွင္နဲ႔ပတ္သက္တဲ့ Software ေတြျဖစ္ရမယ္။ ဒါမ်ိဳးေတြ သင္ေထာက္ကူ ပစၥည္းအခက္အခဲေတြရွိတယ္။ ဒါကလည္း ကြၽန္ေတာ္တုိ႔ ဘတ္ဂ်က္နဲ႔လိုက္ၿပီး တစ္ႏွစ္နဲ႔တစ္ႏွစ္ ျဖည့္ဆည္းၿပီး အေကာင္းဆုံးျဖစ္ေအာင္ ေဆာင္ရြက္သြားမွာျဖစ္ပါတယ္။

ဒီႏွစ္ပညာသင္ႏွစ္မွာ ဝင္ခြင့္၊ သင္႐ိုးညႊန္းတမ္းေတြနဲ႔ ပတ္သက္ၿပီး ေက်ာင္းအေနနဲ႔ ဘယ္လိုစိန္ေခၚမႈေတြႀကံဳခဲ့လဲ။ ဘာေတြေျပာင္းလဲခဲ့ပါသလဲ။

အဓိကကေတာ့ ကြၽန္ေတာ္တို႔ တကၠသိုလ္ကနံပါတ္ ၁။ Reputation ကို ကြၽန္ေတာ္တို႔ ကိုယ့္ဘာသာကိုယ္ တည္ေဆာက္ရတယ္။ နံပါတ္ ၂။ ျမန္မာ့႐ိုးရာယဥ္ေက်းမႈကို ထိန္းသိမ္းရမယ္ ဆိုတဲ့ Concent ရွိတယ္။ ဒါက ကြၽန္ေတာ္တုိ႔ရဲ႕ Mission ေပါ့။ ကြၽန္ေတာ္တို႔က အဲကိုသြားဖုိ႔ကို လူငယ္ေတြကို စည္း႐ံုးေရးနည္းနဲ႔ ခ်ဥ္းကပ္ရတယ္။ လူငယ္ေတြကလည္း ဝါသနာပါတယ္။ သူတို႔ရဲ႕ Professional ေပါ့ မ်ားေသာအားျဖင့္ အႏုပညာလုပ္လုိက္ရင္ စားဝတ္ေနေရးအတြက္ကို သူတို႔ရဲ႕ Life Career က Crisis ေတြ ေတြ႕ႏိုင္တယ္။ ဒီလို အေတြးအေခၚမ်ိဳးေတြ ရွိေနတဲ့အတြက္ ကြၽန္ေတာ္တို႔ တကၠသိုလ္ေတြမွာက ၁၀ တန္းေအာင္ရင္ လက္ခံတယ္။ သုိ႔ေသာ္ လူငယ္ေတြကို ကြၽန္ေတာ္တို႔က Semi-Professional ျဖစ္ေအာင္ ကြၽန္ေတာ္တို႔က စာေတြ႕၊ လက္ေတြ႕ သင္ၾကားေပးရတယ္။ ကိုယ္တိုင္လည္း ေလ့လာရတယ္။ On-The-Job-Training ဒါမ်ိဳးေတြ သြားရတယ္။ ၄ ႏွစ္ ေက်ာင္းသားက ၿပီးသြားတဲ့အခါ သူသည္ Semi-Professional ျဖစ္လာတယ္။ အဲကေနသူဟာ Career On လုပ္မယ္ဆိုသူဟာ Professional အဆင့္ကုိ ေရာက္သြားႏုိင္တယ္။

ဒီေက်ာင္းတြင္း လႈပ္ရွားေနတဲ့ Activity ေလးေတြရွိရင္လည္း ေျပာျပေပးပါဦး။

ဒီလထဲမွာဆိုရင္ အာဆီယံတကၠသိုလ္မ်ား အားကစားၿပိဳင္ပြဲ ေနျပည္ေတာ္မွာ ျပဳလုပ္သြားတာ ဖြင့္ပြဲ၊ ပိတ္ပြဲမွာ အမ်ိဳးသားယဥ္ေက်းမႈ အႏုပညာတကၠသိုလ္က ေက်ာင္းသား၊ ေက်ာင္းသူေတြက တာဝန္ယူခဲ့ၾကတယ္။ ႏိုင္ငံေတာ္ကေပးအပ္တဲ့ တာဝန္ေတြရွိရင္ ကေလးေတြနဲ႔ ပူးေပါင္းၿပီးေတာ့ ျပဳလုပ္ပါတယ္။ ဒါက On The Job Training ပုံစံေပါ့ Semi Professional ျဖစ္ေအာင္ ေလ့က်င့္ေပးေနတာ ျဖစ္တဲ့အခ်ိန္မွာ ဒါေတြက သူတို႔ေလ့က်င့္ဖို႔အတြက္ Exporter ေတြ အမ်ားႀကီးရလာမယ္။ ေက်ာင္းၿပီးတဲ့အခ်ိန္မွာ သူတုိ႔အတြက္
အမ်ားႀကီး အေတြ႕အႀကံဳေတြ ရလာမယ္။ သူတို႔သည္ Professional ျဖစ္ဖုိ႔အတြက္က အမ်ားႀကီး အေထာက္အကူျဖစ္တယ္။

ေက်ာင္းအေနနဲ႔အျခား ျပည္တြင္း၊ ျပည္ပတကၠသိုလ္ေတြနဲ႔ Exchan Program ေတြ လုပ္ေနတာမ်ိဳးရွိပါသလား။ လုပ္သြားမယ့္ အစီအစဥ္ေတြရွိရင္ ေျပာျပေပးပါဦး။

ရွိပါတယ္။ အမ်ားႀကီးပါ။ ကိုရီးယား၊ တ႐ုတ္၊ ထုိင္းတို႔နဲ႔ MOU ထိုးထားတာရွိပါတယ္။ MOU ထိုးထားတဲ့ ရည္ရြယ္ခ်က္ကေတာ့ Teacher ေတြ Student ေတြ Exchange ေတြျပဳလုပ္မယ္။ Culture ေတြ Exchange လုပ္မယ္။ ေနာက္ၿပီးေတာ့ ယဥ္ေက်းမႈ အျပန္အလွန္ေစလႊတ္ၿပီး ဖလွယ္ၾကဖို႔ အဓိကရည္ရြယ္ခ်က္ႀကီး ၃ ခုနဲ႔ MOU ေတြ ထိုးထားတယ္။ အေရွ႕ေတာင္ အာရွမွာရွိတဲ့ အႏုပညာတကၠသိုလ္ေတြနဲ႔လည္း MOU ထိုးသြားဖို႔လည္း ရွိပါတယ္။ ဒီကေလးေတြ ဒီကေက်ာင္းၿပီးသြားရင္ ဟုိမွာဘြဲ႕လြန္သြားတက္လို႔ရတယ္။ သူတို႔ရဲ႕ အႏုပညာ Talent ေပၚမွာမူတည္ၿပီးေတာ့ ေက်ာင္းသား လက္ခံတာပါ။ လက္ရွိတက္ေနတာေတြလည္း ရွိတယ္။ တက္ၿပီးသားေက်ာင္း သားေတြလည္းရွိတယ္။ ဒီမွာလာၿပီးေတာ့ ႏိုင္ငံျခားက အႏုပညာနဲ႔ ပတ္သက္ၿပီး မဟာဘြဲ႕ေတြယူလာၿပီး ဆရာျပန္လုပ္ေနတဲ့ ပုဂၢိဳလ္ေတြလည္း အမ်ားႀကီး ရွိပါတယ္။ ကြၽန္ေတာ္တို႔နဲ႔ MOU ထိုးထားတဲ့ တကၠသိုလ္ေတြက ဒီကေက်ာင္းသားေတြရဲ႕ အႏုပညာ Talent သူတို႔ရဲ႕အႏုပညာ အရည္အေသြး ဘယ္ေလာက္ရွိလည္း ဥပမာ- ပန္းခ်ီ၊ ပန္းပု၊ ဂီတ၊ သဘင္ သူတို႔ဘယ္ေလာက္ထိ တတ္ကြၽမ္းခဲ့လဲဆိုတာသူတုိ႔ရဲ႕ အရည္အေသြးမွာ ေဖာ္ျပၿပီး သြားၿပီး အင္တာဗ်ဴး၀င္ရတယ္။ အဲမွာ သူတို႔ကို ႀကိဳက္တယ္ဆို သူတို႔ကို Master ေက်ာင္းသားအ ျဖစ္လက္ခံမွာ ျဖစ္ပါတယ္။

အခုလက္ရွိ ပညာေရးျပဳျပင္ေျပာင္းလဲမႈေတြအေပၚ ဆရာအေနနဲ႔ အျမင္ေလးကို ေျပာျပေပးပါဦး။

ဘယ္ပညာရပ္ပဲျဖစ္ျဖစ္ ရပ္လို႔မရဘူး။ နည္းပညာေရာ၊ ပညာရပ္ေတြေရာက ရပ္တန္႔လို႔မရဘူး။ ေန႔စဥ္နဲ႔အမွ် ေျပာင္းလဲေနတာအဲေတာ့ ဒီပညာရပ္ေတြကို အမီလိုက္ဖို႔အတြက္က နံပါတ္ ၁ အခ်က္က ေက်ာင္းသားေတြ တင္မဟုတ္ဘူး ဆရာေတြလည္း လိုအပ္တယ္။ ဆရာေတြအေနနဲ႔လည္း အၿမဲတမ္း Update ျဖစ္ေနရမယ္။ ကိုယ့္ကိုယ္ကိုေလ့လာရမယ္။ ကိုယ့္ကိုယ္ကို SelfAssitant လုပ္ေနရမယ္။ ဒါ အဓိကက်တယ္။ ဆရာေတြ ကလည္း အရည္အေသြးလည္း တက္ရမယ္။ ထိုနည္းတူစြာပဲ ေက်ာင္းသားေတြကလည္း အရည္အခ်င္းက တက္လာဖုိ႔အတြက္
အၿမဲမျပက္ ေလ့လာေနရမယ္။ ၿပီးဆုံးသြားတယ္ ဆိုတာေတာ့ မရွိဘူး။ ကိုယ့္ကိုယ္ကို အၿမဲႀကိဳးစားေနရမယ္။

ဆရာတုိ႔အေနနဲ႔ ျဖည့္စြက္ေျပာလိုတာရွိရင္ ေျပာျပေပးပါ။

အႏုပညာ ေလ့လာလိုတဲ့ ကေလးေတြ၊ Professional ျဖစ္လိုတဲ့ ကေလးေတြအေနနဲ႔ ေလ့လာၾကပါ။ ကာလရွည္ မတက္ႏိုင္ရင္ေတာင္ ကာလတိုတက္ၾကပါ။ ကိုယ္ဝါသနာပါရာကို ေလွ်ာက္လွမ္းၾကပါလို႔ လူငယ္ေတြကို ေျပာခ်င္ပါတယ္။

-ေဝေဝ

[ Unicode ]

အခုလက်ရှိ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှာ ဘယ်လိုပညာရပ်တွေကို အဓိကထားသင်ကြားနေလဲ သိပါရစေ။

ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နဲ့ ပြဇာတ်ဆိုပြီး ဌာနကြီး ၅ ခုခွဲပြီး သင်ကြားပေးနေပါတယ်။

အခုခေတ်မှာ မြန်မာ့အနုပညာထက် အဆို၊ အကပိုင်းမှာ နိုင်ငံခြားရေစီးကြောင်းတွေကို လူတွေပိုအလေးထားလာကြတဲ့အပေါ် ဘယ်လိုမြင်လဲ သိပါရစေ။

ဒီလို Globalization ခေတ်မှာမှ တိုးတက်တဲ့နိုင်ငံတွေဖြစ်တဲ့ အိမ်နီးချင်း နိုင်ငံတရုတ်တို့အပြင် အခြားနိုင်ငံတွေမှာလည်း ခေတ်ရေစီးကြောင်းဘက်ကို လူငယ်တွေ တော်တော် လိုက်လာကြတယ်။ ဂျပန်တို့၊ ကိုရီးယားတို့ တိုးတက်တဲ့ နိုင်ငံတွေမှာလည်း ဒီအတိုင်းပဲ ရိုးရာယဉ်ကျေးမှုဘက်ကို လူငယ်တော်တော်များများက POP, Rock တို့ ဘက်ကို လိုက်လာကြတယ်။ ကျွန်တော်တို့ ဒီနိုင်ငံကလည်း ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်တဲ့အတွက် သို့သော်ကျွန်တော်တို့ကျတော့ နှစ်ပိုင်းခွဲပြီးပြောရရင် လူငယ်တွေက အရှိန်အဟုန်နဲ့ စီးဆင်းနေတဲ့ ရေစီးလိုမျိုးသွားတားလို့ မရပါဘူး။ ရေစီးကိုသွားတားရင် မလိုလားအပ်တဲ့ တန်ပြန်သက်ရောက်မှုတွေ ဖြစ်လာမယ်။ အဲတော့ ကျွန်တော်တို့ လူငယ်တွေကို စည်းရုံးရေး နည်းလမ်းနဲ့ သွားရတယ်။ ငယ်ငယ်လေးထဲက ကျောင်းတွေမှာ မြန်မာ့ယဉ် ကျေးမှုဆိုတာဘာလဲ၊ ရိုးရာယဉ်ကျေးမှုကို တန်ဖိုးထားတက်ကြအောင်၊ ရိုးရာယဉ်ကျေးမှုကို ချစ်ခင်မြတ်နိုးထိန်းသိမ်း တတ်အောင် ငယ်ငယ်ထဲက awareness ပေးခဲ့တယ်။ လူငယ်တွေ သဘာဝအရ အဲဒါမျိုးကို သွားတားဆီးလို့မရဘူး။ ဒါကကျွန်တော်တို့ ဒီနိုင်ငံတစ်ခုထဲဖြစ်နေတာ မဟုတ်ဘူး။ Globalization မှာဖြစ်နေတာ အဲတော့ မြန်မာ့ရိုးရာယဉ်ကျေးမှုကို လူငယ်တွေက Appreciate ရှိရမယ်။ ကိုယ့်ယဉ်ကျေးမှုကို ကိုယ်တန်ဖိုးထား တတ်ရမယ်။ ထိုနည်းအတူစွာပဲ အခြားယဉ်ကျေးမှုကိုလည်း လက်ခံရမယ်။ နားလည်နိုင်ရမယ်။ အဲဒီနှစ်ခုကိုချိန်ပြီးသွားရမယ့် သဘောမှာရှိပါတယ်။

အခြား တက္ကသိုလ်ကျောင်းတွေလိုမျိုး ကာလတိုဒီ ပလိုမာတန်းတွေရော ဖွင့်ထားလား သိချင်ပါတယ်။

အခုဆို ဒီကျောင်းမှာကာလတို ဒီပလိုမာတန်းတွေစပြီး ပြုလုပ်လာပြီ။ အဓိက ဘွဲ့ကြိုဆို ၄ နှစ်တက်ရောက်ရတယ်။ ဘွဲ့လွန် Master အတွက်ဆို ၂ နှစ်တက်ရောက်ရတယ်။ အဲဒါက ကာလရှည်ပေါ့။ အချို့ လူငယ်တွေ အနုပညာကို ဝါသနာပါ တယ်။ သို့သော် သူတို့ရဲ့ Professional က အခြားဖြစ်နေတယ်။ ဒါပေမဲ့ အနုပညာကို ဝါသနာပါတော့ အဲဒါကို လေ့လာဆည်းပူးဖို့ သူတို့လေးတွေကို အခွင့်အရေးတစ်ခု ပေးရမယ်ထင်တဲ့အတွက် ကာလတို Diploma တွေ ဖွင့်လှစ် ပေးထားတာပါ။

အခုဖွင့်လှစ်ထားတဲ့ ကာလတိုဒီပလိုမာတွေက ဘာအတန်းတွေလဲ သိပါရစေ။

ဌာနကြီး ၅ ခုထဲမှ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင် နဲ့ပြဇာတ်ဆိုပြီး ဖွင့်နေပြီ။ ရုပ်ရှင်ဆိုလည်း ဓာတ်ပုံပညာတို့ ကင်မရာပညာတို့ကို ဒီပလိုမာဖွင့်နေပြီ။ အဲတော့ Level တက် သွားတာပေါ့။ Level 1, 2, 3 ဆိုပြီးပေါ့။ Level တစ်ခုကို ၃ လ၊ ၄ လ သွားပါတယ်။ Level ၃ ခုပြီးတာနဲ့ Diploma ကို ရရှိမှာဖြစ်ပါတယ်။

ဒီပလိုမာ သင်တန်းတွေနဲ့ ပတ်သက်ပြီးတော့ရော ပြောင်းလဲမှုတစ်စုံတစ်ရာ ရှိပါသလား။

အခုလောလောဆယ်တော့ ကျွန်တော်တို့ ကလေးတွေရဲ့လိုအပ်ချက် ကာလတို ဖြစ်တယ်။ ကာလတိုသင်တန်းတွေနဲ့ ပတ်သက်ပြီး လူငယ်တော်တော်များများ စိတ်​င်စားကြတယ်။ အဲတော့ ကျွန်တော်တို့မှာနံပါတ် ၁ အချက်ကဆရာ၊ ဆရာမအင်အား။ အဲတော့ အပြင်က ပညာရှင်တွေပါ ခေါ်ပြီးတော့ သင်ရမယ့် အနေထားဖြစ်နေတယ်။ ဒီတက္ကသိုလ်ရဲ့ ပင်မတာဝန်ဖြစ်တဲ့ ဘွဲ့ကြိုတွေရှိတယ်။ ဘွဲ့လွန်သင်တန်းတွေရှိမယ်။ ဒါတွေအပြင် ဒီပလိုမာနဲ့ အားဖြည့်ရတယ်။ အဲတော့ဆရာ၊ ဆရာမတွေ ပင်ပန်းကြတယ်။ တာဝန်တွေ ၃ ခုလောက် တစ်ပြိုင်နက်တည်း ထမ်းဆောင်ရတယ်။ နံပါတ် ၂ အချက်ကတော့ အထောက်အကူပြု ပစ္စည်းတွေ ဥပမာ- ကင်မရာဆိုလည်း Update ဖြစ်မယ့် ပစ္စည်းတွေ Editing နဲ့ပတ်သက်ရင်လည်း Post Production ဆို ရုပ်ရှင်နဲ့ပတ်သက်တဲ့ Software တွေဖြစ်ရမယ်။ ဒါမျိုးတွေ သင်ထောက်ကူ ပစ္စည်းအခက်အခဲတွေရှိတယ်။ ဒါကလည်း ကျွန်တော်တို့ ဘတ်ဂျက်နဲ့လိုက်ပြီး တစ်နှစ်နဲ့တစ်နှစ် ဖြည့်ဆည်းပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဒီနှစ်ပညာသင်နှစ်မှာ ဝင်ခွင့်၊ သင်ရိုးညွှန်းတမ်းတွေနဲ့ ပတ်သက်ပြီး ကျောင်းအနေနဲ့ ဘယ်လိုစိန်ခေါ်မှုတွေကြုံခဲ့လဲ။ ဘာတွေပြောင်းလဲခဲ့ပါသလဲ။

အဓိကကတော့ ကျွန်တော်တို့ တက္ကသိုလ်ကနံပါတ် ၁။ Reputation ကို ကျွန်တော်တို့ ကိုယ့်ဘာသာကိုယ် တည်ဆောက်ရတယ်။ နံပါတ် ၂။ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရမယ် ဆိုတဲ့ Concent ရှိတယ်။ ဒါက ကျွန်တော်တို့ရဲ့ Mission ပေါ့။ ကျွန်တော်တို့က အဲကိုသွားဖို့ကို လူငယ်တွေကို စည်းရုံးရေးနည်းနဲ့ ချဉ်းကပ်ရတယ်။ လူငယ်တွေကလည်း ဝါသနာပါတယ်။ သူတို့ရဲ့ Professional ပေါ့ များသောအားဖြင့် အနုပညာလုပ်လိုက်ရင် စားဝတ်နေရေးအတွက်ကို သူတို့ရဲ့ Life Career က Crisis တွေ တွေ့နိုင်တယ်။ ဒီလို အတွေးအခေါ်မျိုးတွေ ရှိနေတဲ့အတွက် ကျွန်တော်တို့ တက္ကသိုလ်တွေမှာက ၁၀ တန်းအောင်ရင် လက်ခံတယ်။ သို့သော် လူငယ်တွေကို ကျွန်တော်တို့က Semi-Professional ဖြစ်အောင် ကျွန်တော်တို့က စာတွေ့၊ လက်တွေ့ သင်ကြားပေးရတယ်။ ကိုယ်တိုင်လည်း လေ့လာရတယ်။ On-The-Job-Training ဒါမျိုးတွေ သွားရတယ်။ ၄ နှစ် ကျောင်းသားက ပြီးသွားတဲ့အခါ သူသည် Semi-Professional ဖြစ်လာတယ်။ အဲကနေသူဟာ Career On လုပ်မယ်ဆိုသူဟာ Professional အဆင့်ကို ရောက်သွားနိုင်တယ်။

ဒီကျောင်းတွင်း လှုပ်ရှားနေတဲ့ Activity လေးတွေရှိရင်လည်း ပြောပြပေးပါဦး။

ဒီလထဲမှာဆိုရင် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ နေပြည်တော်မှာ ပြုလုပ်သွားတာ ဖွင့်ပွဲ၊ ပိတ်ပွဲမှာ အမျိုးသားယဉ်ကျေးမှု အနုပညာတက္ကသိုလ်က ကျောင်းသား၊ ကျောင်းသူတွေက တာဝန်ယူခဲ့ကြတယ်။ နိုင်ငံတော်ကပေးအပ်တဲ့ တာဝန်တွေရှိရင် ကလေးတွေနဲ့ ပူးပေါင်းပြီးတော့ ပြုလုပ်ပါတယ်။ ဒါက On The Job Training ပုံစံပေါ့ Semi Professional ဖြစ်အောင် လေ့ကျင့်ပေးနေတာ ဖြစ်တဲ့အချိန်မှာ ဒါတွေက သူတို့လေ့ကျင့်ဖို့အတွက် Exporter တွေ အများကြီးရလာမယ်။ ကျောင်းပြီးတဲ့အချိန်မှာ သူတို့အတွက်
အများကြီး အတွေ့အကြံုတွေ ရလာမယ်။ သူတို့သည် Professional ဖြစ်ဖို့အတွက်က အများကြီး အထောက်အကူဖြစ်တယ်။

ကျောင်းအနေနဲ့အခြား ပြည်တွင်း၊ ပြည်ပတက္ကသိုလ်တွေနဲ့ Exchan Program တွေ လုပ်နေတာမျိုးရှိပါသလား။ လုပ်သွားမယ့် အစီအစဉ်တွေရှိရင် ပြောပြပေးပါဦး။

ရှိပါတယ်။ အများကြီးပါ။ ကိုရီးယား၊ တရုတ်၊ ထိုင်းတို့နဲ့ MOU ထိုးထားတာရှိပါတယ်။ MOU ထိုးထားတဲ့ ရည်ရွယ်ချက်ကတော့ Teacher တွေ Student တွေ Exchange တွေပြုလုပ်မယ်။ Culture တွေ Exchange လုပ်မယ်။ နောက်ပြီးတော့ ယဉ်ကျေးမှု အပြန်အလှန်စေလွှတ်ပြီး ဖလှယ်ကြဖို့ အဓိကရည်ရွယ်ချက်ကြီး ၃ ခုနဲ့ MOU တွေ ထိုးထားတယ်။ အရှေ့တောင် အာရှမှာရှိတဲ့ အနုပညာတက္ကသိုလ်တွေနဲ့လည်း MOU ထိုးသွားဖို့လည်း ရှိပါတယ်။ ဒီကလေးတွေ ဒီကကျောင်းပြီးသွားရင် ဟိုမှာဘွဲ့လွန်သွားတက်လို့ရတယ်။ သူတို့ရဲ့ အနုပညာ Talent ပေါ်မှာမူတည်ပြီးတော့ ကျောင်းသား လက်ခံတာပါ။ လက်ရှိတက်နေတာတွေလည်း ရှိတယ်။ တက်ပြီးသားကျောင်း သားတွေလည်းရှိတယ်။ ဒီမှာလာပြီးတော့ နိုင်ငံခြားက အနုပညာနဲ့ ပတ်သက်ပြီး မဟာဘွဲ့တွေယူလာပြီး ဆရာပြန်လုပ်နေတဲ့ ပုဂ္ဂိုလ်တွေလည်း အများကြီး ရှိပါတယ်။ ကျွန်တော်တို့နဲ့ MOU ထိုးထားတဲ့ တက္ကသိုလ်တွေက ဒီကကျောင်းသားတွေရဲ့ အနုပညာ Talent သူတို့ရဲ့အနုပညာ အရည်အသွေး ဘယ်လောက်ရှိလည်း ဥပမာ- ပန်းချီ၊ ပန်းပု၊ ဂီတ၊ သဘင် သူတို့ဘယ်လောက်ထိ တတ်ကျွမ်းခဲ့လဲဆိုတာသူတို့ရဲ့ အရည်အသွေးမှာ ဖော်ပြပြီး သွားပြီး အင်တာဗျူးဝင်ရတယ်။ အဲမှာ သူတို့ကို ကြိုက်တယ်ဆို သူတို့ကို Master ကျောင်းသားအ ဖြစ်လက်ခံမှာ ဖြစ်ပါတယ်။

အခုလက်ရှိ ပညာရေးပြုပြင်ပြောင်းလဲမှုတွေအပေါ် ဆရာအနေနဲ့ အမြင်လေးကို ပြောပြပေးပါဦး။

ဘယ်ပညာရပ်ပဲဖြစ်ဖြစ် ရပ်လို့မရဘူး။ နည်းပညာရော၊ ပညာရပ်တွေရောက ရပ်တန့်လို့မရဘူး။ နေ့စဉ်နဲ့အမျှ ပြောင်းလဲနေတာအဲတော့ ဒီပညာရပ်တွေကို အမီလိုက်ဖို့အတွက်က နံပါတ် ၁ အချက်က ကျောင်းသားတွေ တင်မဟုတ်ဘူး ဆရာတွေလည်း လိုအပ်တယ်။ ဆရာတွေအနေနဲ့လည်း အမြဲတမ်း Update ဖြစ်နေရမယ်။ ကိုယ့်ကိုယ်ကိုလေ့လာရမယ်။ ကိုယ့်ကိုယ်ကို SelfAssitant လုပ်နေရမယ်။ ဒါ အဓိကကျတယ်။ ဆရာတွေ ကလည်း အရည်အသွေးလည်း တက်ရမယ်။ ထိုနည်းတူစွာပဲ ကျောင်းသားတွေကလည်း အရည်အချင်းက တက်လာဖို့အတွက်
အမြဲမပြက် လေ့လာနေရမယ်။ ပြီးဆုံးသွားတယ် ဆိုတာတော့ မရှိဘူး။ ကိုယ့်ကိုယ်ကို အမြဲကြိုးစားနေရမယ်။

ဆရာတို့အနေနဲ့ ဖြည့်စွက်ပြောလိုတာရှိရင် ပြောပြပေးပါ။

အနုပညာ လေ့လာလိုတဲ့ ကလေးတွေ၊ Professional ဖြစ်လိုတဲ့ ကလေးတွေအနေနဲ့ လေ့လာကြပါ။ ကာလရှည် မတက်နိုင်ရင်တောင် ကာလတိုတက်ကြပါ။ ကိုယ်ဝါသနာပါရာကို လျှောက်လှမ်းကြပါလို့ လူငယ်တွေကို ပြောချင်ပါတယ်။