အမျိုးသားပို့ကုန် မဟာဗျူဟာ Stakholders’ Symposium နှင့် e-Commerce Payment Platform for Digital Economy အကြောင်း ဆွေးနွေးပွဲပြုလုပ်
[ Zawgyi ]
ယခင် အမျိုးသားပို့ကုန် မဟာဗျူဟာ (၂၀၁၅-၂၀၁၉) ကို ဂျာမနီနိုင်ငံအစိုးရရဲ့ ရန်ပုံငွေထောက်ပံ့မှု၊ နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာနရဲ့ နည်းပညာအကူအညီနဲ့ ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ ဦးစားပေးကဏ္ဍ ၇ ခုနဲ့ အထောက်အကူပြုကဏ္ဍ ၄ ခု စုစုပေါင်း ၁၁ ခုကို ရွေးချယ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။
-အောင်သက်ကို
[ Unicode ]
အမျိုးသားပို့ကုန် မဟာဗျူဟာ ဒီဇိုင်းရေးဆွဲမှုအား စတင်ဖွင့်လှစ်တဲ့ Stakholders’ Symposium နဲ့ eCommerce Payment Platform for Digital Economy အကြောင်းဆွေးနွေးပွဲကို ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဆွေးနွေးပွဲကို ပထမအကြိမ်မြောက် ပြုလုပ်ဖြင်းဖြစ်ပြီး အဖွင့်အမှာစကားကို နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့ပါတယ်။ “ယနေ့ခေတ်မှာ နိုင်ငံတော်ရဲ့ စီးပွားရေးလုပ်ငန်းတွေ နိုင်ငံတကာနဲ့အညီ ရင်ပေါင်တန်းဆောင်ရွက်နိုင်ဖို့အတွက် eCommerce အသုံးပြုပေးချေမှုစနစ်တွေ ထွန်းကားပြီး လုပ်ငန်းရှင်တိုင်းနဲ့ လူတိုင်းနီးပါး တွင်ကျယ်စွာအသုံးပြုနိုင်ဖို့ လိုုပါတယ်၊ ဒီဂျစ်တယ်စီးပွားရေးကဏ္ဍဟာလည်း အမျိုးသားပို့ကုန် မဟာဗျူဟာ (၂၀၂၀-၂၀၁၅) မှာ ကဏ္ဍသစ်တစ်ရပ် အနေနဲ့ ထည့်သွင်းထားတဲ့အတွက် လုပ်ငန်းစီမံချက်တွေ ချမှတ်ပြီး စနစ်တကျ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ဖို့လိုပါတယ်” လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားခဲ့ပါတယ်။
ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကနေ ပို့ကုန်ဖွံ့ဖြိုးမှုတွေ စဉ်ဆက်မပြတ်လုပ်နိုင်စေဖို့ အတွက် အမျိုးသားပို့ကုန် မဟာဗျူဟာ(၂၀၂၀-၂၀၂၅) ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ Stakholders’ Symposium မှာ အားလုံးရဲ့သဘောဆန္ဒတွေကို ရယူကာ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးနဲ့အတူ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာစေဖို့အတွက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
ယခင် အမျိုးသားပို့ကုန် မဟာဗျူဟာ (၂၀၁၅-၂၀၁၉) ကို ဂျာမနီနိုင်ငံအစိုးရရဲ့ ရန်ပုံငွေထောက်ပံ့မှု၊ နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာနရဲ့ နည်းပညာအကူအညီနဲ့ ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ ဦးစားပေးကဏ္ဍ ရ ခုနဲ့ အထောက်အကူပြုကဏ္ဍ ၄ ခု စုစုပေါင်း ၁၁ ခုကို ရွေးချယ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။