အမ္စတာဒမ္ Apple စတိုးတြင္ iPad ဘက္ထရီ ေပါက္ကြဲမႈ ျဖစ္ပြား

[ Zawgyi ]

နယ္သာလန္ႏိုင္ငံ၊ အမ္စတာဒမ္ၿမိဳ႕က Apple စတိုးမွာ iPad ဘက္ထရီေပါက္ကြဲၿပီး ေလထုထဲကို အႏၲရာယ္ရွိေစတဲ့ အရာဝတၳဳေတြ ပ်ံ႕ႏွံ႔ခဲ့တာေၾကာင့္ စတိုးကုိ ယာယီပိတ္လိုက္ပါတယ္။

Apple ဝန္ထမ္းေတြက iPad ဘက္ထရီေပါက္ကြဲမႈ ျဖစ္ပြားၿပီးတဲ့ေနာက္ ေပါက္ကြဲသြားတဲ့ ဘက္ထရီကို သဲေသတၱာထဲထည့္သြင္းၿပီး လုံၿခဳံေအာင္ ျပဳလုပ္ခဲ့တယ္လို႔ iCulture က ေဖာ္ျပခဲ့ပါတယ္။ iPad ေပါက္ကြဲမႈေၾကာင့္ မီးေလာင္တာ ဒါမွမဟုတ္ မီးခိုးထြက္တာေတြ မျဖစ္ခဲ့သလုိ ႀကီးမားတဲ့ ထိခုိက္မႈလညး္ မရွိခဲ့ပါဘူး။ ဒါေပမဲ့ ဝန္ထမ္း ၃ ဦးအေနနဲ႔ အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာ ျပႆနာျဖစ္ေပၚ ခဲ့တာေၾကာင့္ အေရးေပၚက်န္းမာေရး ဝန္ထမ္းေတြက ကုသေပးခဲ့ရပါတယ္။

iPad ဘက္ထရီေပါက္ကြဲမႈေၾကာင့္ ဓာတုေဗဒပစၥည္းေတြ ထြက္ရွိလာၿပီး မီးသတ္သမားေတြအေနနဲ႔ ဆုိင္ခန္းေနရာကုိ ေလဝင္ေလထြက္ေကာင္းေအာင္ ျပဳလုပ္ကာ အႏၲရာယ္ရွိ အခုိးအေငြ႔ေတြကို သန္႔စင္ေပးခဲ့ပါတယ္။

Apple အေနနဲ႔ ၿပီးခဲ့တဲ့လအနည္းငယ္ကလည္း အလားတူကိစၥမ်ိဳး ျဖစ္ေပၚခဲ့တာေၾကာင့္ iPhone ဘက္ထရီလဲလွယ္ေရး အစီအစဥ္ကုိ စတင္ခဲ့ပါတယ္။ iPhone ဘက္ထရီအတြင္းက အပူလြန္ကဲမႈ ျဖစ္ရပ္ေတြအၿပီး ဒီႏွစ္မွာ ဆြစ္ဇာလန္နဲ႔ စပိန္က Apple စတိုးေတြကုိလည္း ယာယီပိတ္ခဲ့ရပါေသးတယ္။ အခုျဖစ္ရပ္မွာေတာ့ ကံေကာင္းစြာနဲ႔ ထိခိုက္မႈ ႀကီးႀကီးမားမား မရွိခဲ့ေပမယ့္ Apple ဝန္ထမ္းေတြကေတာ့ အေသးစား မီးေလာင္ဒဏ္ရာရရိွခဲ့တယ္လို႔ သိရပါတယ္။

စိုးထက္
Ref: 9to5Mac

[ Unicode ]

နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့က Apple စတိုးမှာ iPad ဘက်ထရီပေါက်ကွဲပြီး လေထုထဲကို အန္တရာယ်ရှိစေတဲ့ အရာဝတ္ထုတွေ ပျံ့နှံ့ခဲ့တာကြောင့် စတိုးကို ယာယီပိတ်လိုက်ပါတယ်။

Apple ဝန်ထမ်းတွေက iPad ဘက်ထရီပေါက်ကွဲမှု ဖြစ်ပွားပြီးတဲ့နောက် ပေါက်ကွဲသွားတဲ့ ဘက်ထရီကို သဲသေတ္တာထဲထည့်သွင်းပြီး လုံခြုံအောင် ပြုလုပ်ခဲ့တယ်လို့ iCulture က ဖော်ပြခဲ့ပါတယ်။ iPad ပေါက်ကွဲမှုကြောင့် မီးလောင်တာ ဒါမှမဟုတ် မီးခိုးထွက်တာတွေ မဖြစ်ခဲ့သလို ကြီးမားတဲ့ ထိခိုက်မှုလညး် မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဝန်ထမ်း ၃ ဦးအနေနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာဖြစ်ပေါ် ခဲ့တာကြောင့် အရေးပေါ်ကျန်းမာရေး ဝန်ထမ်းတွေက ကုသပေးခဲ့ရပါတယ်။

iPad ဘက်ထရီပေါက်ကွဲမှုကြောင့် ဓာတုဗေဒပစ္စည်းတွေ ထွက်ရှိလာပြီး မီးသတ်သမားတွေအနေနဲ့ ဆိုင်ခန်းနေရာကို လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ကာ အန္တရာယ်ရှိ အခိုးအငွေ့တွေကို သန့်စင်ပေးခဲ့ပါတယ်။

Apple အနေနဲ့ ပြီးခဲ့တဲ့လအနည်းငယ်ကလည်း အလားတူကိစ္စမျိုး ဖြစ်ပေါ်ခဲ့တာကြောင့် iPhone ဘက်ထရီလဲလှယ်ရေး အစီအစဉ်ကို စတင်ခဲ့ပါတယ်။ iPhone ဘက်ထရီအတွင်းက အပူလွန်ကဲမှု ဖြစ်ရပ်တွေအပြီး ဒီနှစ်မှာ ဆွစ်ဇာလန်နဲ့ စပိန်က Apple စတိုးတွေကိုလည်း ယာယီပိတ်ခဲ့ရပါသေးတယ်။ အခုဖြစ်ရပ်မှာတော့ ကံကောင်းစွာနဲ့ ထိခိုက်မှု ကြီးကြီးမားမား မရှိခဲ့ပေမယ့် Apple ဝန်ထမ်းတွေကတော့ အသေးစား မီးလောင်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Ref: 9to5Mac