အနာဂတ္ iPhone ေတြမွာ အသုံးျပဳမယ့္ ကိုယ္ပုိင္ modem ကို Apple ဖန္တီးေန

[ Zawgyi ]

Apple ဟာ iPhone ေတြမွာ Qualcomm က ထုတ္လုပ္တဲ့ modem ေတြကိုပဲ သီးသန္႔အသုံးျပဳခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ Qualcomm နဲ႔ Intel ရဲ႕ modem ေတြကုိ ၅၀ ရာခုိင္ႏႈန္းစီ အသုံးျပဳသြားမွာ ျဖစ္ပါတယ္။ ဒီႏွစ္မွာ Apple ဟာ Intel နဲ႔ အထူးသီးသန္႔ပူးေပါင္းလုိက္ၿပီး ကုမၸဏီနဲ႔ တရားတေဘာင္ ရင္ဆုိင္ေနရစဥ္ အခ်ိန္အတြင္းမွာပဲ Qualcomm ကုိ ေဘးဖယ္ထုတ္လုိက္ပါတယ္။

အနာဂတ္မွာ Apple ဟာ iPhone ေတြအတြက္ CPU နဲ႔ GPU ေတြလုိပဲ ကိုယ္ပိုင္ moem ေတြကုိ ဖန္တီးလိုပါတယ္။ ဒါ့အျပင္ Apple ဟာ ကယ္လီဖိုးနီးယားျပည္နယ္၊ ဆန္ဒီေယဂိုၿမိဳ႕ အတြင္းမွာ အဲဒီလုပ္ငန္းနဲ႔ ပတ္သက္တဲ့ အလုပ္တစ္ခုကို ခန္႔အပ္ဖို႔ ေၾကညာထားပါတယ္။ ကုမၸဏီအေနနဲ႔ iPhone ေတြမွာ အသုံးျပဳဖို႔ ဆယ္လူလာ modem ခ်စ္ပ္ကို တည္ေဆာက္ဖုိ႔ စီမံကိန္းရွိတယ္လို႔ Apple အစီအစဥ္ေတြကုိ သိရွိသူတစ္ဦးက The Information ကုိေျပာခဲ့ပါတယ္။

ဒါေပမဲ့ အခုစီမံကိန္းက အေစာပိုင္းအဆင့္သာရွိေသးၿပီး ခ်စ္ပ္တစ္ခုကုိ တိုးတက္ေအာင္ ဖန္တီးဖို႔ဆိုရင္ ႐ႈပ္ေထြးတဲ့လုပ္ငန္းစဥ္ေတြ ပါဝင္လာပါတယ္။ iPhone တစ္လုံးအတြက္ ကုိယ္ပုိင္ modem ကုိ ဒီဇိုင္းထုတ္ဖို႔ဆိုရင္ ၃ ႏွစ္အထိ ၾကာျမင့္ႏိုင္ပါတယ္။ ဒါေၾကာင့္ Appple ရဲ႕ကိုယ္ပိုင္ modem ဟာ iPYhone အတြင္း၂၀၂၀ မွာ အေစာဆုံး ပါဝင္လာႏိုင္သလို အေနာက္အက်ဆုံးအျဖစ္ ၂၀၂၁ မွာ ပါဝင္လာႏိုင္ပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Apple ဟာ iPhone တွေမှာ Qualcomm က ထုတ်လုပ်တဲ့ modem တွေကိုပဲ သီးသန့်အသုံးပြုခဲ့ပြီး နောက်ပိုင်းမှာတော့ Qualcomm နဲ့ Intel ရဲ့ modem တွေကို ၅၀ ရာခိုင်နှုန်းစီ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ဒီနှစ်မှာ Apple ဟာ Intel နဲ့ အထူးသီးသန့်ပူးပေါင်းလိုက်ပြီး ကုမ္ပဏီနဲ့ တရားတဘောင် ရင်ဆိုင်နေရစဉ် အချိန်အတွင်းမှာပဲ Qualcomm ကို ဘေးဖယ်ထုတ်လိုက်ပါတယ်။

အနာဂတ်မှာ Apple ဟာ iPhone တွေအတွက် CPU နဲ့ GPU တွေလိုပဲ ကိုယ်ပိုင် moem တွေကို ဖန်တီးလိုပါတယ်။ ဒါ့အပြင် Apple ဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီယေဂိုမြို့ အတွင်းမှာ အဲဒီလုပ်ငန်းနဲ့ ပတ်သက်တဲ့ အလုပ်တစ်ခုကို ခန့်အပ်ဖို့ ကြေညာထားပါတယ်။ ကုမ္ပဏီအနေနဲ့ iPhone တွေမှာ အသုံးပြုဖို့ ဆယ်လူလာ modem ချစ်ပ်ကို တည်ဆောက်ဖို့ စီမံကိန်းရှိတယ်လို့ Apple အစီအစဉ်တွေကို သိရှိသူတစ်ဦးက The Information ကိုပြောခဲ့ပါတယ်။

ဒါပေမဲ့ အခုစီမံကိန်းက အစောပိုင်းအဆင့်သာရှိသေးပြီး ချစ်ပ်တစ်ခုကို တိုးတက်အောင် ဖန်တီးဖို့ဆိုရင် ရှုပ်ထွေးတဲ့လုပ်ငန်းစဉ်တွေ ပါဝင်လာပါတယ်။ iPhone တစ်လုံးအတွက် ကိုယ်ပိုင် modem ကို ဒီဇိုင်းထုတ်ဖို့ဆိုရင် ၃ နှစ်အထိ ကြာမြင့်နိုင်ပါတယ်။ ဒါကြောင့် Appple ရဲ့ကိုယ်ပိုင် modem ဟာ iPYhone အတွင်း၂၀၂၀ မှာ အစောဆုံး ပါဝင်လာနိုင်သလို အနောက်အကျဆုံးအဖြစ် ၂၀၂၁ မှာ ပါဝင်လာနိုင်ပါတယ်။

Ref: GSMArena