အနာဂတ္ဖုန္းမ်ားတြင္ in-screen ကင္မရာနဲ႔ fingerprint sensor ကို Samsung ထည့္သြင္းဖြယ္ရိွ

[Zawgyi]

Samsung ဟာ ကုမၸဏီရဲ႕ mobile display ေတြမွာ in-screen fingerprint sensor နဲ႔ ကင္မရာလိုမ်ိဳး feature ေတြကို ထည့္သြင္းသြားဖို႔ လုပ္ေဆာင္ေနပါတယ္။

Samsung ဟာ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က တီထြင္ဆန္းသစ္မႈ ေလးမ်ိုးကို 2018 OLED Forum မွာ တင္ဆက္ျပသခဲ့တယ္လို႔ mobile tipster ျဖစ္သူ Ice Universe က Twitter ေပၚမွာ ေရးသားခဲ့ပါတယ္။ အဲ့ဒီအထဲမွာ in-screen fingerprint sensor တစ္ခု၊ screen ထဲမွာ ထည့္သြင္းထားတဲ့ စပီကာတစ္ခု၊ screen ေပၚကေန ထြက္လာတဲ့ တုန္ခါစနစ္နဲ႔ under-panel sensor တစ္ခုတို႔ ပါဝင္ပါတယ္။ Under-panel sensor ဆိုတာဟာ Samsung က display အတြင္းဘက္မွာ front-facing ကင္မရာ ဒါမွမဟုတ္ iris scanner တစ္ခု ထည့္သြင္းေစႏိုင္မယ့္ feature ျဖစ္တယ္လို႔ Gizmodo က မွတ္ခ်က္ျပဳခဲ့ပါတယ္။

ဒီ feature ေတြကို Samsung ရဲ႕ ဘယ္ဖုန္းအမ်ိဳးအစားမွာ စတင္ေတြ႕ျမင္ရမလဲဆိုတာကိုေတာ့ မသိရေသးပါဘူး။

Ref: CNET

[Unicode]

Samsung ဟာ ကုမ္ပဏီရဲ့ mobile display တွေမှာ in-screen fingerprint sensor နဲ့ ကင်မရာလိုမျိုး feature တွေကို ထည့်သွင်းသွားဖို့ လုပ်ဆောင်နေပါတယ်။

Samsung ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က တီထွင်ဆန်းသစ်မှု လေးမျိုးကို 2018 OLED Forum မှာ တင်ဆက်ပြသခဲ့တယ်လို့ mobile tipster ဖြစ်သူ Ice Universe က Twitter ပေါ်မှာ ရေးသားခဲ့ပါတယ်။ အဲ့ဒီအထဲမှာ in-screen fingerprint sensor တစ်ခု၊ screen ထဲမှာ ထည့်သွင်းထားတဲ့ စပီကာတစ်ခု၊ screen ပေါ်ကနေ ထွက်လာတဲ့ တုန်ခါစနစ်နဲ့ under-panel sensor တစ်ခုတို့ ပါဝင်ပါတယ်။ Under-panel sensor ဆိုတာဟာ Samsung က display အတွင်းဘက်မှာ front-facing ကင်မရာ ဒါမှမဟုတ် iris scanner တစ်ခု ထည့်သွင်းစေနိုင်မယ့် feature ဖြစ်တယ်လို့ Gizmodo က မှတ်ချက်ပြုခဲ့ပါတယ်။

ဒီ feature တွေကို Samsung ရဲ့ ဘယ်ဖုန်းအမျိုးအစားမှာ စတင်တွေ့မြင်ရမလဲဆိုတာကိုတော့ မသိရသေးပါဘူး။

Ref: CNET