September 21, 2018

အထက္လႊတ္ေတာ္မွာ ၾကားနာခဲ့တဲ့ ဇူကာဘတ္ရဲ႕မွတ္စုေတြထဲမွာ Apple အေၾကာင္းပါဝင္လာ

[ Zawgyi ]

Facebook အမႈေဆာင္အရာရွိခ်ဳပ္ မာ့ခ္ဇူကာဘတ္ဟာ ပထမဆုံးအျဖစ္ လႊတ္ေတာ္တြင္း ၾကားနာမႈ ျပဳလုပ္ခံခဲ့ရၿပီး သုံးစြဲသူေတြရဲ႕ အခ်က္အလက္ကို ကုမၸဏီက ဘယ္လိုကိုင္တြယ္လဲဆုိတာ အေမရိကန္ အထက္လႊတ္ေတာ္အမတ္ေတြက ေမးခြန္းထုတ္ခဲ့ပါတယ္။ Associated Press သတင္းဌာနရဲ႕ ဓာတ္ပုံဆရာ အင္ဒီဟာနစ္ကေတာ့ ဇူကာဘတ္ရဲ႕ မွတ္စုေတြကုိ ဓာတ္ပုံ႐ိုက္ကူး မွတ္တမ္းတင္ထားပါတယ္။

ဥေရာပသမဂၢရဲ႕ အေထြေထြအခ်က္အလက္ကာကြယ္ေရး (GDPR) စည္းမ်ဥ္းေတြ က်င့္သုံးမႈနဲ႔ ပတ္သက္တဲ့ ေမးခြန္းကို မာ့ခ္ဇူကာဘတ္က “GDPR ကလိုအပတ္ အရာေတြအားလုံး လုပ္ၿပီးၿပီလို႔ မေျပာပါနဲ႔” မွတ္စုမွာ ေဖာ္ျပထားပါတယ္။

 

အဲဒီမွတ္စုထဲမွာ Facebook အေနနဲ႔ အလြန္အမင္း ႀကီးထြားေနတာေၾကာင့္ လုပ္ငန္းေတြ ကိုင္တြယ္ႏိုင္ဖို႔ ခြဲျခမ္းပစ္သင့္ေၾကာင္း စတ့ဲ အက်ပ္ေတြ႕စရာ ေမးခြန္းေတြအတြက္ အေျဖေတြကို ေတြ႕ရပါတယ္။ ေႀကာ္ျငာရွင္ေတြ ေရြးခ်ယ္စရာမရွိေအာင္ ေဈးကြက္အေပၚ လႊမ္းမိုးခ်ဳပ္ကုိင္မႈ အေပၚ ဦးလွည့္သြားခဲ့တယ္လို႔ အထက္လႊတ္ေတာ္အမတ္ေတြက ေျပာခဲ့ပါတယ္။ စိတ္ဝင္စားရာေကာင္းတာက မွတ္စုထဲမွာ Apple အေပၚျပဳလုပ္ခဲ့တဲ့ မွတ္ခ်က္လည္း ပါဝင္ေနပါတယ္။

“App ေတြအေနနဲ႔ Apple အခ်က္အလက္ အလြဲသုံးစားျပဳလုပ္ေနတဲ့ ဇာတ္လမ္းေတြမ်ားစြရွိေပမယ့္ Apple ကလူေတြကို သတိေပးတာ မေတြ႕ရဘူး” လို႔ မာ့ခ္ဇူကာဘတ္ကေျပာခဲ့ပါတယ္။

အဲဒီမွတ္ခ်က္က ၂၀၁၅ခုႏွစ္က ျဖစ္ပြားခဲ့တဲ့ အခ်က္အလက္ကို ရည္ညႊန္းေျပာၾကားတာျဖစ္ႏိုင္ပါတယ္။ အဲဒီတုန္းက jailbreak လုပ္ထားတဲ့ iOS ထုတ္ကုန္ေတြအေပၚ malware က်ေရာက္ခ်ိန္မွာ ဟက္ကာေတြက Apple account ရဲ႕အခ်က္အလက္ ၂၅၀,၀၀၀ ကိုခုိးယူခဲ့ပါတယ္။ ၿပီးခဲ့ႏွစ္က တ႐ုတ္ျပည္ကလူ ၂၂ဦး (အမ်ားစုက Apple နဲ႔စာခ်ဳပ္ခ်ဳပ္ဆိုထားတဲ့ ကုမၸဏီမွာ လုပ္ကိုင္ေန) အေနနဲ႔ Apple ဝယ္ယူသုံးစြဲသူ အမ်ားအျပားဆီက အခ်က္အလက္ေတြ ခိုးယူေရာင္းခ်ရာကေန ေဒၚလာာ ၇.၃သန္းရရွိခဲ့တာေၾကာင့္ ဖမ္းဆီးအေရးယူခဲ့ပါေသးတယ္။

အခုမွတ္စုဟာ စိတ္ဝင္စားစရာျဖစ္ၿပီး ဇူကာဘတ္နဲ႔ Apple အမႈေဆာင္အရာရွိခ်ဳပ္ တင္မ္ကြတ္ခ္အၾကား စကားစစ္ထိုးပြဲကုိ မီးေမာင္း ထိုးျပေနပါတယ္။

စိုးထက္
Ref: TheNextWeb

=================

[ Unicode ]

အထက်လွှတ်တော်မှာ ကြားနာခဲ့တဲ့ ဇူကာဘတ်ရဲ့မှတ်စုတွေထဲမှာ Apple အကြောင်းပါဝင်လာ

=================

Facebook အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်ဟာ ပထမဆုံးအဖြစ် လွှတ်တော်တွင်း ကြားနာမှု ပြုလုပ်ခံခဲ့ရပြီး သုံးစွဲသူတွေရဲ့ အချက်အလက်ကို ကုမ္ပဏီက ဘယ်လိုကိုင်တွယ်လဲဆိုတာ အမေရိကန် အထက်လွှတ်တော်အမတ်တွေက မေးခွန်းထုတ်ခဲ့ပါတယ်။ Associated Press သတင်းဌာနရဲ့ ဓာတ်ပုံဆရာ အင်ဒီဟာနစ်ကတော့ ဇူကာဘတ်ရဲ့ မှတ်စုတွေကို ဓာတ်ပုံရိုက်ကူး မှတ်တမ်းတင်ထားပါတယ်။

ဥရောပသမဂ္ဂရဲ့ အထွေထွေအချက်အလက်ကာကွယ်ရေး (GDPR) စည်းမျဉ်းတွေ ကျင့်သုံးမှုနဲ့ ပတ်သက်တဲ့ မေးခွန်းကို မာ့ခ်ဇူကာဘတ်က “GDPR ကလိုအပတ် အရာတွေအားလုံး လုပ်ပြီးပြီလို့ မပြောပါနဲ့” မှတ်စုမှာ ဖော်ပြထားပါတယ်။

အဲဒီမှတ်စုထဲမှာ Facebook အနေနဲ့ အလွန်အမင်း ကြီးထွားနေတာကြောင့် လုပ်ငန်းတွေ ကိုင်တွယ်နိုင်ဖို့ ခွဲခြမ်းပစ်သင့်ကြောင်း စတဲ့ အကျပ်တွေ့စရာ မေးခွန်းတွေအတွက် အဖြေတွေကို တွေ့ရပါတယ်။ ကြော်ငြာရှင်တွေ ရွေးချယ်စရာမရှိအောင် ဈေးကွက်အပေါ် လွှမ်းမိုးချုပ်ကိုင်မှု အပေါ် ဦးလှည့်သွားခဲ့တယ်လို့ အထက်လွှတ်တော်အမတ်တွေက ပြောခဲ့ပါတယ်။ စိတ်ဝင်စားရာကောင်းတာက မှတ်စုထဲမှာ Apple အပေါ်ပြုလုပ်ခဲ့တဲ့ မှတ်ချက်လည်း ပါဝင်နေပါတယ်။

“App တွေအနေနဲ့ Apple အချက်အလက် အလွဲသုံးစားပြုလုပ်နေတဲ့ ဇာတ်လမ်းတွေများစွရှိပေမယ့် Apple ကလူတွေကို သတိပေးတာ မတွေ့ရဘူး” လို့ မာ့ခ်ဇူကာဘတ်ကပြောခဲ့ပါတယ်။

အဲဒီမှတ်ချက်က ၂၀၁၅ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အချက်အလက်ကို ရည်ညွှန်းပြောကြားတာဖြစ်နိုင်ပါတယ်။ အဲဒီတုန်းက jailbreak လုပ်ထားတဲ့ iOS ထုတ်ကုန်တွေအပေါ် malware ကျရောက်ချိန်မှာ ဟက်ကာတွေက Apple account ရဲ့အချက်အလက် ၂၅၀,၀၀၀ ကိုခိုးယူခဲ့ပါတယ်။ ပြီးခဲ့နှစ်က တရုတ်ပြည်ကလူ ၂၂ဦး (အများစုက Apple နဲ့စာချုပ်ချုပ်ဆိုထားတဲ့ ကုမ္ပဏီမှာ လုပ်ကိုင်နေ) အနေနဲ့ Apple ဝယ်ယူသုံးစွဲသူ အများအပြားဆီက အချက်အလက်တွေ ခိုးယူရောင်းချရာကနေ ဒေါ်လာာ ရ.၃သန်းရရှိခဲ့တာကြောင့် ဖမ်းဆီးအရေးယူခဲ့ပါသေးတယ်။

အခုမှတ်စုဟာ စိတ်ဝင်စားစရာဖြစ်ပြီး ဇူကာဘတ်နဲ့ Apple အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်ခ်အကြား စကားစစ်ထိုးပွဲကို မီးမောင်း ထိုးပြနေပါတယ်။

စိုးထက်
Ref: TheNextWeb